အကြွေးတင်နေတဲ့ ငါးစိမ်းသည်ကနေ ဘီလျံနာဖြစ်လာသူ-ဟီရိုတာကဲ ယာနို

အကြွေးတင်နေတဲ့ ငါးစိမ်းသည်ကနေ ဘီလျံနာဖြစ်လာသူ-ဟီရိုတာကဲ ယာနို - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2017 11:29 am တွင် တင်ခဲ့သည်
12539 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဂျပန်ပစ္စည်းတွေကို မြန်မာငွေ ၁၈၀၀ ကျပ်ပတ်ဝန်းကျင်နဲ့ ရောင်းချလို့ ဒိုင်ဆို (Daiso) ဆိုင်တွေဟာ မြန်မာပြည်မှာ လူသိများပါတယ် ။

တိုတိုထွာထွာဝယ်ချင်သူတွေအဖို့ ငွေအများကြီးသုံးစရာမလိုဘဲ ကြိုက်ရာကို ရွေးဝယ်နိုင်တာက သူ့အားသာချက်ပါ ။ဒိုင်ဆိုကိုထူထောင်သူ ကိုယ်တိုင်က အောက်ခြေဘဝကနေ တက်လာတဲ့အတွက် သူ့ပစ္စည်းတွေကို ဈေး တစ်သမတ်တည်းနဲ့ များများရွေးဝယ်နိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။

ဒိုင်ဆိုဆန်ဂျိုးကော်ပိုရေးရှင်းကို ထူးထောင်ပြီး ဥက္ကဌတာဝန်ယူထားတဲ့ ဟီရိုတာကဲယာနိုဟာ ကြိုက်တာယူ ယန်း ၁၀၀ နဲ့ ကုန်ပစ္စည်းမျိုးစုံကို ရောင်းချတဲ့ ဂျပန်ရဲ့ ပထမဆုံးစွန်းဦးတီထွင်လုပ်ငန်းကို ထူထောင်ခဲ့ပါတယ် ။သူဟာ အဲသည် မဟာဗျူဟာကြောင့် ဘလွန်းဘတ်ရဲ့ ဘီလျံနာ စာရင်းမှာ ဒေါ်လာ ၁.၉ဘီလျံချမ်းသာ ကြွယ်ဝသူဖြစ်နေပါပြီ ။

‘ သူလုပ်ငန်းလုပ်တဲ့အချိန်က အချိန်ကိုက်ပဲ ‘ လို့ OC&C မဟာဗျူဟာသုတေသနလုပ်ငန်းက ပါစကယ်မာတင်က ပြောပါတယ် ၊ ‘ ပထမဆုံး ယန်း ၁၀၀ ဆိုင်ကို ၁၉၉၁မှာ စတင်ဖွင့်ချိန်ဟာ ဂျပန်စီးပွားရေးပူဖောင်းပေါက်ကွဲပြီး နှစ်နှစ်ကြာတဲ့ အချိန် ၊ ဂျပန်စားသုံးသူဓလေ့ ကြီးကြီးမာမား စတင်ပြောင်းလဲတဲ့အချိန်ဖြစ်တယ်

‘ ယာနိုရဲ့ စွန်းဦးးတီထွင်လုပ်ငန်းဟာ အလုပ်မျိုးစုံနဲက စတင်ခဲ့ပါတယ်။တိုကျိုမြို့ ချူအိုတက္ကသိုလ်ကနေဘွဲ့ရပြီးနောက် သူဟာ အလုပ်မျိုးစုံလုပ်ခဲ့ပြီး သူ့ယောက္ခမရဲ့ ငါးရောင်းချတဲ့ လုပ်ငန်းကို ဒေဝါလီခံတဲ့ အထိ လုပ်ခဲ့တယ်လို့ဒိုင်ဆို ဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။

သူဟာ ၁၉၇၂ ကုန်ကားတစ်စီးနောက်မှာ ပစ္စည်းတွေတင်ရောင်းပြီးတဲ့နောက် ပစ္စည်းအားလုံးကို ယန်း ၁၀၀နဲ့ ရောင်းဖို့ အကြံပေါ်လာပါတယ် ၊ အကြောင်းကတော့ ပစ္စည်းတစ်ခုကိုစီကို ဈေးနှုန်းတစ်မျိုးစီ လိုက်ကပ်ရင် အချိန်ကုန်တဲ့အတွက်ပါပဲ။ သူဟာ ၁၉၇၇မှာ ဒိုင်ဆိုကို ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ ဒိုင်ဆိုရဲ့ အဓိပ္ပါယ်က ကြီးမားတဲ့ အရာတစ်ခုကို ဖန်တီးခြင်း ဖြစ်ပါတယ်။

သည်အချိန် ဂျပန်စီးပွားရေးမှာ လုပ်အားခက မတက် ၊ စီးပွားရေးကမကောင်းတဲ့အတွက် ပြောင်းလဲမှုတွေဖြစ်နေပြီး ဂျပန်တွေဟာ သူတို့ပိုက်ဆံပေးရတာနဲ့တန်တဲ့အရာတွေကို ရှာဖွေလာကြပါတယ် ။အဲဒါကြောင့်ပဲ ဂျပန်မှာ ဒစ်စကောင့်နဲ့ ပစ္စည်းတွေ ရောင်းချတဲ့ လုပ်ငန်းခေတ်စားလာပြီး ကြိုက်တာယူ ယန်းဘယ်လောက်ဆိုတဲ့ ဆိုင်တွေဟာ စုစုပေါင်း တစ်နှစ်ကို ယန်းဘီယျံ ၆၀၀ ကျော်မြတ်စွန်းနေတယ်လို့ ၂၀၁၆ မတ်လမှာ လုပ်တဲ့ အစီရင်ခံစာတစ်ခုမှာ တွေ့ရပါတယ်။

အဲသည်လိုဒစ်စကောင့်စတိုးဆိုင်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒိုင်ဆိုဟာ ပြည်တွင်းမှာ စတိုးဆိုင်ပေါင်း ၃၁၅၀ ကျော်ဖွင့်ထားပြီး ပြည်ပမှာ ၁၈၀၀ ကျော်ဖွင့်ထားပါတယ်။ ပစ္စည်းမျိုးပေါင်း ၇၀, ၀၀၀ ကျော် ရောင်းချတဲ့ အထဲမှာ ဈေးတန်တန်နဲ့ ဂျပန်အိတ်တွေ ၊ တိရစ္ဆာန်လေးတွေကို ဝတ်ပေးရတဲ့အဝတ်အစားတွေ ။ အိမ်သုံးပစ္စည်းတွေအများကြီးပါဝင်ပါတယ် ။လက်တင်အမေရိက ကနေပင်လယ်ကွေ့ နိုင်ငံတွေအပြင်အာရှနိုင်ငံ အသီးသီးတွေမှာလည်း ဒိုင်ဆိုဆိုင်တွေရှိနေပါတယ်။

ယာနိုက သူသည်လိုအောင်မြင်ရတာဟာ ကုန်ပစ္စည်းတွေရွေးရာမှာ လာဘ်မြင်တာကြောင့် လို့ ပြောပါတယ်။ဒိုင်ဆိုဟာ အရည်အသွေးမြင့်ကုန်ပစ္စည်းတွေနဲ့တစ်မူထူးခြားတဲ့ မရှိမဖြစ်ပစ္စည်းတွေကို ယန်း ၁၀၀ နဲ့ချည်း ရောင်းချပါတယ် ။သူကုမ္ပဏီရဲ့ အဝယ်တော်တွေဟာ ကုန်ပစ္စည်းများများယူပြီး ဈေးသက်သက်သာသာနဲ့ရအောင်ကုန်ထုတ်လုပ်သူတွေနဲ့တိုက်ရိုက်ညှိနှိုင်းကြပါတယ်။ သည်မဟာဗျူဟာဟာ ကမ္ဘာမှာ အကြီးဆုံးဈေးဆိုင်ကြီးဝေါလ်မတ်ရဲ့ ဗျူဟာနဲ့ ဆင်တူပါတယ်။

ဂျပန်စီးပွားရေးက အခုအချိန်မှာ ပြန်တက်လာပေမဲ့ ပေါချောင်ကောင်းကို လိုချင်ကြတဲ့ ဆန္ဒဟာ စားသုံးတွေရဲ့ စိတ်ထဲမှာ စွဲမြဲနေတုန်းပါပဲ ။
‘ ဂျပန်ပြည်သူတွေက ဒီခေတ်မှာ ပိုချွေတာစုဆောင်းချင်ကြတယ် ‘ လို့ နိုမူရာလေ့လာဆန်းစစ်ရေးလုပ်ငန်းရဲ့ နာရီ ကီယိုက ပြောပါတယ်။ ‘ သူတို့က ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း တည်ဆောက်ခဲ့တဲ့ ချွေးတာရေး အကျင့်တွေကို မဖျောက်ကြဘူး ’

အလားတူပဲ အမေရိကန်ကို ဒိုင်ဆိုခြေချတဲ့ အချိန်ဟာ ၂၀၁၇-၂၀၁၈ ငွေကြေးအကျပ်ရိုက်မှုနဲ့ ဆက်စပ်၊ စီးပွားပျက်ကပ်တို့နဲ့ တိုက်ဆိုင်နေပါတယ်။ဒါပေမဲ့ ဒိုင်ဆိုရဲ့ အောင်မြင်မှုက အများတတ်နိုင်တဲ့ ဈေးနှုန်းတစ်ခုတည်းကြောင်း မဟုတ်ပါဘူး။

‘ ဒိုင်ဆိုစတိုးဆိုင်တွေမှာ ဝယ်ရတာက ဈေးနှုန်းအပြောင်းအလဲ တစ်ချိန်လုံးဖြစ်နေတာကို ငြီးငွေ့နေတဲ့ဈေးဝယ်သူရဲ့ စိတ်ထဲမှာ ထူးခြားမှုကို ဖြစ်စေတယ် ‘ လို့ ကန်တာလုပ်ငန်းက လေ့လာသုံးသပ်သူ ဆာရာအယ်လ်တူခါဟင်က ပြောပါတယ်။

သည်အချိန်မှာ ယာနိုကတော့ သူကိုယ်သူဦးနှောက်အတွေးအခေါ်မြင့်မားတဲ့ ၊ ဒါမှမဟုတ် ခေတ်မီတီထွင်ဆန်းသစ်တဲ့ မန်နေဂျာတစ်ယောက်မဟုတ်ဘူးလို့ ပြောပါတယ် ။သူ့ဝမ်းထဲကခံစားချက်နဲ့ ဆုံးဖြတ်ချက်အများစုကို ချမှတ်တာပါတဲ့ ။ ‘ကျွန်တော်က အမြော်အမြင်တွေ ၊ မဟာဗျူဟာတွေမရှိပါဘူး ‘ လို့ သူကဆိုပါတယ် ။ ‘ ကျွန်တော်က ဟိုဟိုဒီဒီစမ်းသပ်ကြည့်ရတာ ကြိုက်ရုံသက်သက်ပါ ‘ တဲ့ ။

Credit: The Modern
အကြွေးတင်နေတဲ့ ငါးစိမ်းသည်ကနေ ဘီလျံနာဖြစ်လာသူ-ဟီရိုတာကဲ ယာနို - Property Knowledge in Myanmar from iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service