ဆောက်လုပ်ဆဲနဲ့ ပြီးစီးနေပြီဖြစ်တဲ့ တိုက်ခန်းအချို့ရဲ့ အရစ်ကျစနစ်များ - Property News in Myanmar | iMyanmarHouse.com
ဆောက်လုပ်ဆဲနဲ့ ပြီးစီးနေပြီဖြစ်တဲ့ တိုက်ခန်းအချို့ရဲ့ အရစ်ကျစနစ်များ - Property News in Myanmar from iMyanmarHouse.com
5850 ကြိမ် ကြည့်ရှု့ ပြီး

ဆောက်လုပ်ဆဲနဲ့ ပြီးစီးနေပြီဖြစ်တဲ့ တိုက်ခန်းအချို့ရဲ့ အရစ်ကျစနစ်များ

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

ရန်ကုန်မြို့ရဲ့ ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျငွေပေးချေမှု ပုံစံကို Myanmar Builders Guide ကသိရပါတယ်။

+++ အမှတ် (၉၀၃) +++

အမှတ် (၉၀၃) ဗြဟ္မစိုရ် Apartment ကို ငွေပေးချေမှုစနစ်မှာ လစဉ် (၁၁)သိန်းကနေ (၁၈)သိန်း၊ (၅)နှစ်ကနေ (၈)နှစ်အထိ အရစ်ကျစနစ်နဲ့ စီဘီဘဏ်ကတစ်ဆင့် ပေးသွင်းရမှာဖြစ်ပြီး အတိုးနှုန်းမှာ (၁၃)ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။

အထပ်ပေါင်း (၈)ထပ်ရှိပြီး (၁)လွှာမှာ (၂)ခန်းပါဝင်ပါတယ်။ ပန့်ဟောက်(စ်) (၁)ခန်းပါဝင်ပြီး အခန်းအကျယ်အဝန်းမှာ (၁၉ပေx၅၄ပေ)၊ စတုရန်းပေ (၁၀၂၆) ဖြစ်ပါတယ်။ ပန့်ဟောက်(စ်)မှာ (၃၈ပေx၅၄ပေ)ဝန်းကျင် ကျယ်ဝန်းကြောင်း သိရပါတယ်။

အခန်းဈေးနှုန်းမှာ (၃)လွှာကို ကျပ်သိန်း (၁၁၅၀)၊ (၄)လွှာကို ကျပ်သိန်း (၁၁၅၀)၊ (၆)လွှာကို ကျပ်သိန်း (၁၀၀၀)၊ (၇)လွှာကို ကျပ်သိန်း (၁၀၀၀)နဲ့ ပန့်ဟောက်(စ်)ကို ကျပ်သိန်း (၁၅၀၀)ဖြစ်ကြောင်း သိရပါတယ်။ ပရောဂျက်ကို (၂၀၁၇)ခုနှစ်၊ မတ်လမှာစတင်ပြီး (၂၀၁၈)ခုနှစ်၊ မတ်လမှာ အခန်းအပ်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ပရောဂျက်ကို ST&T Architects က ဒီဇိုင်းဆွဲပြီး တက်သစ်နေဝန်းဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ်ပါတယ်။ Apartment မှာ အမှတ်(၉၀၃)၊ ဗြဟ္မစိုရ်လမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။

Precast RC Pile Foundation (၈)ယောက်စီး ဓာတ်လှေကား(၁)စီး၊ ကိုယ်ပိုင်မီတာ၊ အရန်မီးစက်၊ မီးသတ်စနစ်၊ အလိုအလျောက်ရေတင်စနစ် စတဲ့ facilities တွေ ပါဝင်ကြောင်း သိရပါတယ်။

+++ သုခရွှေပြည် +++

သုခရွှေပြည် Executive Apartment ကို ပထမအရစ်ကို ကျပ်သိန်း (၁၅၀)ပေးသွင်းပြီး ကျန်ငွေကို ဘဏ်နဲ့ချိတ်စရာမလိုဘဲ (၃)နှစ်ကနေ (၅)နှစ်အထိ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အခန်းတန်ဖိုးရဲ့ ငွေတစ်ဝက် (၅၀)ရာခိုင်နှုန်း လက်ငင်း ပေးချေဝယ်ယူပါက (၂၀)ရာခိုင်နှုန်း အထူး Discount ရရှိမှာ ဖြစ်ပါတယ်။ အခန်းတွေရဲ့အကျယ်အဝန်းမှာ (၁၇ပေx၅၂ပေ)၊ စတုရန်းပေ (၈၈၄)နဲ့ အမြင့် (၉)ပေရှိ အခန်းတွေ ဖြစ်ပါတယ်။

