ဗီယက်နမ်ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာသန်း ၁၀၀ တန် စက်ရုံနှစ်ခုတည်ဆောက်ပြီး တံခါးပေါင်များ ထုတ်လုပ်မည်

ဗီယက်နမ်ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာသန်း ၁၀၀ တန် စက်ရုံနှစ်ခုတည်ဆောက်ပြီး တံခါးပေါင်များ ထုတ်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
19 Mar 2018 10:48 am တွင် တင်ခဲ့သည်
4825 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ်နိုင်ငံရှိ Eurowindow ကုမ္ပဏီက မြန်မာ နိုင်ငံတွင် ကန်ဒေါ်လာသန်း ၁၀၀ တန် စက်ရုံနှစ်ရုံဆောက်လုပ်ပြီး တံခါးပေါင်များ ထုတ်လုပ်မည် ဟု ယင်းကုမ္ပဏီအကြီးအကဲ Mr. Nguyen Canh Hong က ပြော သည်။

အဆိုပါကုမ္ပဏီ၏ ရှယ်ယာ အများစုကို ၂၀၁၆ တွင် ဂျပန် နိုင်ငံရှိ Bunka Shutter ဆောက် လုပ်ရေးကုမ္ပဏီက ဝယ်ယူပြီးနောက် မြန်မာနိုင်ငံကို လုပ်ငန်းချဲ့ ထွင်ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန်တွင် ဆောက်လုပ်မည့် Super Hotel စီမံကိန်းအတွက် သစ်သားတံခါး နှင့် အလူမီနီယံတံခါးများ ရောင်း ချရန် သဘောတူညီမှုရရှိခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဈေး ကွက်ကောင်းမွန်သဖြင့် စက်ရုံ ထူထောင်ရန် စီစဉ်ခဲ့ကြောင်း Mr.Nguyen Canh Hong က ဆက်လက်ပြောကြားသည်။

‘‘ဈေးကွက်တည်ဆောက်ပြီး ဈေးကွက်ရလာရင် စက်ရုံတည် ဆောက်သွားမယ်’’ဟု ၎င်းက ဆက်ပြောသည်။

ပထမဆုံး စက်ရုံကို ၂၀၁၉ တွင် ကန်ဒေါ်လာ ၁၅ သန်းမှ သန်း ၂၀ ကြား ကုန်ကျခံ၍ တည် ဆောက်ရန် စီစဉ်ထားပြီး ဒုတိယ မြောက်စက်ရုံကို ကန်ဒေါ်လာ သန်း ၈၀ ကျော်မှ သန်း ၁၀၀ကြား အသုံးပြုမည်ဟု အထက်ပါ ကုမ္ပဏီ အကြီးအကဲက ပြော သည်။ စက်ရုံတည်ဆောက်မည့် မြေနေရာကို စက်မှုဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးနေပြီး ရန်ကုန်တိုင်းအတွင်း တည်ဆောက်မည် ဟု ၎င်းကပြောသည်။ အဆိုပါ စက်ရုံများသည် တံခါးရွက်များ၊ တံခါးပေါင်များနှင့် အခြား ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်မည်ဖြစ် သည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ် ရေးကဏ္ဍသည် နှစ်စဉ် ပျမ်းမျှ၃၀ ရာခိုင်နှုန်း တိုးတက်လာခြင်း ကြောင့် ဗီယက်နမ်ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားခြင်းဖြစ်ကြောင်း ဗီယက်နမ်သံရုံး ကုန်သွယ်ရေးအတိုင် ပင်ခံပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ဗီယက်နမ်ကုမ္ပဏီ တွင် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီက ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး လာအိုနှင့် ကမ္ဘောဒီး ယားနိုင်ငံများသို့ ဈေးကွက်ချဲ့ ထွင်ရန် စီစဉ်ထားသည်။

Credit: 7Daydaily
ဗီယက်နမ်ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာသန်း ၁၀၀ တန် စက်ရုံနှစ်ခုတည်ဆောက်ပြီး တံခါးပေါင်များ ထုတ်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
ဗီယက်နမ်ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာသန်း ၁၀၀ တန် စက်ရုံနှစ်ခုတည်ဆောက်ပြီး တံခါးပေါင်များ ထုတ်လုပ်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service