တရုတ်ပြည်မြို့တော် ပေကျင်းတွင် ဆောင်းဥတုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများမလုပ်ရန် ပိတ်ပင်ပြီးတစ်လအကြာ အခြားတစ်မြို့တွင်လည်း ထပ်မံပိတ်ပင်လိုက်ပြီ

တရုတ်ပြည်မြို့တော် ပေကျင်းတွင် ဆောင်းဥတုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများမလုပ်ရန် ပိတ်ပင်ပြီးတစ်လအကြာ အခြားတစ်မြို့တွင်လည်း ထပ်မံပိတ်ပင်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
20 Oct 2017 11:55 am တွင် တင်ခဲ့သည်
5366 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်၏ မြို့တော် ပေကျင်းတွင်လေထုညစ်ညမ်းမှု လျှော့ချရန် ရည်ရွယ်ကာ ဆောင်းဥတုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ မလုပ်ရန် ပိတ်ပင်ပြီးတစ်လအကြာ အခြားတစ်မြို့တွင်လည်း ထပ်မံပိတ်ပင်လိုက်ပြီဖြစ်သည်။

လူပေါင်း ၇ သန်းကျော်နေထိုင်သည့် တရုတ်ပြည် အရှေ့မြောက်ပိုင်း ရှန်ဒေါင်းပြည်နယ်၏ မြို့တော် ကျိနန်တွင် တားမြစ်မှု ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ကျိနန်မြို့တော်တွင် ယခုအခါ ဆောင်းဥတုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် အများစုရပ်ဆိုင်းရမည်ဖြစ်ပြီး အခြားထုတ်ပြန်ချက် မရှိသေးမီအထိ ရပ်ဆိုင်းထားရမည်ဟု ကျိနန်မြို့တော် မြို့ပြနှင့်ကျေးလက်ဆောက်လုပ်ရေးကော်မတီက အမိန့်ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံမြောက်ပိုင်းသည် ဆောင်းဥတုတွင် လေထုညစ်ညမ်းမှု ဆိုးရွားစွာကြုံတွေ့ရလျက်ရှိသည်။
ဆောင်းဥတုတွင် ယင်းဒေသရှိ လူနေအိမ်များသည် ကျောက်မီးသွေးသုံး အပူပေးစနစ်များ အသုံးပြုကြခြင်းကြောင့်လည်း ပါဝင်သည်။
အချို့ဆောက်လုပ်ရေးလုပ်ငန်းများသာ တားမြစ်ချက်မှ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။

ကျိနန်တွင် ဆောက်လုပ်ဆဲဖြစ်သော မြေအောက်ရထားလမ်းစီမံကိန်းမှာမူ တားမြစ်ချက်မှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။
ပြီးခဲ့သောလအတွင်းကလည်း တရုတ်နိုင်ငံ၊ ပေကျင်း- တိယန်ကျင်းနှင့် ဟီဘေဒေသတို့တွင် အပူပေးရန်အတွက် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကိုသာ အသုံးပြုရမည်ဖြစ်ပြီး ကျောက်မီးသွေးအသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။

တရုတ်နိုင်ငံမြောက်ပိုင်းဒေသအများစုတွင် နေအိမ်အပူဓာတ်ပေးရန်အတွက် အရည်အသွေးနိမ့်သော ကျောက်မီးသွေးများကိုသာ အသုံးပြုလျက်ရှိသေးပြီး အဆိုပါကျောက်မီးသွေးများမှာ ဈေးမကြီးသောကြောင့်ဖြစ်သည်ဟု ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်နိုင်ငံတွင် စွမ်းအင်အသုံးပြုမှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို ကျောက်မီးသွေးမှ ရယူကြရာ ကမ္ဘာပေါ်ရှိ ပျှမ်းမျှနှုန်းထက် မြင့်မားနေသည်။
တရုတ်နိုင်ငံမြောက်ပိုင်းတွင်မူ ၈၀ ရာခိုင်နှုန်းအထိ ရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်မြို့တော် ပေကျင်းတွင် ဆောင်းဥတုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများမလုပ်ရန် ပိတ်ပင်ပြီးတစ်လအကြာ အခြားတစ်မြို့တွင်လည်း ထပ်မံပိတ်ပင်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်မြို့တော် ပေကျင်းတွင် ဆောင်းဥတုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများမလုပ်ရန် ပိတ်ပင်ပြီးတစ်လအကြာ အခြားတစ်မြို့တွင်လည်း ထပ်မံပိတ်ပင်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service