ပြည်တွင်းသို့ ရွှေတုံးများ တင်သွင်းရန် မြန်မာနှင့် ထိုင်းကုန်သည်များ ဆွေးနွေး

ပြည်တွင်းသို့ ရွှေတုံးများ တင်သွင်းရန် မြန်မာနှင့် ထိုင်းကုန်သည်များ ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
20 Apr 2018 10:32 am တွင် တင်ခဲ့သည်
5088 ကြိမ် ကြည့်ရှု့ပြီး
ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ရွှေတုံးများတင်သွင်းနိုင်ရန် မြန်မာနှင့် ထိုင်းနိုင်ငံဘက်မှ ရွှေကုန်သည်များဆွေးနွေးနေပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ပြီးပါက စတင်၍ တင်သွင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိတွင် တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက်များ ပိတ်ထားသဖြင့် ရွှေအထွက်နှုန်းမှာ လျော့ကျနေပြီး ပြည်တွင်းဈေးကွက်အတွက် မလုံလောက်သောကြောင့် ရွှေတုံးတန်ချိန် ရာဂဏန်းနီးပါးကို ဝယ်ယူမည်ဖြစ်ကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောကြားသည်။

“တရုတ်ဘက်ကလည်း သွင်းဖို့ပြောကြတယ်။ ဒါပေမဲ့ မြန်မာဘက်က ကုန်သည်တွေက ထိုင်းကရွှေတုံးကို ပိုပြီးဝယ်ချင်ကြတယ်။ အရည်အသွေးကျတော့ ထိုင်းဘက်ကပိုကောင်းတယ်။ တင်သွင်းတင်ပို့ဖို့ကို ဒီလထဲမှာပဲ ကုန်သည်တွေအချင်းချင်း ညှိနှိုင်းထားကြတာပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်ရွှေဈေးကွက်တွင် နေ့စဉ်ရွှေအရောင်းအဝယ်မှာ ပိဿာချိန် ၅၀ မှ ၂၀၀ ကြားရှိပြီး လတ်တလောတွင် ရွှေဈေးတက်နေသော်လည်း အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ ရွှေလုပ်ငန်းရှင်အများစုမှာ ရွှေဈေးကျဆင်းချိန်တွင် ပြည်ပမှ ရွှေသွင်းလိုပြီး ဈေးတက်ချိန်မှ တင်ပို့လိုကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။

“ရွှေက လုပ်ကွက်အသစ်တွေပေးမယ်၊ လုပ်ကွက်အဟောင်းတွေလည်း ပြန်ပေးမယ်ဆိုရင် သွင်းဖို့ကမလိုဘူး။ ပို့ဖို့ဈေးကွက်ကလည်းရှိတယ်ဆိုတော့ ဖက်စပ်လုပ်ငန်းတွေရောက်လာရင် ပိုပြီးတော့ ရွှေဈေးကွက်က ကောင်းသွားမှာ။ တင်သွင်းခွင့်ပေးလိုက်ပြီး လိုသလောက်ရနေတော့ အရင်တုန်းကလို ရွှေဈေးက အရမ်းတက်နေမှာ မဟုတ်တော့ဘူး”ဟု ရွှေလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောကြားသည်။

ရွှေတင်သွင်းခြင်းသည် ယခုအချိန်မှ တရားဝင်ဖြစ်လာခဲ့ပြီး ယခင်ကမူ အော်ဒါရွှေထည်များအတွက် တရုတ်ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ရွှေများတင်သွင်းခြင်းများရှိခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရွှေတင်ပို့တင်သွင်းခွင့်ကို ယခုနှစ်အစက ခွင့်ပြုမိန့်ပေးခဲ့သော်လည်း ဈေးကွက်အတွင်း တရားမဝင်ရောင်းဝယ်မှုများမရှိစေရန် ဈေးကွက်စောင့်ကြည့်ရေး အဖွဲ့ဖွဲ့ရန် စီစဉ်နေပြီး ယခုလကုန်တွင် ဖွဲ့နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service