စုပေါင်းအိမ်ရာနှင့် ကန်ထရိုက်တိုက်များတွင် မြေညီထပ်နေသူများ ကားပါကင်နေရာဦးထားခြင်းမှာ ဥပဒေနှင့်မညီဟုဆို

စုပေါင်းအိမ်ရာနှင့် ကန်ထရိုက်တိုက်များတွင် မြေညီထပ်နေသူများ ကားပါကင်နေရာဦးထားခြင်းမှာ ဥပဒေနှင့်မညီဟုဆို - Property News in Myanmar from iMyanmarHouse.com
24 May 2018 12:07 pm တွင် တင်ခဲ့သည်
14069 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ အများပြည်သူပိုင်လမ်းများပေါ်တွင် ခုံများချ၊ ကြိုးများတန်း၍ ကားပါကင်နေရာဦးထားခြင်းသည် ဥပဒေနှင့်မညီကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ YCDC အင်ဂျင်နီယာ (လမ်း/တံတား)ဌာန ဒုဌာနမှူးဦးစိုးသိန်းအောင် ပြောသည်။

''အိမ်ရှေ့မှာ ပန်းအိုးတွေချထားတာတို့၊ ကားရပ်နားဖို့နေရာ ပိတ်ဆို့ထားတာတို့က ပြည်သူပိုင်လမ်းတွေဖြစ်တဲ့အတွက် တရားမ၀င်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တဦးနဲ့တဦး စကားများတာတို့၊ တိုင်တာတို့ တော်တော်များများရှိနေကြတယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ဖြေရှင်းပေးနေရတာပဲ။ ဒါကို အုပ်ချုပ်ရေးပိုင်းက စနစ်တကျ ဆောင်ရွက်နိုင်မှ ဒီလိုကိစ္စတွေ လျော့နည်းသွားမယ်''ဟု ၎င်းကဆက် လက်ပြောသည်။

ယင်းသို့ ကားပါကင်နေရာဦးမှုများကို စည်ပင်မှ လိုက်လံရှင်းလင်းဆောင်ရွက်နေသော်လည်း လိုက်နာမှုအားနည်းကာ ဟိုတယ်များ၊ ဘဏ်များ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ စားသောက်ဆိုင်များ၊ စုပေါင်းအိမ်ရာများနှင့် ကန်ထရိုက်တိုက်များရှေ့တွင် ကားပါကင်နေရာဦးမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကင်းမြို့နယ်ရှိ အများပြည်သူ ကားရပ်နားရာလမ်းပေါ်တွင် ပန်းအိုးများချထားကာ ကားရပ်နားရန် ဖယ်ခိုင်းပါက ရပ်ကွက်မှ ရန်ရှာသည့်အထိ ပဋိပက္ခဖြစ်ပွားနေမှုများလည်းရှိကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ရပ်နားရန်နေရာများ ပြန်လည်သတ်မှတ်ကာ ကားပါကင်ကြေး စနစ်တကျ ကောက်ခံသွားရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဒေါ်နီလာကျော်က ပြောကြားထားသော်လည်း ယခုအချိန်ထိ ရန်ကုန်မြို့တွင် ကားပါကင်နေရာဦးမှုကိစ္စရပ်များ၊ ပါကင်ကြေးကောက်ခံမှုများကြောင့် စကားများ ခြင်း၊ ရန်ဖြစ်ခြင်းများရှိနေကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service