နိုင်ငံတကာမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း နှင့်ယန္တရားများ
ပါဝင်သည့် Build Tech Yangon 2017 ပြပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ယခု ပြပွဲကို ၄ကြိမ်မြောက်အဖြစ် Singapore Sphere Exhibits မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နှစ်စဉ် ဆောက်လုပ်ရေးနှင့်ပက်သတ်သော အဆင့်မြင့်နည်းပညာနှင့်ဒီဇိုင်းများကို ပြသသော ပြပွဲလည်းဖြစ်သည်။
ပြပွဲကိုမေလ ၁၈ရက်မှ ၂၀ရက်အထိ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ်သည်။
ပြပွဲမှာ နှစ်စဉ် လူစိတ်ဝင်စားမှုရှိပြီး အောင်မြင်မှုရှိခဲ့သောကြောင့် ယခုနှစ်ပြပွဲတွင် ကမ္ဘာ တစ်ဝှမ်းမှ ကုန်အမှတ်တံဆိပ်ပေါင်း ၈၀ ခန့်ဝင်ရောက်ပြသမည်ဖြစ်သည်။
တစ်ဆက်တည်းမှာပင် ၄င်းပြပွဲ၌ အစိမ်းရောင် အဆောက်အဦးများ ဖွံဖြိုးတိုးတက်ခြင်းနှင့်ပက်သတ်သော ဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
" ဒီပြပွဲ လုပ်ရတဲ့ အကျိုးကျေးဇူးကြောင့်နှစ်စဉ် ကျနော်တို့နိုင်ငံ
ကို စင်ကာပူက ရင်းနှီးမြှပ်နှံမှုတွေ ပိုပို ၀င်လာတယ် " ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဗဟို အလုပ်အမှုဆောင်ကပြောသည်။
အဆိုပါပွဲကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ၊ အင်ဂျင်နီယာအသင်း၊ ဗိသုကာပညာရှင်များအသင်း ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်းမှလည်း ပံ့ပိုးသူများအဖြစ်ပူးပေါင်းပါဝင်ထားကြောင်း သိ၇သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com