မြေကွက်လွတ်များတွင် အိမ်ဆောက်ရန် မြို့တော်စည်ပင် ထပ်မံသတိပေး - Property News in Myanmar | iMyanmarHouse.com
မြေကွက်လွတ်များတွင် အိမ်ဆောက်ရန် မြို့တော်စည်ပင် ထပ်မံသတိပေး - Property News in Myanmar from iMyanmarHouse.com
5632 ကြိမ် ကြည့်ရှု့ ပြီး

မြေကွက်လွတ်များတွင် အိမ်ဆောက်ရန် မြို့တော်စည်ပင် ထပ်မံသတိပေး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေကွက်လွတ်များတွင် အဆောက်အအုံဆောက်လုပ်ခြင်းနှင့် ခြံဝင်းခတ်ခြင်းတို့ ပြုလုပ်ကြရန် မြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးချက် ထပ်မံထုတ်ပြန်
လိုက်သည်။

မြေကွက်ပိုင်ဆိုင်ထားပြီး အဆောက်အအုံ မဆောက်သောကြောင့် စည်ပင်ဥပဒေ၊ နည်းဥပဒေများအတိုင်း အုတ်တံတိုင်းကာရံခွင့်၊ အဆောက်အအုံဆောက်လုပ်ခွင့်များ လျှောက်ထားကြရန် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ထပ်မံ
သတိပေးခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“အခုက သတ်မှတ်ထားတဲ့ကာလကလည်း နီးလာပြီ။ ဒါပေမဲ့ မြေကွက်လွတ်တွေ ရှိနေတုန်းပဲ။ အဲ့ဒါကြောင့် သတ်မှတ်ကာလကျော်လို့ အသိမ်းခံရတာမျိုးမဖြစ်အောင် မြေပိုင်ရှင်တွေကို ထပ်ပြီးသတိပေးတာ”ဟု ၎င်းက ပြောဆိုသည်။

မြေချထားမိန့်၊ မြေစလစ်မူရင်းများကို လက်ဝယ်ကိုင်ဆောင်ထားပြီး မြေငှားဂရန် လျှောက်ထားခြင်းမရှိသေးသူများအနေနှင့် မြေငှားဂရန် လျှောက်ထားကြရန်၊ လျှောက်ထားပြီးချိန်မှ ခြောက်လအတွင်း အုတ်တံတိုင်းကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားပြီး ကိုးလအတွင်း အပြီးဆောင်ရွက်ရန် မြို့တော်စည်ပင်က ညွှန်ကြားထားသည်။

ယင်းသို့ညွှန်ကြားချက်များကို သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ခြင်းမပြုပါက ချပေးထားသည့် မြေချထားမိန့်၊ မြေစလစ်နှင့် မြေငှားဂရန်တို့ကို ပယ်ချသွားမည်ဖြစ်ကာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိမြေ (အစိုးရမြေ) အဖြစ် ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါကြေညာချက်ကို လွန်ခဲ့သောငါးလခန့်က ပထမအကြိမ် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်အထိ မြေကွက်လွတ်များ ရှိနေသေးပြီး မြို့သစ်ပိုင်းတွင် အများဆုံးတွေ့ရကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

“စည်ပင်သာယာက ထုတ်ပြန်ချက်ကိုတွေ့တော့ အိမ်ဆောက်လိုက်တယ်။ ခြံဝင်းခတ်ထားလိုက်ရတယ်။ လုပ်ငန်းအတွက်တော့ ငွေကြေးအခက်အခဲ ဖြစ်သွားတာပေါ့။ ကောင်းတော့ကောင်းတယ်ဗျ။ စီးပွားဖြစ်ကျူးတွေက မြေကွက်လွတ်တွေမှာ ကျူးကျော်နေထိုင်ပြီး ငွေညှစ်တာမျိုးတွေရှိနေတယ်။ အခုတော့ ကိုယ့်မြေအသိမ်းမခံနိုင်တော့ ဆောက်ဖြစ်သွားတယ်”ဟု ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ မြေကွက်ပိုင်ရှင် ဦးမြင့်က ပြောကြားသည်။

မြေကွက်ရယူထားသူများအနေနှင့် အဆောက်အအုံဆောက်လုပ်ခြင်းမပြုဘဲ နှစ်ပေါင်းများစွာ ပစ်ထားသောကြောင့် ကျူးကျော်နေထိုင်သူများနှင့် မြေယာအငြင်းပွားမှုများရှိလာကြောင်း၊ အမှန်တကယ် မြေကွက်ပိုင်ဆိုင်သူများအနေနှင့် ခိုင်မာသည့် စာရွက်စာတမ်းများဖြင့် အဆောက်အအုံဆောက်လုပ်ရန်လိုအပ်ကြောင်း မြို့တော်စည်ပင်၏ သတိပေးစာအရ သိရသည်။

မြို့တော်စည်ပင်၏ သတိပေးစာအရ မြေငှားဂရန်လျှောက်ထားခြင်း၊ ဝင်းခြံခတ်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်းတို့ လုပ်ဆောင်ရန် သတ်မှတ်ထားသည့်ကာလသည် မေလ ၁၅ ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဲပေါက်ထားသည့် တိုင်းအစိုးရအိမ်ရာ အခန်းပေါင်း ၇၀ဝ ကျော်နေထိုင်ခွင့်ကြန့်ကြာနေမှု ဂျပန်ချေးငွေ စောင့်ဆိုင်းနေရခြင်းကြောင့်ဟုဆို...
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ နေအိမ်အတွင်း လူတစ်ဦးဝင်လာကာ တစ်ညလုံးနေထိုင်သွားခြင်းကြောင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်လျက်ရှိ...
မုံရွာမြို့နန္ဒဝန် တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၄၄ဝ ဆောက်လုပ်ထားရာ တစ်နှစ်ကျော်အတွင်း ၂၇ ခန်းသာ ရောင်းထွက်...
အင်မလီဘလန့်နှင့် ခင်ပွန်း အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ ဂျွန်ကရာစင်စကီးတို့သည် နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၁ သန်းဖြင့် ဝယ်ယူ...
ပြည်တွင်းဘဏ်များအား သက်တမ်းသုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေ ထုတ်ချေးခြင်းကို ဗဟိုဘဏ်ခွင့်ပြု...
ဂျနီဖာလိုပက်ဇ်က နယူးယောက်ကွန်ဒိုခန်း၊ မန်ဟက်တန်ရှိ penthouse ခန်းနှင့် ကယ်လီဖိုးနီးယားရှိ ၈ ဧကကျယ်ဝန်းသော ခြံဝန်းနှင့် နေအိမ်များကို အရောင်းဈေးကွက်တင်...
ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှု ပြဿနာများဖြေရှင်းရန် အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းနှင့် မိုးပျံရထားလမ်းကို အကောင်အထည်ဖော်မည်...
ဂျပန်ကုမ္ပဏီ AEON က လက်လီလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်
စက်မှုလုပ်ငန်းများ အွန်လိုင်းမှမှတ်ပုံတင်နိုင်
အိမ်ရာစီမံကိန်းများအတွက် ချေးငွေကို ဘဏ်ချေးငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအထိ ထုတ်ချေးခွင့်ပြု ချေးငွေသက်တမ်း ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine