ရခိုင်ပြည်နယ်အတွင်းရှိ မြိုတိုင်းရင်းသားများအတွက် နေအိမ်အဆောက်အအုံဆောက်လုပ်ပေးမည့် စီမံကိန်းစတင်ဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်းရှိ မြိုတိုင်းရင်းသားများအတွက် နေအိမ်အဆောက်အအုံဆောက်လုပ်ပေးမည့် စီမံကိန်းစတင်ဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
18 Oct 2017 11:33 am တွင် တင်ခဲ့သည်
5335 ကြိမ် ကြည့်ရှု့ပြီး
အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေအိမ်များ ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးသွားသည့် မောင်တောမြို့နယ်(မြောက်ပိုင်း)ရှိ မြိုတိုင်းရင်းသားများ နေထိုင်သည့် ခုံတိုင်ကျေးရွာကို နယ်စပ်ရေးရာဝန်ကြီး ဌာနမှ တည်ဆောက်ပေးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်သွားမည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခုံတိုင်ကျေးရွာမှ မြိုတိုင်းရင်းသားများ၏ နေအိမ်များ တည်ဆောက်ပေးရေးစီမံကိန်းကို အောက်တိုဘာ ၁၆ ရက်တွင် စတင် အကောင်အထည်ဖော်
ဆောင်ရွက်နေပြီဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ခုံတိုင်ကျေးရွာ ပြန်လည်တည် ဆောက်ပေးရာတွင် ဒေသခံတိုင်းရင်းသားများ၏ဆန္ဒနှင့်အညီ မီးလောင် ပျက်စီးသွားသည့် မူလခုံတိုင်ကျေးရွာနေရာအစား မောင်တော-ဗန္ဓုလ လမ်းဘေး ပဒကားချောင်းဆုံ ခန့်မှန်းမြေပုံ အညွှန့်း -၃ဝ၉၄ဝ၂ တွင် စနစ်တကျ အကွက်ချဆောင်ရွက်ပေးရန် လျာထားပြီး ပထမအဆင့်အနေဖြင့် နေအိမ် ၄၈ လုံး၊ ကျေးရွာအဝင်လမ်း(၁/၄)မိုင်၊ ကျေးရွာစုပေါင်း ခန်းမ တစ်ဆောင်နှင့် ရေရရှိရေးလုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်သည်။

ခုံတိုင် ကျေးရွာကို စုစည်းကျေးရွာအဖြစ် ထူထောင်ပေးနိုင်ရန်၊ လိုအပ်ပါက နိုင်ငံတော် ၏ လမ်းညွှန်မှုခံယူကာ နေအိမ်များတိုးချဲ့ဆောက်လုပ်ပေးနိုင်ရန်အတွက် လျာထားဆောင်ရွက်ထားပြီး အဆိုပါစီမံကိန်းတွင် ကျေးရွာစုပေါင်းခန်းမ၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်း၊ မူလတန်းကျောင်း၊ ဈေး၊ ရေတွင်း၊ ရေကန်များနှင့် ဆိုလာမီး တပ်ဆင်ခြင်းလုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးရန် လျာထားကြောင်းနှင့် ပထမအဆင့် စီမံကိန်းလုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလကုန်တွင် ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service