နေပြည်တော်မှာ တန်ဖိုးမြင့်အဆောက်အအုံ အငှားသွက်နေ

နေပြည်တော်မှာ တန်ဖိုးမြင့်အဆောက်အအုံ အငှားသွက်နေ - Property News in Myanmar from iMyanmarHouse.com
20 Oct 2017 12:00 pm တွင် တင်ခဲ့သည်
2910 ကြိမ် ကြည့်ရှု့ပြီး
အခုတစ်ပတ်နေပြည်တော်အိမ်ခြံမြေဈေးကွက်မှာ လုပ်ငန်းလုပ်ကိုင်လို
သူတွေကြောင့် တန်ဖိုးမြင့်အဆောက်အအုံအချို့အငှားသွက်နေပါတယ်။

အောင်ဆုပန်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဒေါ်အေးနန်းစိုးက ‘ အငှားသွက်တယ်၊ အရင် ၃၀၀,၀၀၀ ကျပ်ဝန်းကျင်တန်တွေကနေ အခုဆို ဈေးမြင့်တဲ့အဆောက်အအုံတွေပါ လိုက်လာနေတာ၊ သပြေကုန်းမှာပိုဖြစ်တယ် ’ လို့ပြောပါ
တယ်။

လက်ရှိတန်ဖိုးမြင့် အဆောက်အအုံတွေအငှားသွက်နေတဲ့နေရာတွေကတော့ ဥတ္တရသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်ရှိ သပြေကုန်းရပ်ကွက်တို့ဖြစ်တယ်။ လုပ်ငန်းလုပ်ဆောင်ဖို့အတွက် ငှားရမ်းကြတာများပါတယ်။ ကုမ္ပဏီဝန်ထမ်ေးတွအနေနဲ့ကတော့ ကျပ်တစ်သိန်းနဲ့ သုံးသိန်းဝန်းကျပ်ရှိအဆောက်အအုံတွေကို ပိုငှားကြတယ်လို့ သိရပါတယ်။

လူစည်ကားတဲ့ရွှေကြာပင်ဆိုင်မှာဆိုရင် လက်ရှိအချိန်အထိ အရောင်းအ၀ယ်ဈေးကွက်ထက် အငှားတွေပိုသွက်နေဆဲဖြစ်ပါတယ်။ ပျဉ်မနားမြို့နယ်နဲပပေါင်းလောင်ဘက်မှာတော့ အရောင်းရော၊ အငှားပါ သွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းအဖွဲ့ဝင် ဦးထွန်းထွန်းက ‘ အခုလောလောဆယ်ကတော့ နေပြည်တော်အိမ်ခြံမြေဈေးကွက်က အရောင်းလဲ သူ့ဟာသူ ပုံမှန်လိုက်နေတာပါပဲ၊ အငှားကတော့ ပိုသွက်တာပေါ့၊ ရွှေကြာပင်တို့ သပြေကုန်းတို့အပြင် တခြားနေရာတွေကလဲ အငှားတွေက သူ့အတန်းအစားနဲ့သူ ဖြစ်ပါတယ်’ လို့ပြောပါတယ်။

လက်ရှိနေပြည်တော်အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်မှာတော့ အကြမ်းထည်အဆောက်အအုံပါ မြေကွက်အချို့ အရောင်းအ၀ယ်ဖြစ်နေပါတယ် ။ ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၃၀၀ ၀န်းကျင်ကနေ သိန်း ၁၀၀၀ ၀န်းကျင်အထိ အရောင်းအ၀ယ်ဖြစ်ပါတယ်။ ၀ယ်ယူသူအများစုက ရန်ကုန်နဲ့ မန္တလေးက ပြောင်းရွှေ့လာကြသူတွေပါ။ လုပ်ငန်းလုပ်ဆောင်ဖို့ထက်နေထိုင်ဖို့ ၀ယ်ယူကြတာများပါတယ်။

သည်နှစ်ထဲမှာ နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်က ပြီးခဲ့တဲ့ဝါကျွတ်ကလာထက် အရောင်းရော အငှားပါ ပိုသွက်နေပါတယ်။ ဈေးနှုန်းတွေကလည်း အခြားမြို့ကြီးတွေထက် သင့်တင့်တဲ့ အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service