စင်္ကာပူတွင် လူ ၂သောင်းက ပုဂ္ဂလိကနေအိမ် ၃ အိမ်မှ ၁၀ အိမ်အကြား ပိုင်ဆိုင် - Property News in Myanmar | iMyanmarHouse.com
စင်္ကာပူတွင် လူ ၂သောင်းက ပုဂ္ဂလိကနေအိမ် ၃ အိမ်မှ ၁၀ အိမ်အကြား ပိုင်ဆိုင် - Property News in Myanmar from iMyanmarHouse.com
4726 ကြိမ် ကြည့်ရှု့ ပြီး

စင်္ကာပူတွင် လူ ၂သောင်းက ပုဂ္ဂလိကနေအိမ် ၃ အိမ်မှ ၁၀ အိမ်အကြား ပိုင်ဆိုင်

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

စင်္ကာပူတွင် တစ်ဦးတစ်ယောက်တည်းအနေဖြင့် ပုဂ္ဂလိကနေအိမ် ၁၀ ခန်း ကျော် ပိုင်ဆိုင်သူဦးရေသည် အနည်းငယ်သာ ရှိကြောင်းကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စင်္ကာပူ၌ လက်ရှိတွင် လူ ၂၀၀ နီးပါးက ပုဂ္ဂလိကနေအိမ် ၁၀ အိမ်ကျော်စီ ပိုင်ဆိုင်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အဖြေလွှာတစ်စောင်အရ သိရသည်။

တစ်ဦးချင်း ပုဂ္ဂလိကနေအိမ်ခန်းပိုင်ဆိုင်မှုအရေအတွက်နှင့်ပတ်သက်၍ Ang Mo Kio GRC နယ်မြေ လွှတ်တော်ကိုယ်စားလှယ် Gan Thiam Poh ၏ မေးမြန်းချက်ကို ပြန်လည်တုံ့ပြန်သောအားဖြင့် ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"စင်္ကာပူတွင် နိုင်ငံခြားသားများ၊ အမြဲတမ်းနေထိုင်သူများနှင့် နိုင်ငံသားများ ၃၈၁,၀၀၀ ဦးခန့်က ပုဂ္ဂလိကနေအိမ် ၁ အိမ်စီကို ပိုင်ဆိုင်ကြသည်။ ၅၉,၀၀၀ ခန့်က နှစ်အိမ် ပိုင်ဆိုင်ပြီး ၂၀,၀၀၀ ခန့်က သုံးအိမ်မှ ဆယ်အိမ်အကြား ပိုင်ဆိုင်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပုဂ္ဂလိကနေအိမ်ပိုင်ဆိုင်သူများအနက် ၁၅ ရာခိုင်နှုန်းက HDB တိုက်ခန်းတစ်ခန်းကိုလည်း ပိုင်ဆိုင်ကြကြောင်းလည်း DBS Bank တွင် အကြီးတန်းဒုဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် Gan ၏ အခြားမေးခွန်းတစ်ခုကိုလည်း ၀န်ကြီးဌာနက တုံ့ပြန်ဖြေကြားထားသည်။

HDB တိုက်ခန်းဆိုသည်မှာ အိမ်ရာနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ Housing and Development Board (HDB) ၏ စီမံမှုအောက် ၉၉ နှစ်အတွက်သာ ယာယီအငှားချသော စင်္ကာပူပြည်သူ့အိမ်ရာများမှ တိုက်ခန်းများ ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဲပေါက်ထားသည့် တိုင်းအစိုးရအိမ်ရာ အခန်းပေါင်း ၇၀ဝ ကျော်နေထိုင်ခွင့်ကြန့်ကြာနေမှု ဂျပန်ချေးငွေ စောင့်ဆိုင်းနေရခြင်းကြောင့်ဟုဆို...
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ နေအိမ်အတွင်း လူတစ်ဦးဝင်လာကာ တစ်ညလုံးနေထိုင်သွားခြင်းကြောင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်လျက်ရှိ...
မုံရွာမြို့နန္ဒဝန် တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၄၄ဝ ဆောက်လုပ်ထားရာ တစ်နှစ်ကျော်အတွင်း ၂၇ ခန်းသာ ရောင်းထွက်...
အင်မလီဘလန့်နှင့် ခင်ပွန်း အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ ဂျွန်ကရာစင်စကီးတို့သည် နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၁ သန်းဖြင့် ဝယ်ယူ...
ပြည်တွင်းဘဏ်များအား သက်တမ်းသုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေ ထုတ်ချေးခြင်းကို ဗဟိုဘဏ်ခွင့်ပြု...
ဂျနီဖာလိုပက်ဇ်က နယူးယောက်ကွန်ဒိုခန်း၊ မန်ဟက်တန်ရှိ penthouse ခန်းနှင့် ကယ်လီဖိုးနီးယားရှိ ၈ ဧကကျယ်ဝန်းသော ခြံဝန်းနှင့် နေအိမ်များကို အရောင်းဈေးကွက်တင်...
ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှု ပြဿနာများဖြေရှင်းရန် အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းနှင့် မိုးပျံရထားလမ်းကို အကောင်အထည်ဖော်မည်...
ဂျပန်ကုမ္ပဏီ AEON က လက်လီလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်
စက်မှုလုပ်ငန်းများ အွန်လိုင်းမှမှတ်ပုံတင်နိုင်
အိမ်ရာစီမံကိန်းများအတွက် ချေးငွေကို ဘဏ်ချေးငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအထိ ထုတ်ချေးခွင့်ပြု ချေးငွေသက်တမ်း ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine