ဘဏ်ချေးငွေ ရယူမယ်ဆိုရင်

ဘဏ်ချေးငွေ ရယူမယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
2 Apr 2018 12:34 pm တွင် တင်ခဲ့သည်
13984 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဘဏ်က ချေးငွေယူပါက ဦးစွာချေးယူရမယ့် ဘဏ်မှာ ဘဏ်ချေးငွေအတွက် သတ်မှတ်ပုံစံနဲ့ လျှောက်လွှာတင်ရမှာဖြစ်ပြီး သက်ဆိုင်ရာ ဘဏ်ချေးငွေ ဌာနက မန်နေဂျာကတစ်ဆင့် အဆင့်ဆင့် ဆောင်ရွက်ပြီး စာရွက်စာတမ်း ပြည့်စုံမှုနဲ့ လုပ်ငန်းပေါ်မူတည်ပြီး ဘဏ်ချေးငွေကို တစ်ပတ်အတွင်း ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဘဏ်ချေးငွေ ရယူလိုတဲ့ ယေဘုယျအခြေအနေကတော့ (၁)
ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်း (၂) ဘဏ်က အပေါင်ပစ္စည်းအနေနဲ့ ရယူထားရှိနိုင်မယ့် အချက်နှစ်ချက်ပြည့်စုံစွာ ပါရှိရမှာဖြစ်တယ်လို့ သိရပါတယ်။

+++ အာမခံပစ္စည်း +++

ဘဏ်ကငွေချေးမယ်ဆိုရင် သင့်လျော်ကောင်းမွန်တဲ့ ပစ္စည်းတစ်ခုခု တင်ပြရမှာ ဖြစ်တယ်။ အာမခံပစ္စည်း တန်ဖိုးရဲ့ (၃၀)ရာခိုင်နှုန်းခန့်ကိုသာ ချေးငွေအဖြစ် ထုတ်ပေးမှာ ဖြစ်ပါတယ်။ ရာခိုင်နှုန်း သတ်မှတ်တာကို ဘဏ်ရဲ့ရာဖြတ်နဲ့ ဘဏ်ရဲ့သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ကြတယ်လို့ သိရပါတယ်။

အာမခံပစ္စည်းအမျိုးအစားမှာ (၁) လူပုဂ္ဂိုလ်ဆိုင်ရာအာမခံ၊ (၂) မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းအာမခံ၊ (၃) ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းအာမခံတွေ ပါရှိရမှာဖြစ်ပါတယ်။ ဥပမာ- စိန်ရွှေရတနာ၊ မော်တော်ကား၊ စက်ပစ္စည်းစတဲ့ အာမခံပစ္စည်းတွေက ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေးမြို့နဲ့နိုင်ငံတော် သမ္မတက ပြန်တမ်းတွေ ကြော်ငြာပြီး သတ်မှတ်ထားတဲ့ မြို့တွေမှာရှိရင် ချေးငွေစာချုပ်အတွက် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ရပြီး ချေးငွေစာချုပ်ကို ဘဏ်မှသာ ချုပ်ဆိုကြရမှာ ဖြစ်ပါတယ်။

အကယ်၍ အာမခံပစ္စည်းမှာ အဲ့ဒီမြို့တွေမှာ မပါဝင်ရင် အာမခံပစ္စည်းတည်နေရာ၊ မြို့ရဲ့စာချုပ်စာတမ်း၊ မှတ်ပုံတင်ရုံးကိုသွားပြီး မှတ်ပုံတင်အရာရှိ ရှေ့မှောက်မှာ ငွေချေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချေးငွေ (၁၀၀)အပေါ် (၂)ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

အာမခံပစ္စည်းက ရန်ကုန်မြို့မှာ တည်ရှိခြင်းမဟုတ်ရင် အာမခံပစ္စည်းတည်နေရာမြို့ကို ဘဏ်ရာဖြတ်၊ ဘဏ်ရှေ့နေနဲ့ မီးအာမခံတို့ကို ခေါ်ရမှာ ဖြစ်ပါတယ်။ ၄င်းအတွက် အကြိုအပို့ တာဝန်ကို ငွေချေးသူတွေ တာဝန်ယူရပြီး ဘဏ်အနေအထားကိုလိုက်ပြီး ဘဏ်ရာဖြတ်ကိုသာ ခေါ်ဆိုကြခြင်းလည်း ရှိပါတယ်။

