စင်္ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရောင်းချခဲ့သည့် တောင်ကြီးမြို့ အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာ အထူးအရောင်းပြပွဲ - Property News in Myanmar | iMyanmarHouse.com
စင်္ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရောင်းချခဲ့သည့် တောင်ကြီးမြို့ အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာ အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
1254 ကြိမ် ကြည့်ရှု့ ပြီး

စင်္ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရောင်းချခဲ့သည့် တောင်ကြီးမြို့ အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာ အထူးအရောင်းပြပွဲ

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ တောင်ကြီးမြို့အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာ အရောင်းပြပွဲကို ၂၀၁၈ ခုနှစ် ဧပြီလ ၇ ရက် နှင့် ၈ ရက် နေ့များတွင် စင်္ကာပူနိုင်ငံ ၊ ပင်နီဆူလာပလာဇာ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အေးသာယာဥယျာဉ်အိမ်ရာစီမံကိန်းသည် အင်မတန်သာယာလှပသည့် နာမည်ကျော် အေးသာယာဝိုင်ခြံအနီးတွင် တည်ရှိသည်။

အဆိုပါပြပွဲရက် (၂) ရက်အတွင်း ပထမဆုံးဝယ်ယူသူ(၁၀)ဦးအတွက် သိန်း(၃၀) အထိ အထူးလျှော့ဈေးများ ၊ (၁) နှစ်မှ (၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဒီစီမံကိန်းက (၅၁)ဧက ကျယ်တဲ့ ဂရန်မြေပေါ်မှာ (၄) ခန်းတွဲ (၅)ထပ်တိုက် (၁၃၅)လုံး ပါဝင်မှာ ဖြစ်ပါတယ်။ လောလောဆယ် တိုက်အလုံးပေါင်း (၂၅)လုံးမှ အခန်းပေါင်း တစ်ရာကျော်ကို ဆောက်လုပ်ပြီးစီးနေပါပြီ။ ကျွန်တော်တို့ iMyanmarHouse.com က တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့ ရောင်းချပေးနေပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်ရင် ရန်ကုန်မြို့  မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ တည်ရှိတဲ့ iMyanmarHouse.com ရုံးခန်းမှာ လာရောက် စုံစမ်းဝယ်ယူနိုင်ပါတယ်။” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်တော်က ဒီမှာ အိမ်ရာအရောင်းပြပွဲရှိတယ်ဆိုတဲ့ အီးမေးလ်ရလို့ လာကြည့်လိုက်တာ။ ဒီအေးသာယာအိမ်ရာကို အဓိက Location လေးသဘောကျမိလို့ ဝယ်ဖြစ်သွားတာပါ။ Installment plan နဲ့ သွင်းနိုင်တယ်ဆိုတော့ ဝန်ထုတ်ဝန်ပိုး မဖြစ်ဘူးပေါ့။" ဟု အင်ဂျင်နီယာအလုပ်နဲ့ စင်္ကာပူတွင် နေထိုင်သည့် ဝယ်သူတစ်ဦးမှ မှတ်ချက်ပေးခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရောင်းချခဲ့သည့် တောင်ကြီးမြို့ အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာ အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရောင်းချခဲ့သည့် တောင်ကြီးမြို့ အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာ အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရောင်းချခဲ့သည့် တောင်ကြီးမြို့ အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာ အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရောင်းချခဲ့သည့် တောင်ကြီးမြို့ အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာ အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်မြို့သစ်က လက်ရှိအိမ်ခြံမြေဈေးကွက်ကိုရေတိုတွင် မသက်ရောက်နိုင်သေး
အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၆၀ ဘီလီယံအထိ သုံးစွဲကာ လေဆိပ်ပေါင်း ၂၀၀ ခန့်အထိ ဆောက်လုပ်ရန် စီစဉ်...
နာမည်ကျော် သြစတေးလျကြယ်ပွင့်များက မဲလ်ဘုန်းရှိ ၎င်းတို့၏ နေအိမ်များကို လာမည့်လတွင် တစ်နေ့တည်း၌ လေလံတင်ရောင်းချရန် စီစဉ်...
စင်္ကာပူတွင် Faber Garden ကို ယခုနှစ်အတွင်း စံချိန်တင်ဈေးနှုန်းဖြင့် အရောင်းဈေးကွက်တင်
သမ္မတ ကတိပြုသည့် ခရက်ဒစ်ဗျူရိုနှင့် ပြင်ဆင်ထားရန် လိုအပ်ချက်
ကမ္ဘာ့အမြင့်ဆုံးကွန်ဒို နယူးယောက်တွင် ပုံပေါ်လာတော့မည်
ပြည်တွင်းသို့ ရွှေတုံးများ တင်သွင်းရန် မြန်မာနှင့် ထိုင်းကုန်သည်များ ဆွေးနွေး
ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုနှုန်းအမြင့်ဆုံးအိမ်ဈေးကွက် ဘာလင် ဖြစ်လာ
သင်္ကြန်အပြီး မန်းအိမ်ခြံမြေ သိန်း ၁,ဝဝဝ အောက်များသာ အရောင်းအဝယ်ဖြစ်နိုင်
အဆောက်အအုံ၏ရှေ့၊ နောက်၊ ဘေး ဘယ်ညာ မြေချန်ထားရှိမှုများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine