တစ်နှစ်တာအတွင်း နေအိမ်အလုံးပေါင်း ၃၅၀၀ ကျော် ရောင်းချပေးနိုင်ခဲ့ခြင်းဖြင့် ကမ္ဘာ့ပထမဆုံး ဂင်းနက်စ်စံချိန်တင်ခဲ့သည့် အမေရိကန်မှ အံ့အားသင့်ဖွယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦး

တစ်နှစ်တာအတွင်း နေအိမ်အလုံးပေါင်း ၃၅၀၀ ကျော် ရောင်းချပေးနိုင်ခဲ့ခြင်းဖြင့် ကမ္ဘာ့ပထမဆုံး ဂင်းနက်စ်စံချိန်တင်ခဲ့သည့် အမေရိကန်မှ အံ့အားသင့်ဖွယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦး - Property News in Myanmar from iMyanmarHouse.com
24 May 2018 12:18 pm တွင် တင်ခဲ့သည်
3287 ကြိမ် ကြည့်ရှု့ပြီး
ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းသည် ထူးခြားသာလွန်သည့်လုပ်ဆောင်ချက် အမျိုးအစားအားလုံးကို မှတ်တမ်းတင် အသိအမှတ်ပြုထားသည်။

သို့ရာတွင် ဂင်းနက်စ်စံချိန်မှတ်တမ်းစတင်တည်ထောင်သည်မှ ယနေ့အချိန်အထိ မည်သည့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ မှတ်တမ်းတင်ခံခဲ့ဖူးခြင်း မရှိသေးချေ။

အမေရိကန်ပြည်ထောင်စု၊ အက်ဒီဆင်မြို့ကလေးရှိ အိမ်ခြံမြေအကျိုးဆောင် ဘင် ကာဘယ်လာရို၏ စွမ်းဆောင်နိုင်ချက်မှာ ထူးကဲလှသောကြောင့် ဂင်းနက်စ်စံချိန်မှတ်တမ်းအဖွဲ့က အကောင်းဆုံးအိမ်ခြံမြေအကျိုးဆောင်အဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်လိုက်ပြီ ဖြစ်သည်။

အက်ဒီဆင်မြို့သည် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်ခရိုင်တွင် တည်ရှိပြီး ဒါးလက်မြို့၏ မြောက်ဘက်တွင် နီးကပ်စွာ တည်ရှိသည့် မြို့ကလေးဖြစ်သည်။

ကာဘယ်လာရိုသည် ၂၀၁၆ ခုနှစ်အတွင်း နေအိမ်ပေါင်း ၃၅၅၆ လုံးရောင်းချပေးနိုင်ခဲ့ရာ တစ်နေ့လျှင် ၁၀ လုံးနီးပါး ရောင်းချပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ငွေတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံဖိုးခန့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။မည်သို့မည်ပုံ ထိုသို့လုပ်ဆောင်နိုင်ခဲ့ပါသနည်း။

သူက အခြားသမားရိုးကျ အိမ်ခြံမြေအကျိုးဆောင်များကဲ့သို့ နေအိမ်များလိုက်လံပြသကာ အရောင်းအဝယ်ညှိနှိုင်းခြင်းမဟုတ်ဘဲ အိမ်ခြံမြေ developer ထံမှ exclusive ရောင်းချခွင့် ရယူထားခြင်းမျိုး ပြုလုပ်ခြင်းဖြစ်သည်။
ယင်းမှာ သူ၏လျှို့ဝှက်ချက် ဖြစ်သည်။

သူ၏အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း HomesUSA သည် multiple listing service ဝက်ဘ်ဆိုက်တွင် အချိန်နှင့် တပြေးညီ ကြော်ငြာများတင်ခြင်း၊ စုံစမ်းမေးခြင်းခြင်းများကို ချက်ခြင်းဖြေကြားခြင်းများ ပြုလုပ်လေ့ရှိသည်။

“ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဟာ စုံစမ်းလာမှုတွေကို အချိန်အတော်ကြာမှ ဖြေကြားနိုင်ကြတယ်။ ကျွန်တော်တို့ကတော့ ၁၀ မိနစ်အတွင်း ပြန်လည်ဖြေကြားနိုင်ပါတယ်” ဟု ကာဘယ်လာရိုက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service