ဘဏ်ရှေ့နေခေါ်ခြင်းမှာ သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးနဲ့ မြေစာရင်းရုံးတွေမှာ
ကြည့်ရှုစစ်ဆေးရန်ဖြစ်ပြီး ဘဏ်ရာဖြတ်မှာ အာမခံပစ္စည်းတွေကို တန်ဖိုးသတ်မှတ်ပေးဖို့ဖြစ်ပြီး မီးအာမခံမှာ အာမခံအတွက် လုပ်ဆောင်ရန် ဖြစ်ပါတယ်။

+++ မြေနဲ့အိမ်အပေါင်ထားပြီး ငွေချေးယူခြင်းအတွက် တင်ပြရန် လိုအပ်ချက်များ +++

လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစား ဖြစ်ရမှာဖြစ်ပြီး မြေစာရင်းရုံးပုံစံ (၁၀၅၊ ၁၀၆)နဲ့ ၁(က)ရှိရမှာ ဖြစ်ပါတယ်။ မြေနဲ့မြေပေါ် အဆောက်အအုံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်၊ မြေပုံ၊ မြေရာဇဝင်၊ (၆)လအတွင်း ဆက်စပ်စာချုပ်တွေပါရှိရမှာ ဖြစ်ပါတယ်။

တရားဝင်လုပ်ကိုင်နေတဲ့ သက်တမ်းရှိလုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုက ရယူထားတဲ့ လုပ်ငန်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်း၊ ပုံစံ (၆/၂၆) အီး စည်ပင်သာယာမှာ လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက မိမိပိုင်အိမ်အတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်ယူရန်၊ ကုမ္ပဏီဖြစ်ရင် ဒါရိုက်တာ အဖွဲ့အစည်း
ဆုံးဖြတ်ချက်ရှိရမှာ ဖြစ်ပါတယ်။

လုပ်ငန်းနဲ့ပက်သက်တဲ့ နိုင်ငံတော်ကို ပေးဆောင်ထားတဲ့ အမြတ်ခွန်ပြေစာတွေ၊ ပြည်တွင်းအခွန်က အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာပါရှိရမှာ ဖြစ်ပါတယ်။ အာမခံအဆောက်အအုံနဲ့ လုပ်ငန်းအဆောက်အအုံတွေက
မှတ်ပုံတင်ဓာတ်ပုံ၊ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အရှုံးအမြတ်စာရင်း ပါရှိရမှာ ဖြစ်ပါတယ်။

အာမခံပစ္စည်းနဲ့ သက်ဆိုင်တဲ့ တစ်ခြားလိုအပ်တဲ့ စာရွက်စာတမ်းအပြည့်အစုံ၊ ဘဏ်မှာ အပေါင်ထားတဲ့ မြေနဲ့အိမ်ကို မိမိအမှန်တကယ် ပိုင်ဆိုင်ကြောင်း၊ လွှဲပြောင်းရောင်းချပေါင်နှံထားခြင်းမရှိကြောင်း တရာသူကြီးထံက ကျမ်းကျိန်လွှာပါရှိရမှာ ဖြစ်ပါတယ်။

တစ်ခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေ(စည်ပင်ခွန်၊ မြေခွန်၊ ပြေစာခွန်၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ သုံးစုံမှတ်ပုံတင်)၊ ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်၊
မှတ်ပုံတင်မိတ္တူပါရှိရမှာ ဖြစ်ပါတယ်။

အဆောက်အအုံမှာ အသစ်ဖြစ်ပါက ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် ဘီဘီစီ၊ ချေးငွေလျှောက်လွှာအမှုတွဲ တင်ရာမှာ ဘဏ်ရှေ့နေထောက်ခံချက်နဲ့ ရာဖြတ်အစီရင်ခံစာတို့ ပါရှိရမှာ ဖြစ်ပါတယ်။ ဘဏ်တစ်ခုနဲ့တစ်ခုမှာ ငွေချေးယူရန်လိုအပ်တဲ့ အထောက်အထား၊ ဘဏ်တိုးနဲ့ အချိန်ကာလတွေမှာ ကွဲလွဲနိုင်မှာ ဖြစ်ပါတယ်။


Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service