တစ်ခါတုန်းက ဇနပုဒ်ကျေးရွာ အခုတော့လည်း လှိုင်သာယာမြို့ရဲ့ အချက်အချာနေရာ

တစ်ခါတုန်းက ဇနပုဒ်ကျေးရွာ အခုတော့လည်း လှိုင်သာယာမြို့ရဲ့ အချက်အချာနေရာ - Property News in Myanmar from iMyanmarHouse.com
21 Feb 2018 12:13 pm တွင် တင်ခဲ့သည်
3098 ကြိမ် ကြည့်ရှု့ပြီး
“ ဆရာရေ ကျွန်တော် ကိုဇော်ဟိန်း ”ပါ ဟုတ်ကဲ့ ဖုန်းထဲမှာ ခင်ဗျား အသံကြားလိုက်ကတည်းက မှတ်မိပြီးသာပါ ။ ဟုတ်လား..မင်္ဂလာပါဆရာ ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ အိမ်မှာရှိတယ်မဟုတ်လား “ ဟုတ်ကဲ့ရှိပါတယ် ”

“ ဒါဆိုရင် အတော်ပဲ ကျွန်တော်အခုပဲ ကားနဲ့ လာနေပြီဆရာ ခဏစောင့်ပေးပါ ” …ဟုပြောပြီး ဖုန်းပိတ်သွားသဖြင့် “ ကိုဇော်ဟိန်း တစ်ယောက် ဘာများအရေးကြီးကိစ္စရှိလိုလဲမသိဘူး ” ဟု တွေးနေစဉ်မှာပဲ အိမ်ရှေ့မှာ ကားနဲ့ ကိုဇော်ဟိန်းရောက်လာပါတယ်

စာရင်းကောက်ယူရေးနဲ့ ပြန်လည်နေရာချထားပေးရေးအဖွဲ့ကပေးတဲ့ စလစ်စာရွက်

“ ဆရာရေ… ကျွန်တော်ရဲ့ညီဖြစ်သူက လှိုင်သာယာမှာ မြေကွက်တစ်ကွက်ဝယ်ဖို့ပြီးခဲ့တဲ့ လက စရန်ငွေပေးထားခဲ့တယ်ဆရာ အဲဒါ ရောင်းတဲ့သူက မြေကွက်နဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေမိတ္တူတွေပေးလိုက်လို့ ကြည့်လိုက်တော့ ဂရန်လည်းမဟုတ်ဘူး ၊ မြေချပါမစ်လည်းမဟုတ်ဘူး ဖြစ်နေတယ် အဲဒါနားမလည်တာနဲ့ ဆရာဆီမှာလာပြတာပါ ရော့..ကြည့်ပေးပါဦးဆရာ ”ဟု ဆိုကာ မိတ္တူစာရွက် (၃)ရွက် ကို ပြပါတယ်။

ကျွန်ုပ်လည်း တစ်ရွက်ချင်းကြည့်လိုက်ပါတယ် ။စလစ်စာရွက်(၂)ရွက်နဲ့ လှိုင်သာယာမြို့နယ် အောင်မြေသာယာစေတီတော် တည်ဆောက်ရေးအလှူတော်ငွေရပြေစာ ဖြတ်ပိုင်းတို့ပဲဖြစ်ပါတယ် ။စလစ်စာရွက် တစ်ရွက်မှာတော့ (၁၃.၅.၉၈) နေ့ရက်စွဲနဲက လှိုင်သာယာမြို့နယ် ၊ စာရင်းကောက်ယူရေးနှင့်ပြန်လည်နေရာချထားရေး အဖွဲ့ ၊ စည်းတံဆိပ်အဝိုင်းရိုက်နှိပ်ပြီး မြေကွက်အမှတ် (၅) ကို တာဝန်ခံလက်မှတ်နဲ့ ချထားပေးတာတွေရပါတယ်။

လှိုင်သာယာစက်မှုဇုန်နဲ့နီးတဲ့ အတွင်းပဒံကျေးရွာ

နောက် ပြေစာတစ်ရွက်မှာတော့ မြေကွက်ရသူရဲ့ အမည်နဲ့သူရဲ့ (အဘ)အမည် ကိုရေးထားတာတွေ့ရပါတယ် ။အခြား ထွေထွေထူးထူးစာရွက်မပါရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်ုပ်က “ ကိုဇော်ဟိန်း ပြတဲ့ စလစ်စာရွက် (၂)ရွက်မှာ တစ်နေရာမှာ ချထားပေထားတယ်ဆိုတဲ့ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာနာမည် မပါပါလားဗျ ” လို့မေးတော့ “ အော်… ဟုတ်သားပဲ ၊ ဆရာကိုပြောဖို့မေ့သွားတယ် ၊ အခုဝယ်တဲ့နေရာက လှိုင်သာယာမြို့နယ် မပေါ်ခင်က အတွင်းမဒံကျေးရွာ ”လို့ခေါ်ပါတယ် ။ယခုလက်ရှိမှာတော့ လှိုင်သာယာစက်မှုဇုန်အနီးမှာရှိတဲ့ အတွင်းမဒံရပ်ကွက်ကြီး ဖြစ်သွားပါပြီ (ပေ ၂၀ x ပေ ၆၀) မြေကွက်တွေလိုက်ပြီး နေရာချထားပေးတယ် ။ဇုံအနီးမှာရှိတော့ စက်ရုံအလုပ်သမားတွေ ကအိမ်ငှါးပြီး နေထိုင်ကြတာများတယ် ။ဒါကြောင့် ဒီရပ်ကွက်က လူနေထူထပ်တယ် လေ (ပေ ၂၀ x ပေ ၆၀ ) မြေကွက်တစ်ကွက်ကို သိန်း ၁၇၀ ပေးရတယ်ဆရာ

ဒါပေမဲ့ အခြားရပ်ကွက်တွေမှာလို့ ဂရန်မြေငှါးစာချုပ်လည်းမဟုတ် ၊ မြေချပါမစ်လည်းမဟုတ်ပဲ ဒီဖြတ်ပိုင်းစာရွက်(၃)ရွက်ပဲ ရှိတော့ အထောက်အထားခိုင်မာမှုရှိပါ့မလား ၊ သိချင်လို့ ဆရာကို လာပြရတာပဲလို့ ’ ကိုဇော်ကြီးက လာရင်ကိစ္စပြောပါတယ်။

‘ အင်း……ကိုဇော်ဟိန်းပြတဲ့ ဖြတ်ပိုင်း (၃)ရွက်ရှိတဲ့ အထဲက တစ်ရွက်ကတော့ ဘုရားစေတီတော်အလှူခံဖြတ်ပိုင်းပါ မြေကွက်စလစ်တွေထုတ်ပေးတဲ့ အချိန်က တစ်ချက်ခုတ်နှစ်ချက်ဖြတ် ကုသိုလ်လည်းရအောင်ဆိုပြီး အလှူခံလိုက်တဲ့ သဘောပါ ။ကျန်တဲ့ (၂)ရွက်ကတော့် မြေချပါမစ်သွားထုတ်ယူရတဲ့အခါ ဒီစလစ်စာရွက် (၂)ရွက်ရယ် 4”-6” မိသာစုဓါတ်ပုံ (၃)ရယ် ၊ မြေကွက်ရသူရဲ့ မှတ်ပုံတင်မိတ္တူရယ် ၊ အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူရယ် တို့ကို ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (ယခင်အိုးအိမ်ရုံး) မှာသွားရောက်တင်ပြရင် မြေချပါမစ် ထုတ်ပေးပါတယ် ။အခုတော့ အဲဒီလိုတင်ပြခြင်းမပြုပဲ ၊ စလစ်စာရွက်ရတဲ့သူက ပြန်ရောင်းလို့ ဝယ်တာမဟုတ်လား ’ ‘ ဟုတ်ပါတယ်ဆရာ ’

မြေကွက်ချထားပေထားတာ မှန်မမှန် အိုးအိမ်ရုံးမှာ စုံစမ်းပါ

ဒါဆိုရင်တော့ ငွေအကျေချေမချေ သေးမီမှာ ရန်ကုန်မြို့ ၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌါန ကိုသွားပြီး အခုပြတဲ့ မြေတိုင်း ရပ်ကွက်မြေကွက် အမှတ် နဲ့ မြေကွက်ရသူရဲ့ အမည်တို့ကို ပြောပြပြီး အမည်ပေါက်မှန်ကန်မှုရှိမရှိ အရင်စုံစမ်းကြည့်ဖို့လိုပါတယ်။ အမည်ပေါက်မှန်တယ် ၊ မြေချပါမစ်လုပ်လို့ရတယ်လို့ သိရမှ အပြီးအပိုင်ငွေချေပါလို့ အကြံပေးလိုက်ပါတယ်။

အိမ်ခြံမြေဝယ်မယ်ဆိုရင် သတိရလျက်ပါ ဆရာကောင်းရာ

ဒီလိုနဲ့ ကိုဇော်ဟိန်း လည်းပြန်သွားပြီးနောက်ပိုင်း အိုအိမ်ဦးစီးဌါနမှာ သွားရောက်စုံစမ်းတဲ့အခါ အမည်ပေါက်မှန်ကန်ကြောင်းနဲ့ မြေချပါမစ် လုပ်လို့ရတဲ့ အကြောင်း သိခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိမျက်မြင်အတိုင်း စလစ်စာရွက် ကိုလက်ခံပြီး မပြီးဝယ်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ ကျွန်ုပ်ထံတစ်ခေါက်ရောက်လာပြန်ပါတယ် ။

အတွင်းပဒံရပ်ကွက် အကြောင်းဇာတ်စုံခင်းပြတဲ့ ပွဲစားကြီး

အတွင်းပဒံရပ်ကွက်လမ်းအတွင်းမှာရှိတဲ့ ရောင်းမယ့်မြေကွက်ရှေ့ရောက်တဲ့အခါ ရောင်းသူများနဲက အကျိုးဆောင်ပွဲစားကြီးက ဆီးကြိုနေပါတယ် ။ပွဲစားဆိုသူမှာ အတွင်းပဒံကျေးရွာမှာ ၁၉၉၀ ခုနှစ်ကတည်းက အခြေချနေထိုင်ခဲ့သူမို့ ကျေးရွာကနေ ရပ်ကွက်ကြီး အဖြစ်ပြောင်းလဲလာပုံ ၊ စည်ကားလာပုံနဲ့ ရပ်ကွက်မြေကွက်များ (၂၀’x၆၀’)ရိုက်ခဲ့ပုံ၊ စလစ်များ ချထားပေးပုံ ၊ စလစ်စာရွက်ရသူပိုင်ရှင်များမှ မြေချပါမစ် မပြုလုပ်ပဲ စာရင်းကောက်ယူရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့က ထုတ်ပေးခဲ့တဲ့ ဖြတ်ပိုင်းစာရွက်ကို သာကိုင်ထားပြီး အိမ်ဆောက်လုပ်နေထိုင်ကြတော့ ဒီနေ့အထိပဲ လို့ ပြောပြပါတယ်။

အမြတ်ရလို့ပြန်ရောင်းတဲ့ သူတွေကလည်း ပြန်လည်နေရာချထားရေးအဖွဲ့ ကပေးတဲ့ ဖြတ်ပိုင်းစာရွက် (၂)ရွက်နဲ့ အလှူတော်ငွေပြေစာဖြတ်ပိုင်းကိုပဲ ပြပြီးအဆင့်ဆင့်ရောင်းဝယ်နေကြတော့ ဒီနေ့အထိလိုပဲ လို့ သိရပါတယ်။

ဒီတော့ ဝယ်သာဝယ် ၊ စိတ်ချရတယ်လို့ အာမခံပေးပါတယ် ။ ဒါအပြင့် အတွင်းပဒံရပ်ကွက် ဖြစ်မြောက်ရေး အတွက်စာရင်းကောက်ယူရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့ ဖွဲ့စည်းစဉ်ကလည်း သူကိုယ်တိုင် ကျေးရွာ ရာအိမ်မှူးလုပ်ခဲ့တာ ဒီနေ့အထိပဲလို့ သိရတဲ့အတွက် ဒီဖြတ်ပိုင်းစာရွက်တွေအပေါ်မှာ ဘာမှ သံသယဖြစ်စရာမလိုတော့ပဲ ၊ အပြီးအပိုင်အရောင်းအဝယ် စာချုပ်ချုပ်ပြီး ငွေချေလိုက်ပါတော့တယ်။

ဒီနောက်မှာတော့ စလစ် စာရွက် (၂)ရွက်ကို ပြပြီး မြေချပါမစ် ရဖို့ အရေးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌါန (ယခင်-ရန်ကုန်မြို့၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဌါန ) သို့ အပြေးသွားရောက်ပြီး သက်ဆိုင်ရာဌါနမှာ လျှောက်ထားရယူပါတော့ လို့ ” ကို တိုက်တွန်းလိုက်ရပါတော့တယ် ။

“ အစစအရာရာအဆင်ပြေပါစေ ”

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service