မူလဈေး သိန်း (၇၀၀)ကို ယခု သိန်း (၅၀၀)နဲ့ ဝယ်ယူနိုင်မယ့် အလွှာတွေမှာ (၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇)လွှာတွေဖြစ်ပြီး မူလဈေး ကျပ်သိန်း (၈၀၀)ကို ယခု သိန်း (၆၀၀)နဲ့ ဝယ်ယူနိုင်မယ့် အလွှာမှာ ပထမထပ်၊ ပန့်ဟောက်(စ်)၊ မူလ ကျပ်သိန်း (၁၂၀၀)ကို ယခု သိန်း (၁၀၀၀)နဲ့ ဝယ်နိုင်မယ့် အလွှာမှာ မြေညီထပ် ဖြစ်ပါတယ်။

ဘုရားခန်း၊ ဧည့်ခန်း၊ Master Bedroom (၁)ခန်း၊ Singel Bedroom (၁)ခန်း၊ ကြမ်းခင်းကြွေပြားခင်း၊ မီးဖိုခန်း Kitchen Counter , Kitchen Cabinet တပ်ဆင်၊ မီးဖိုခန်း၊ ထမင်းစားခန်း ကြမ်းခင်းကြွေပြားခင်း၊ အဆောက်အအုံအရေးပေါ် back up generator တပ်ဆင်၊ (၈)ယောက်စီး ဓာတ်လှေကား၊ (၂၄)နာရီ Security Service ၊ ဘေစင်၊ ဘိုထိုင်အိမ်သာ၊ ဝရံတာမှာ Landscape Area အဖြစ် အပင်ထည့်၊ မြက်ခင်းတု အလှဆင်ပေးပါတယ်။ ဥပဒေနဲ့အညီ ခိုင်မာစွာ စာချုပ်ချုပ်ပေးကြောင်း သိရပါတယ်။

ပရောဂျက်မှာ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလမှာ လူ တက်ရောက်နေနိုင်မှာဖြစ်ပြီး အမှတ် (၃၄၉)၊ သီလလမ်း၊ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။

ဝယ်ယူသူတွေအနေနဲ့ အရောင်းပြခန်းတည်ရှိတဲ့ အမှတ် (၂/ဘီ)၊ ဝန်မင်းလမ်း၊ (၁၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်ကိုလာရောက်ပြီး အဆောက်အအုံပုံစံတွေကို ကြည့်ရှုလေ့လာဝယ်ယူနိုင်ကြောင်း Yone Minn Development က သိရပါတယ်။

Credit: Myanmar Builders Guide

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြည်သူ့အိမ်ရာနှင့် ၀န်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် လာမည့် နှစ်နှစ်အတွင်း တည်ဆောက်မည်...
မန်းအိမ်ခြံမြေ အငှားဈေးကွက် ပိုမိုအလုပ်ဖြစ်နေ
၂၀၂၂ မကုန်မီ မြောက်အမေရိကထက် အာရှတွင် တစ်ပိုင်းတစ်စဘီလျံနာဦးရေ ပိုမိုများပြားလာမည်
ကွန်ဒိုဈေးကွက်မှာ အခန်းငယ်တွေကိုသာ လူကြိုက်များ
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက နယူးယောက်မြို့ ပန်းခြံရိပ်သာလမ်း လူနေခန်းကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်...
ဂျပန်နိုင်ငံ၊ တိုကျိုရှိ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ မကြာသေးမီကာလများ၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသို့ စံချိန်တင် ထိုးတက်...
အာရပ်စော်ဘွားများပြည်ထောင်စုတွင် အသက် ၅၅ နှစ်နှင့်အထက်ဖြစ်ပြီး နိုင်ငံအတွင်း ၅ နှစ်အလုပ်လုပ်ကိုင်ဖူးသူ နိုင်ငံခြားသားများကို အမြဲတမ်းနေထိုင်ခွင့်ပေးအပ်မည့်ဥပဒေ အတည်ပြုလိုက်ပြီ...
တစ်ဒေါ်လာ ၁,၆၃၀ ကျပ်၊ ရွှေတစ်ကျပ်သား ဆယ်သိန်းသုံးသောင်းကျော်ဖြင့် စံချိန်တင်
Knight Frank ၏ ကမ္ဘာ့အိမ်ဈေးညွှန်းကိန်းစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် မော်လ်တာ ဦးဆောင်
လာမည့် ၀ါကျွတ်ကာလတွင် အငှားနှုန်းထားများတက်လာဖွယ်မရှိကြောင်း အကျိုးဆောင်များသုံးသပ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine