အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက် ဈေးကွက်အပေါ်အကျိုးသက်ရောက်မှု နည်းပါး - Property News in Myanmar | iMyanmarHouse.com
အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက် ဈေးကွက်အပေါ်အကျိုးသက်ရောက်မှု နည်းပါး - Property News in Myanmar from iMyanmarHouse.com
2566 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက် ဈေးကွက်အပေါ်အကျိုးသက်ရောက်မှု နည်းပါး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အတည်ပြုထုတ်ပြန်ထားတဲ့ မန္တလေးမြို့တွင်း အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက်တွေဟာ အရောင်းအဝယ်ဈေးကွက်အပေါ်မှာ အကျိုးသက်ရောက်မှုနည်းပါးနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်အတွက် အခွန်ပေးဆောင်ရာမှာ ကျင့်သုံးနိုင်ဖို့ အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့နယ်တွေအလိုက် ဧရိယာသတ်မှတ်ပိုင်းခြားပြီး နှစ်စဉ် ထုတ်ပြန်ပေးလေ့ရှိပါတယ်။

ထုတ်ပြန်ရာမှာ တစ်ဧကအလိုက် စံနှုန်းသတ်မှတ်ချက်တွေအဖြစ် ထုတ်ပြန်တာဖြစ်ပါတယ်။

အိမ်ခြံမြေ ရာပြတ်တန်ဖိုးတွေကို သတ်မှတ်ထုတ်ပြန်ရာမှာ ဈေးကွက်အတွင်း လက်တွေ့ဖြစ်နေတဲ့ အိမ်ခြံမြေပေါက်ဈေးတွေနဲ့ မကိုက်ညီတာတွေရှိတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။ ၂ဝ၁၇−၁၈ စည်းကြပ်နှစ်အတွက် ရာပြတ်တန်ဖိုးနှုန်းထားသစ်တွေကို သြဂုတ်လက အသစ်ထပ်မံထုတ်ပြန်ရာမှာ ယခင်စည်းကြပ်နှစ်က သတ်မှတ်ချက်တန်ဖိုးတွေထက် ပျမ်းမျှ ၂ဝ ရာခိုင်နှုန်းခန့် လျှော့ချသတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုထုတ်ပြန်ရာမှာ အမြင့်ဆုံးဈေးနှုန်းတွေအဖြစ် ၈၄ လမ်းပေါ် (လမ်း ၃ဝ နဲ့ ၃၅ လမ်းကြား)နဲ့ ချမ်းအေးသာစံ အနောက်ရပ်ကွက် ၈၄ လမ်းပေါ် (၂၈ လမ်းနဲ့ လမ်း ၃ဝ ကြား)မှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ကာ တစ်ဧကကို ကျပ်သန်း ၁၇,၂၈ဝ မှ ၁၈,၇၂ဝ အတွင်း သတ်မှတ်ထားပါတယ်။

ထုတ်ပြန်ခဲ့ချိန်ကနေ ယနေ့အထိ သုံးလကျော်အတွင်း ရာပြတ်တန်ဖိုး သတ်မှတ်ချက်ကြောင့် ထူးခြားတဲ့ ဈေးကွက်အပြောင်းအလဲမျိုး မဖြစ်စေခဲ့သလို လာမယ့်နှစ်မှာလည်း အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်တာကာလကစပြီး ကြိုးကြား ကြိုးကြားသာ အရောင်းအဝယ်ဖြစ်နေတဲ့ အိမ်မြေဈေးကွက်ဟာ ယမန်နှစ်ဧပြီ ၁ ရက်က စတင် အကျိုးသက်ရောက်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ သတ်မှတ်ချက်အရ ပိုအေးစက်သွားခဲ့ရပါတယ်။

အိမ်ခြံမြေဈေးနှုန်းတွေ နှစ်တိုအတွင်း မြင့်မားခဲ့ပြီး ဝယ်လက်ပါးသွားတဲ့ နောက်မှာ အခွန်အကောက်ဥပဒေသစ်အရ အိမ်ခြံမြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက်ကနေ ကျပ်သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ခဲ့တာကြောင့် ကျပ်သိန်း ၃ဝဝ အထက် တန်ကြေးရှိအိမ်ခြံမြေတွေ သိသိသာသာ အရောင်းအဝယ် အေးသွားခဲ့ပြီး မဖြစ်မနေလိုအပ်မှသာ အရောင်းအဝယ်ဖြစ်တဲ့အနေအထားကို ရောက်နေပါတယ်။

အိမ်ခြံမြေ ရောင်းကြဝယ်ကြမယ့်သူတွေအတွက် ရာပြတ်တန်ဖိုးအပြောင်းအလဲကို စိတ်ဝင်းစားမှုမရှိဘဲ တန်ဖိုးမြင့်အိမ်ခြံမြေတွေ ရောင်းဝယ်ရာမှာ ပေးဆောင်ရမယ့် အခွန်နှုန်းထား သတ်မှတ်ချက်ကိုသာ စိတ်ဝင်စားမှုဖြစ်နေတယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ပါတယ်။

လက်ရှိအခွန်သတ်မှတ်ချက်ဟာ ယမန်နှစ်မတိုင်မီက သတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ကြည့်ရင် သိသိသာသာ ကွာနေပြန်ပါတယ်။

အိမ်ခြံမြေဈေးကွက်အတွင်း ငွေကြေးစီးဆင်းလည်ပတ်မှု မရှိသလောက် နည်းပါးနေတဲ့ အခုလိုအချိန်မှာ အခွန်နှုန်းထားကို ထိုက်သင့်သလို လျှော့ချပေးရင်တောင် တခြားစီးပွားရေးကဏ္ဍတွေ လည်ပတ်အားကောင်းမွန်မှ အိမ်ခြံမြေ ဈေးကွက်လည်း ပြန်လှုပ်ခတ်နိုင်လိမ့်မယ်လို့ အကျိုးဆောင်တချို့က သုံးသပ်ပါတယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်မြို့စွန် အိမ်ခြံမြေဈေးကွက် အငှားလိုက်
ကမ္ဘာတစ်လွှားရှိအလွန်ထူးဆန်းသော နေအိမ်များ ( ၂ )
ရန်ကုန်မိုးပျံလမ်းစီမံကိန်း အပိုင်း (၁)အတွက် ဆန်ခါတင်အရည်အသွေးပြည့်မီမှု လျှောက်လွှာတင်သွင်းရက် တိုးမြှင့်...
ဟန်ဂေရီတွင် လမ်းဘေးအိပ်စက်သည့် အိမ်ယာမဲ့များကို ဖယ်ရှားမည်ဖြစ်ပြီး အိမ်ယာမဲ့ အမိုးအကာများကို ဖျက်ဆီးတော့မည်...
ရခိုင်ပြည်နယ်တွင် Smart Village နှင့် Smart Market များဖော်ဆောင်မည်
စစ်တန်းလျားများ၊ မြေအောက်လှိုဏ်ခေါင်းများ ပါဝင်သည့် ကျွန်းကြီး ပေါင် ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
လော့စ်အိန်ဂျလိရှိ အိမ်ယာမဲ့များကို အိမ်ယာမဲ့စခန်းများ ဆောက်လုပ်ပေးရန် မြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ရာ ဒေသခံတို့၏ အပြင်းအထန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရ...
မန်းလေးတိုင်းအတွင်း (၅)လတာမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု (၁၁)ခု နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု (၅)ခု ခွင့်ပြု...
စစ်ကိုင်းမြို့ ရွှေမင်းဝံဈေးကို ကျပ်သိန်းတစ်သောင်းကျော် အကုန်အကျခံကာ နှစ်ထပ်ဈေးသစ်အဖြစ် ယခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရ...
ပုဇွန်တောင်မြို့နယ် အတွင်းရှိ နှစ်ပေါင်း ၆ဝ နီးပါးရှိသော ပြည်တော်သစ် အိမ်ရာနေရာတွင် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါစတင်ခေါ်ယူ၊ (၂)နှစ်အတွင်း အပြီးဆောက်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine