ကျူးကျော်များ လက်ရှိနေရာတွင်ပင် အဆင့်မြှင့်နေထိုင်ခွင့်ပြုရန် တောင်းဆို

ကျူးကျော်များ လက်ရှိနေရာတွင်ပင် အဆင့်မြှင့်နေထိုင်ခွင့်ပြုရန် တောင်းဆို - Property News in Myanmar from iMyanmarHouse.com
17 Oct 2017 10:25 am တွင် တင်ခဲ့သည်
3085 ကြိမ် ကြည့်ရှု့ပြီး
အစိုးရအနေနှင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မြို့ပြင်သို့ ရွှေ့ပြောင်း နေရာချထားခြင်းထက် လက်ရှိနေရာကို အဆင့်မြှင့် နေထိုင်ခွင့်ပြုရေး ဦးစားပေး စဉ်းစားပေးရန် တောင်းဆိုကြောင်း လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်များက ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်က လှိုင်သာယာမြို့နယ်၊ အပြင်ပဒံအုပ်စု မေခလမ်းနှင့် မင်းကြီးမဟာမင်းခေါင်လမ်းရှိ ရွှေသံလွင်ဝင်းတွင် ပြုလုပ်သော ၂၀၁၇ ခုနှစ် ကမ္ဘာ့လူသားများ အခြေချနေထိုင်မှုနေ့ (World Habitat Day) အထိမ်းအမှတ်ပွဲတွင် ၎င်းတို့ တောင်းဆိုခြင်းဖြစ်သည်။

ကျူးကျော်များကို အထပ်မြင့် အဆောက်အအုံများတွင် နေရာချပေးခြင်းသည် ကျူးကျော် ပြဿနာကို ဖြေရှင်းရာတွင် သင့်တော်သည့်နည်းလမ်း မဟုတ်ကြောင်း ကျူးကျော်ခေါင်းဆောင် ဒေါ်သင်းသင်းက ပြောကြားသည်။

“ဒီနေရာမှာနေတာ အဆင်ပြေတယ်။ အစိုးရက ကျန်တဲ့နေရာ ချပေးရင် အဆင်မပြေဘူး ဆိုတာကို ပြောချင်ပါတယ်။ အခုအချိန်ထိ ဒီနေရာမှာနေထိုင်တာ ရေ၊ မီး မရသေးတော့ အခက်အခဲဖြစ်ပါတယ်။ အခု လက်ရှိနေထိုင်တဲ့ နေရာကိုပဲ အဆင့်မြှင့်တင်ပြီး နေထိုင်ခွင့်ပြုဖို့ တောင်းဆိုပါတယ်”ဟု ဒေါ်သင်းသင်းက ဆိုသည်။

ရန်ကုန်မြို့၏ မြို့ပြ အခြေအနေများကို ပြန်လည် သုံးသပ်နိုင်ရန်နှင့် အခြေခံ လူ့အခွင့်အရေး တစ်ခုဖြစ်သော လူတိုင်း လုံခြုံသော အမိုးအကာအောက်၌ နေထိုင်ခွင့်ရရှိရေးကို သတိပြုမိစေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါပွဲသို့ မေခလမ်းနှင့် မင်းကြီး မဟာမင်းခေါင်လမ်းတွင် နေထိုင်သူ ကျူးကျော်မိသားစု ၅၀ဝ ကျော် တက်ရောက်ခဲ့သည်။

ကျူးကျော်စာရင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ကောက်ယူခဲ့ပြီး မြို့နယ် ၃၇ မြို့နယ်မှ အိမ်ထောင်စု တစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ် ထုတ်ပေးခဲ့ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

“သူတို့ တောင်းဆိုတာက တောင်းဆိုတာပေါ့လေ။ ကျွန်တော်တို့ကတော့ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ။ စမတ်ကတ်တွေ ထုတ်ပေးပြီးတဲ့အတွက် ကျူးကျော်နေထိုင်သူဖြစ်ကြောင်း မှန်ကန်မှု ရှိ၊ မရှိကို အိမ်တိုင်ရာရောက် စစ်ဆေးမယ်”ဟု ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကမ္ဘာ့လူသားများ အခြေချနေထိုင်မှုနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၈၅ ခုနှစ်တွင် တရားဝင် သတ်မှတ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့သောနေ့ တစ်နေ့ဖြစ်ပြီး လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်သူ၊ ရပ်ကွက်သား (ကျူးကျော်) များ ဦးဆောင်ကျင်းပပြုလုပ်သည်မှာ ယခုနှစ်တွင် ဒုတိယအကြိမ်ဖြစ်သည်။

လှိုင်သာယာမြို့နယ်တွင် ကျင်းပသည့် ကမ္ဘာ့လူသားများ အခြေချနေထိုင်မှုနေ့ (World Habitat Day) တွင် ကျူးကျော်နေပြည်သူများ၏ အခြေအနေများကို ထင်ဟပ်စေနိုင်သော ဓာတ်ပုံပြခန်းကိုလည်း ခင်းကျင်းပြသခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅,၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇,၇၃၈ စု ရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁,ဝ၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service