မသမာသော အိမ်ခြံမြေသက်သေခံစာရွက်စာတမ်းများ လိမ်လည်ရောင်းချမှုများဖြစ်ပေါ်နေ - Property News in Myanmar | iMyanmarHouse.com
မသမာသော အိမ်ခြံမြေသက်သေခံစာရွက်စာတမ်းများ လိမ်လည်ရောင်းချမှုများဖြစ်ပေါ်နေ - Property News in Myanmar from iMyanmarHouse.com
4097 ကြိမ် ကြည့်ရှု့ ပြီး

မသမာသော အိမ်ခြံမြေသက်သေခံစာရွက်စာတမ်းများ လိမ်လည်ရောင်းချမှုများဖြစ်ပေါ်နေ

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

မမှန်မကန် အိမ်ခြံမြေစာရွက်စာတမ်းများလိမ်လည်ရောင်းချမှုများရှိနေသောကြောင့် ဂရုစိုက်ရန် လိုအပ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကသတိပေးပြောကြားသည်။

အထူးသဖြင့် ပါမစ်အတု ဂရန် အတုများဖြင့် လိမ်လည်ရောင်းချမှုများ ဈေးကွက်အတွင်းများပြား လာသောကြောင့် အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ဆိုသည်။

ပါမစ် အတု ဂရန် အတုများသည့် အစစ်နှင့် ခွဲခြားရန် ခက်ခဲလာပြီး အိမ်ခြံမြေ ဝယ်ယူသူများအနေဖြင့် ကျွမ်းကျင်သူများနှင့် တိုင်ပင်စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်း တရားဥပဒေရှေ့နေ ဦးမြင့်မောင် ကပြောပြသည်။

ထို့ကြောင့် အရောင်းအဝယ်ပြုလုပ်နေစဉ် မသကာင်္သည့် သဘောဖြစ်လာပါက သက်ဆိုင်ရာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးမှုဦစီးဌာန ၊ စည်ပင်သာယာရုံးများတွင် သွားရောက်စစ်ဆေး သင့်ကြောင်း ၄င်းကဆိုသည်။

အိမ်ခြံမြေများ ဝယ်ယူသည့် အခါ အဆင့်လိုက်လုပ်ဆောင်ပြီးမှသာ လုပ်ဆောင်သင့်သော်လည်း အများစုက လွယ်ကူစွာ စနစ်တကျ စစ်ဆေးဝယ်ယူမှု မရှိကြကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

ယခုကဲ့သို့  ဂရန် အတု ပါမစ်အတုများကို လုပ်ဆောင်နေမှုများအပေါ်တိုင်တန်းမှုများမရှိသောကြောင့် ပိုမို ကြီးထွားလာခြင်းဖြစ်ကာ သက်ဆိုင်ရာမှ အချိန်မှီ ဖော်ထုတ်အရေးယူရန် လိုအပ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကွန်ဒိုဈေးကွက်ကို စီမံခန့်ခွဲရေးကော်မတီက အထောက်အကူ ပြုလာနိုင်မလား
မလေးရှားအစိုးရက လာမည့် (၁၀)နှစ်အတွင်း တန်ဖိုးသင့်လူနေခန်းပေါင်း တစ်သန်းခန့်အထိ ဆောက်လုပ်မည်...
စင်္ကာပူအိမ်ခြံမြေ developer ဖြစ်သော Oxley Holdings Ltd က စင်္ကာပူရှိ ဟိုတယ်များကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ရောင်းချရန် စီစဉ်...
၂၀၁၉ ခုနှစ်အတွင်း သြစတေးလျသည် ကမ္ဘာကျော်တွင် အိမ်ခြံမြေဈေးနှုန်း အကျဆင်းဆုံးနိုင်ငံဖြစ်လာမည်ဟုဆို...
မြန်မာ့ပထမဆုံး ရေအောက်ငါးပြတိုက်ကို လာမည့် ဧပြီလတွင် ဖွင့်လှစ်နိုင်တော့မည်
မှတ်ပုံတင်ရန် နောက်ကျသည့် ကုမ္ပဏီများ ဒဏ်ကြေး ဆောင်ရမည်
ပြည်ပသို့ ရွှေတင်ပို့ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိ မပို့နိုင်သေး
ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းပြန်လည်စတင်နိုင်ရန် အီတာလျံ−ထိုင်းကုမ္ပဏီကို မကြာမီ လုပ်ကိုင်ခွင့်ပေးမည်...
မဲပေါက်ထားသည့် တိုင်းအစိုးရအိမ်ရာ အခန်းပေါင်း ၇၀ဝ ကျော်နေထိုင်ခွင့်ကြန့်ကြာနေမှု ဂျပန်ချေးငွေ စောင့်ဆိုင်းနေရခြင်းကြောင့်ဟုဆို...
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ နေအိမ်အတွင်း လူတစ်ဦးဝင်လာကာ တစ်ညလုံးနေထိုင်သွားခြင်းကြောင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine