မြန်မာ-တရုတ် အထူးစီးပွားရေးဇုန်ကို ရွှေလီနှင့် မူဆယ်ကြားတွင် ပြုလုပ်မည်

မြန်မာ-တရုတ် အထူးစီးပွားရေးဇုန်ကို ရွှေလီနှင့် မူဆယ်ကြားတွင် ပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
24 May 2018 12:23 pm တွင် တင်ခဲ့သည်
3394 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ-တရုတ် နှစ်နိုင်ငံ အထူးစီးပွားရေးဇုန်ကို မူဆယ်နှင့် ရွှေလီကြားတွင် တည် ဆောက်မည်ဖြစ်ပြီး စက်မှုဇုန် ငါးခုစီပါဝင်မည်ဖြစ်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

နှစ်နိုင်ငံ အထူးစီးပွားရေးဇုန်တည်ထောင်ရန် နယ်စပ်တစ် လျှောက်ရှိ ငါးနေရာမှ စိစစ်ရွေးချယ်ခဲ့ကြောင်း ဒုဝန်ကြီးက ဆိုသည်။ ‘‘နယ်စပ်တစ်လျှောက်မှာ ဘယ်နေရာမှာ လုပ်ရင် အဆင်ပြေဆုံးဖြစ်မလဲ ဆိုပြီးတော့မှ လိုက် ကြည့်ပါတယ်။ နေရာငါးနေရာအ နက် ပထမဆုံးဖြစ်နိုင်ခြေရှိတာက တော့ ဟိုဘက်မှာ ရွှေလီပေါ့။ ဒီ ဘက်မှာက မူဆယ်ပေါ့လေ။ အဲဒီ အပိုင်းမှာ လုပ်ဖို့ဆိုပြီးတော့ လျာ ထားပါတယ်။ တစ်ဖက်ကလည်း ထူထောင်ဖို့အတွက် ဦးဆောင် ကော်မတီကိုလည်း ဖွဲ့စည်းပြီး ဖြစ်ပါတယ်’’ဟု ဦးအောင်ထူးက ပြောသည်။

ယခုစီမံကိန်းကို ၂၀၁၇ က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့သော OBORForum (ရပ်ဝန်းတစ်ခု လမ်း ကြောင်းတစ်ခု ဖိုရမ်) တွင် နှစ်နိုင် ငံပူးပေါင်းဆောင်ရွက်မှုအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒုဝန် ကြီးက ဆိုသည်။

နှစ်နိုင်ငံဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံ ရွှေလီနှင့် မြန်မာနိုင်ငံ မူဆယ်ဘက်ခြမ်းကို ခွ၍ Core Zone (ပင်မဇုန်)တစ်ခု စတင်တည်ထောင်မည်ဖြစ်ကြောင်း ဦးအောင်ထူးက ပြောသည်။

‘‘ဒီဇုန်နဲ့ပတ်သက်လို့တော့ ကွင်းဆင်း လေ့လာတဲ့အခါမှာ ရွှေလီဘက်က ကျယ်ဂေါင်၊ ကျွန် တော်တို့ဘက်က ဟိုဆောင် အဲဒီ နေရာမှာတော့ Core Zone လုပ် လို့ရပါတယ်။ ကျွန်တော်တို့ဘက် က ခြံစည်းရိုးကာတာတို့၊ ဘာတို့ လုပ်မယ်ဆိုရင်တော့ ဒီနှစ်အတွင်း မှာပဲ ပြီးသွားနိုင်တဲ့သဘောရှိပါ တယ်’’ဟု ဦးအောင်ထူးက ဆို သည်။

သို့သော်ယင်းနှင့် ဆက်စပ်ဇုန် များ တည်ဆောက်ရေးကိုမူ အနည်းငယ်အချိန်ပေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service