ပီကာဆို၏ ပြင်သစ်နေအိမ် လေလံပွဲတွင် ရောင်းချပြီးဖြစ်သော်လည်း နယူးဇီလန်သူဌေးတစ်ဦးက ပြင်သစ်ဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဈေးပိုပေးကာ လေလံဆွဲ

ပီကာဆို၏ ပြင်သစ်နေအိမ် လေလံပွဲတွင် ရောင်းချပြီးဖြစ်သော်လည်း နယူးဇီလန်သူဌေးတစ်ဦးက ပြင်သစ်ဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဈေးပိုပေးကာ လေလံဆွဲ - Property News in Myanmar from iMyanmarHouse.com
19 Oct 2017 11:45 am တွင် တင်ခဲ့သည်
3053 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ပန်းချီဆရာကြီး ပါဘလို ပီကာဆို၏ ပြင်သစ်နိုင်ငံရှိနေအိမ်မှာ ပိုင်ရှင်သစ်တစ်ဦးလက်အတွင်း ရောက်ရှိသွားပြီဖြစ်သည်။
ဝယ်ယူလိုက်သူမှာ နယူးဇီလန်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ယူရို ၂၀ ဒသမ ၁၀ သန်းဖြင့် လေလံဆွဲဝယ်ယူလိုက်ခြင်းဖြစ်သည်။

လေလံပွဲတွင် နယူးဇီလန်လုပ်ငန်းရှင် ရာယို ဝီသာနေ့ခ်ျပေးခဲ့သည့် ယူရို ၂၀ ဒသမ ၁၀ သန်း (ကန်ဒေါ်လာ ၂၄ သန်း) ပမာဏကို ယှဉ်ပြိုင်နိုင်ခဲ့သူမရှိဘဲ လေလံအောင်ခဲ့ခြင်းဖြစ်သည်။

နေအိမ်တည်နေရာမှာပြင်သစ်နိုင်ငံ အရှေ့တောင်ဘက် French Riviera ဟု ခေါ်ဆိုကြသော မြေထဲပင်လယ်ကမ်းရိုးတန်းဒေသတွင် တည်ရှိသည်။
ပီကာဆိုသည် အဆိုပါနေအိမ်ကြီးတွင် ၁၉၆၁ ခုနှစ်မှ သူကွယ်လွန်ချိန် ၁၉၇၃ ခုနှစ်အထိ နေထိုင်ကာ သူ၏ကမ္ဘာကျော်လက်ရာအချို့ကို ယင်းနေအိမ်ကြီးတွင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီ ဖြစ်သည်။

ပီကာဆိုက နေအိမ်ကြီးကို ပြင်သစ်ဘာသာအားဖြင့် မာဒယ် နိုတာဒမ်း ဒဗြီး (Mas de Notre Dame de Vie) ဟု အမည်ပေးခဲ့ပြီး နေအိမ်ကို တဖြည်းဖြည်းချင်း ချဲ့ထွင်ဆောက်လုပ်မှုများ ပြုလုပ်သွားခဲ့သည်။
ပီကာဆိုကွယ်လွန်ပြီးနောက် ဇနီးဖြစ်သူ ဂျက်ကလင်း ရို့ခ်က ဆက်လက်နေထိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်သွားသည်။

ဂျက်ကလင်းသည် ပီကာဆိုပိုင်ဆိုင်သည့်ပစ္စည်းများကို ၎င်းထားရှိခဲ့သည့်အတိုင်း ဆက်လက်ထားရှိခဲ့ရာ ပီကာဆို၏ စာကြည့်မျက်မှန်သည်ပင် မူလထားခဲ့သည့်နေရာတွင်သာ ဆက်လက်ထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။
ပင်မနေအိမ်မှာ ကြမ်းခင်းဧရိယာ ၁၃၀၀၀ စတုရန်းပေရှိပြီး ခြံဝန်းအကျယ်မှာ ၈ ဧကခန့်ရှိသည်။

ခြံဝန်းအတွင်း တင်းနစ်ကွင်း၊ ရေကူးကန်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ဧည့်ဂေဟာ၊ ပန်းဥယျာဉ်တို့ပါဝင်ပြီး ပီကာဆို၏ မူရင်းလက်ရာမပျက် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

ယခုနှစ် ဇွန်လအတွင်း ပီကာဆို၏ နေအိမ်ကြီးကို လေလံပွဲတွင် ယူရို ၁၈ ဒသမ ၇၇၅ သန်း (ကန်ဒေါ်လာ ၂၂ ဒသမ ၂၁ သန်း) ဖြင့် လေလံအောင်မြင်ခဲ့ကြောင်း Residence365 မှ အိမ်ခြံမြေအကျိုးဆောင် ဟန်းစ် ဗန်ဟွေဆန်က ပြောကြားသည်။

ပြင်သစ်နိုင်ငံ၏ ဥပဒေအရ လေလံအောင်မြင်ပြီးသွားသော်လည်း လေလံပွဲကျင်းပပြီးနောက် ၁၄ ရက်အတွင်း မည်သူမဆို ထပ်မံယှဉ်ပြိုင်လေလံဆွဲနိုင်ကြောင်း ပြဌာန်းထားသည်။

ဒုတိယအကြိမ်လေလံဆွဲမှုတွင် ပထမအကြိမ်လေလံအောင်ခဲ့သည့်ဈေးနှုန်းထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း ပိုပေးရမည်ဖြစ်သည်။

အဆိုပါပြဌာန်းချက်မှာ ပီကာဆို၏ နေအိမ်လေလံတင်မှုတွင် ဖြစ်ပွားခဲ့ပြီး ၁၄ ရက်အတွင်း ယူရို ၂၁ ဒသမ ၁၀ သန်းဖြင့် ထပ်မံလေလံဆွဲမှု ပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ယခုအခါ ပီကာဆို၏ နေအိမ်မှာ မစ္စတာဝီသာနေ့ခ်ျထံသို့ တရားဝင်ရောင်းချပြီးဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။

မစ္စတာဝီသာနေ့ခ်ျသည် လေလံယှဉ်ပြိုင်စဉ်က နေအိမ်တန်ဖိုး ၁၀ ရာခိုင်နှုန်းကြိုတင်ပေးသွင်းခဲ့ပြီးဖြစ်ကာ ကျန်သည့် ၉၀ ရာခိုင်နှုန်းကို ၂ လအတွင်း ပေးချေရမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပီကာဆို၏ ပြင်သစ်နေအိမ် လေလံပွဲတွင် ရောင်းချပြီးဖြစ်သော်လည်း နယူးဇီလန်သူဌေးတစ်ဦးက ပြင်သစ်ဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဈေးပိုပေးကာ လေလံဆွဲ - Property News in Myanmar from iMyanmarHouse.com
ပီကာဆို၏ ပြင်သစ်နေအိမ် လေလံပွဲတွင် ရောင်းချပြီးဖြစ်သော်လည်း နယူးဇီလန်သူဌေးတစ်ဦးက ပြင်သစ်ဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဈေးပိုပေးကာ လေလံဆွဲ - Property News in Myanmar from iMyanmarHouse.com
ပီကာဆို၏ ပြင်သစ်နေအိမ် လေလံပွဲတွင် ရောင်းချပြီးဖြစ်သော်လည်း နယူးဇီလန်သူဌေးတစ်ဦးက ပြင်သစ်ဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဈေးပိုပေးကာ လေလံဆွဲ - Property News in Myanmar from iMyanmarHouse.com
ပီကာဆို၏ ပြင်သစ်နေအိမ် လေလံပွဲတွင် ရောင်းချပြီးဖြစ်သော်လည်း နယူးဇီလန်သူဌေးတစ်ဦးက ပြင်သစ်ဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဈေးပိုပေးကာ လေလံဆွဲ - Property News in Myanmar from iMyanmarHouse.com
ပီကာဆို၏ ပြင်သစ်နေအိမ် လေလံပွဲတွင် ရောင်းချပြီးဖြစ်သော်လည်း နယူးဇီလန်သူဌေးတစ်ဦးက ပြင်သစ်ဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဈေးပိုပေးကာ လေလံဆွဲ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု

taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service