ဧရာဝတီတိုင်းရှိ မြေ ၂၇ဝဝ ဧက ပေါ်တွင် တည်ဆောက်နေသော စက်မှုမြို့တော် စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
3051 ကြိမ် ကြည့်ရှု့ ပြီး

ဧရာဝတီတိုင်းရှိ မြေ ၂၇ဝဝ ဧက ပေါ်တွင် တည်ဆောက်နေသော စက်မှုမြို့တော် စီမံကိန်း

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

လူဦးရေ ၆သန်းခန့် နေထိုင်သော ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မီ စက်မှုမြို့တော် တစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်သည်။

ယင်းစက်မှုမြို့တော်သည် ပုသိမ်-ငပုတောအမြန်လမ်းပေါ်တွင်တည်ဆောက်နေခြင်းဖြစ်ပြီး ပုသိမ်မြို့မှ သွားရောက်ပါက အကွာအဝေးအနည်းငယ်သာကြာကြောင်း၊စီမံကိန်းကိုနိုင်ငံတကာအကြံပေးအဖွဲ့အစည်းများ၊နည်းပညာကုမ္ပဏီများ၊EIA/SIA အဖွဲ့များ ပူးပေါင်း၍ မြေ ၂၇ဝဝ ဧက ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းစက်မှုမြို့တော်တွင် စက်မှုဇုန်၊လူနေမှုအဆင့်မြင့်စေရန် လုံးချင်း နှင့် အထပ်မြင့်အိမ်ရာစီမံကိန်းများ၊ရုံးခန်းများပူးတွဲတည်ဆောက်သွားမည်ဖြစ်သည်။

ဆိပ်ကမ်းစီမံခန့်ခွဲရေးစနစ်ဆောင်ရွက်ထားပုံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ အား One Stop Service အနေဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

စက်မှုထုတ်ကုန်များအတွက် ရေအရင်းအမြစ်ဆိုင်ရာပံ့ပိုးနိုင်ရန် ရေချိုသန့်စင်သည့် စနစ်အပြင် ခေတ်မီနည်းပညာအသုံးပြု၍ စွန့်ပစ်ရေဆိုးများပြန်လည်သန့်စင်ပေးနိုင်မည့် စနစ်များကို ထည့်သွင်းတည်ဆောက်ရန်စီစဉ်ထားကြောင်းသိရသည်။

စက်မှုမြို့တော် စီမံကိန်းကြီးတစ်ခုလုံးအတွက် လျှပ်စစ်မီးဝန်ဆောင်မှုကို မဟာဓာတ်အားလိုင်းမှ တိုက်ရိုက်သွယ်တန်းပြီးကိုယ်ပိုင်လျှပ်စစ်ဓာတ်အားခွဲရုံမှပေးဝေးနိုင်မည် ဖြစ်သည်။

ယင်းအပြင်စက်မှုမြို့တော်တစ်ခုလုံးကို ခေတ်မီ လုံခြုံရေးစနစ်ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ကျန်းမာရေးအတွက် အဆင့်မြင့်ဆေးခန်း၊မီးဘေးအန္တရာယ်အတွက် မီးသတ်စခန်း၊ငွေကြေးဆိုင်ရာလုပ်ငန်းများအတွက်ဘဏ်လုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်မှုဆိုင်ရာဌာနများ၊ဈေးဝယ်စင်တာများ၊အပန်းဖြေဥယျာဉ်များကို နိုင်ငံတကာအဆင့်မီ ထည့်သွင်းတည်ဆောက်သွားမည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ်နှင့် ထိစပ်နေသည့် ဒေသဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စပါးထွက်ရှိမှုမှာ တစ်နိုင်ငံလုံး၏ ၃ဝ ရာခိုင်နှုန်းထွက်ရှိသော ဒေသဖြစ်သည်။ယင်းစက်မှုမြို့တော်တည်ဆောက်နေသော ပုသိမ်မြို့သည် ရန်ကုန်မြို့မှမော်တော်ယာဉ်ဖြင့် ၄နာရီ ခန့်အကွာတွင် တည်ရှိသည့်အတွက် သွားလာရေးလွယ်ကူလျင်မြန်သောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများစိတ်ဝင်စားလျက်ရှိသည်။


Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ဧပြီတွင် နောက်ဆုံးအကြိမ် သီးနှံနစ်နာကြေးပေးမည်
La La Land ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ အမေရိကန်သရုပ်ဆောင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိစံအိမ် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်တွင် အိမ်ငှားရန်အခန်းရှာနေသော ဂျပ်စတင်ဘီဘာနှင့် ဇနီး ဟိုင်လေ ဘော်လ်ဒွင်တို့ စုံတွဲ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူလိုက်ပြီ...
တံတား ၁ဝ စင်းထိုးလည်း ဒလ အိမ်၊ ခြံ၊ မြေဈေး ဆက်တက်နိုင်ခြေမရှိတော့ဟုဆို
Henderson Land အိမ်ခြံမြေကုမ္ပဏီကြီးကို တည်ထောင်သူ၊ ဟောင်ကောင်အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သူ လီရှောက်ကီက သားဖြစ်သူများအား ကုမ္ပဏီလွှဲပြောင်းပေးရန် စီစဉ်...
အိမ်ခြံမြေ ၀န်ဆောင်မှုဥပဒေကြမ်း ဘာလဲ
သစ်သားဖြင့် ဆောက်လုပ်ကြမည့် မိုးမျှော်တိုက်များ
ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရန် ဧရိယာ ငါးခု ပိုင်းခြားထားပြီး ဒဂုံမြို့သစ် လေးမြို့နယ် အပါအဝင် မြို့နယ် ၁၀ မြို့နယ်ကို လူနေသိပ်သည်းမှု မြှင့်တင်ရန် သတ်မှတ်...
ကန်တော်ကြီး ငါးပြတိုက်စီမံကိန်းကို ယခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားဟုဆို...
အမေရိကတွင် တန်ဖိုးနည်းအိမ်ရာအကျပ်အတည်း ဆိုးရွားနေချိန်တွင် ဒေါ်နယ်ထရမ့်က အိမ်ခြံမြေကဏ္ဍ အသုံးစရိတ် ဖြတ်တောက် လိုက်ပြန်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine