မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ်

ပြည်ပ အိမ်ခြံမြေ သတင်း | 21 Mar 2017 11:24 am | 1626 ကြိမ် ကြည့်ရှု့ ပြီး
Posted by နှင်းအိခင် (iMyanmarHouse.com) | အနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်

မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ် - Property News in Myanmar from iMyanmarHouse.com
မလေးရှားအိမ်ခြံမြေဈေးကွက်တွင် နေအိမ်များငှားရမ်းရာ၌
လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာပေါ်ပေါက်လျက်ရှိပြီး
အချို့သောနိုင်ငံသား များကို နေအိမ်ငှားရမ်းခြင်းမရှိကြကြောင်း R.AGE
သတင်းအေဂျင်စီက ဖော်ထုတ်တွေ့ရှိခဲ့သည် ဟု မလေးရှားအခြေစိုက်
သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

R.AGE သတင်းအေဂျင်စီမှ သတင်းထောက် ၃ ဦးသည်
အိမ်ငှားရန် ကြေညာထားသည့် ကြော်ငြာ ၃၀ ကို တစ်ဦးချင်းစီ ဆက်သွယ်မေးမြန်းခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့ ၃ ဦးသည် လူမျိုး တစ်မျိုးချင်းစီ ဖြစ်ကြသည်။

ယင်းသို့ စုံစမ်းရာတွင် အိမ်ခြံမြေအကျိုးဆောင် (သို့မဟုတ်) အိမ်ရှင်များ၏
၅၀ ရာခိုင်နှုန်းက အိမ်ငှားရန် ငြင်းဆန်ကြကြောင်း၊ ၎င်းတို့အနေဖြင့် မည်သို့သောလူမျိုးစုကိုသာ ငှားရမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်
ဟု ဆိုသည်။

ယင်းသို့ စုံစမ်းမှုကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းဖြစ်ပြီး ဆက်သွယ်မေးမြန်းထားပုံကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးထား
ကာ R.AGE က ၎င်းတို့၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်လိုက်ရာ မလေးရှားနိုင်ငံသားတို့အကြား
များစွာပျံ့နှံ့လျက် ရှိနေသည်ကို တွေ့ရသည်။

မလေးရှားအိမ်ခြံမြေအကျိုးဆောင်တို့၏ ပြောကြားချက်အရ ယင်းသို့လူမျိုးရေးခွဲခြားမှုမှာ မလေးရှားတွင်
ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိသည့် အလေ့အထတစ်ခုဖြစ်ကြောင်း ပြောကြားသည်။မည်သည့်လူမျိုးဆိုလျှင် ချက်ချင်းငြင်းပယ်ရမည်
ဟု အိမ်ခြံမြေပိုင်ရှင်တို့က အကျိုးဆောင်တို့ကို
ညွှန်ကြားထားသည်ဟုလည်း ဆိုသည်။

R.AGE က ဖေ့စ်ဘုတ်တွင် လွှင့်တင်ခဲ့သည့် ဗွီဒီယိုကို
လက်ရှိအချိန်အထိ ပြန်လည်ဝေမျှသူ ၃၇၇၁ ဦးနှင့်
ဝင်ရောက်ဝေဖန် ရေးသားမှုပေါင်း ၄၆၃ ကြိမ်ရှိနေသည်။

Dhibeshiny K. Jaya Raman အမည်ဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူ
တစ်ဦးက ၎င်းအိမ်ငှားရန် ဆက်သွယ်စုံစမ်းရာတွင်
အိမ်ရှင်က ခွေးဖြစ်လျှင်ပင် ကိစ္စမရှိကြောင်း ပြောကြားခဲ့ပြီး လူချင်းတွေ့သောအခါတွင်မူ နေအိမ်ငှားရမ်းတော့ခြင်းမရှိကြောင်း၊ အခြားအိမ်ငှားများက အိန္ဒိယနိုင်ငံသားကို အလိုမရှိကြကြောင်း
အိမ်ရှင်က ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

Shoban Raveendran အမည်ရှိ ဖေ့စ်ဘုတ်သုံးစွဲသူက ရေးသားထားရာတွင်
မူ မိမိသည် အိမ်ခြံမြေပိုင်ရှင်ဖြစ်ကြောင်း၊
မိမိကို အိမ်ခြံမြေအကျိုးဆောင်များက မကြာခဏမေးမြန်းလေ့ရှိသည့် မေးခွန်းမှာ မည်သည့်လူမျိုးကို ငှားချင်သနည်း၊ မည်သည့်လူမျိုးကို မငှားလိုသနည်းဟူသည့် မေးခွန်းဖြစ်ကြောင်း၊ မည်သည့်လူမျိုးပင်ဖြစ်စေ ပြဿနာမရှိပါဟု ပြန်လည်ပြောကြားသည့်တိုင်
အိမ်ခြံမြေအကျိုးဆောင်တို့က အချို့သောလူမျိုးများကိုသာ
ငှားရမ်းစေလိုသည့် သဘောရှိကြသည်ကို ရိပ်စားမိလာကြောင်း ဝင်ရောက်ဝေဖန် ရေးသားထားသည်ကို တွေ့ရသည်။

Wong Weng Fai အမည်ရှိ ဖေ့စ်ဘုတ်သုံးစွဲသူကမူ အိမ်ခြံမြေပိုင်ရှင်တို့ကို အကာအကွယ်ပေးမည့် ဥပဒေမရှိကြောင်း၊ သို့အတွက် နံပါတ် ၁
အနေဖြင့် အိမ်ရှင်တို့၏အခွင့်အရေးကို ကာကွယ်ပေးမည့်
ဥပဒေပြဌာန်းပါ၊ နံပါတ် ၂ အနေဖြင့် လူမျိုးရေးခွဲခြားမှုကို
တားဆီးမည့် ဥပဒေပြဌာန်းပါဟု ဝင်ရောက်ရေးသားထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ် - Property News in Myanmar from iMyanmarHouse.com
ဥပဒေ အိမ်ခြံမြေဈေးကွက် အိမ် အငှါး

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ခြံမြေ သတင်းများကို Email ဖြင့် ဖတ်ရန်

ငှါးရန်ရှိသော အိမ်ခြံမြေများ

နေအိမ်၊ ရုံးခန်းဖွင့် အသင့်နေထိုင်ရန် ပိုင်ရှင်ကိုယ်တိုင်ဌားမည်။

 မင်္ဂလာတောင်ညွန့် |  ရန်ကုန်တိုင်းဒေသကြီး
 2.10 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
နေအိမ်၊ ရုံးခန်းဖွင့် အသင့်နေထိုင်ရန် ပိုင်ရှင်ကိုယ်တိုင်ဌားမည်။

နေအိမ်၊ ရုံးခန်းဖွင့် အသင့်နေထိုင်ရန် ပိုင်ရှင်ကိုယ်တိုင်ဌားမည်။ နေရာကောင်း ၊ တိုက်ခန်းသစ်ဌားမည်။ အကျယ်အ၀န်း 12 1/2' × 50' (တိုက်ခန်းသစ်) ဈေးနှုန်း 210000ကျပ် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊...

အသေးစိတ်ကြည့်ရန်

ပြည်သာယာလမ်းမကြီးအနီးရှိဈေးတန်သောကွန်ဒိုအငှား

 သင်္ဃန်းကျွန်း |  ရန်ကုန်တိုင်းဒေသကြီး
 4 သိန်း (ကျပ်) (တစ်လ) |  ကွန်ဒို
ပြည်သာယာလမ်းမကြီးအနီးရှိဈေးတန်သောကွန်ဒိုအငှား

◾သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်း၏လမ်းသွယ်တွင်ရှိသော ကွန်ဒိုအခန်းအငှားဖြစ်ပါသည်။(FR-15312) ◾၁၀၆၀ စတုရန်းပေ ကျယ်ဝန်းပြီး ကျွန်းပါကေးနှင့် ကြွေပြားခင်း ပေးထားပါသည်။ ◾မာစတာအိပ်ခန်း...

အသေးစိတ်ကြည့်ရန်

*** ပရိဘောဂပါဝင်သော 18'x54' တတိယထပ် ငှားမည် ***

 မြောက်ဥက္ကလာပ |  ရန်ကုန်တိုင်းဒေသကြီး
 3 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
*** ပရိဘောဂပါဝင်သော 18'x54' တတိယထပ် ငှားမည် ***

*** နေချင်စဖွယ်ပြင်ဆင်ထားသော တတိယထပ် ငှားမည် *** မြောက်ဥက္ကလာပမြို့နယ် အဝိုင်းကြီးအနီး 18'x54' တတိယထပ် (အိပ်ခန်းဖွဲ့ပြီး) - ဘုရားစင် + ရေခဲသေတ္တာ + ဆိုဖာ ဆက်တီ (၄)ခုံ + ကျွန်းစားပွဲ / ထိုင်ခုံ +...

အသေးစိတ်ကြည့်ရန်

ကျော်သူ(၂၀)လမ်းနှင့်ကျော်သူလမ်းထောင့်တွင်တိုက်ခန်းဌားရန်ရှိသည်။

 တောင်ဥက္ကလာပ |  ရန်ကုန်တိုင်းဒေသကြီး
 2.50 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
ကျော်သူ(၂၀)လမ်းနှင့်ကျော်သူလမ်းထောင့်တွင်တိုက်ခန်းဌားရန်ရှိသည်။

တည်နေရာ = ကျော်သူ(၂၀)လမ်းနှင့်ကျော်သူလမ်းထောင့်၊ဝေဇယန္တာလမ်းမကြီးတစ်လမ်းကျော် အကျယ်အ၀န်း = (19'×54') Floor No. = 1st Floor Room Type = Hall Type Renting Price = 2.5Lakh/1month (ညှိနှိုင်း)

အသေးစိတ်ကြည့်ရန်

အမြန်ဌားမည်

 သံလျင် |  ရန်ကုန်တိုင်းဒေသကြီး
 5 သိန်း (ကျပ်) (တစ်လ) |  လုံးချင်းအိမ်
အမြန်ဌားမည်

သန်လျင် ဆိတ်ငြိမ်ရပ်ကွက်အတွင်း ပေ ၈၀ ၆၀ မြေကွက်ပေါ် လုံးချင်း RC ၂ထပ်တိုက် အဆင့်မြင့်ပြင်ဆင်ပြီး အဲကွန်း၂လုံး ၊ မီတာ ၂လုံး ( ပါဝါ၊ ရိုးရိုး ) ကားဂိုဒေါင်ပါ အသင့်နေထိုင်နိုင်...

အသေးစိတ်ကြည့်ရန်

အငှားကြော်ငြာများ အားလုံးကိုဆက်လက်ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

၂၅ပေ×၂၆ပေ တိုက်ခန်း၊ အသင့်နေထိုင်နိုင်

 ဒဂုံမြို့ သစ် ဆိပ်ကမ်း |  ရန်ကုန်တိုင်းဒေသကြီး
 128 သိန်း (ကျပ်) |  တိုက်ခန်း
၂၅ပေ×၂၆ပေ တိုက်ခန်း၊ အသင့်နေထိုင်နိုင်

သိန်း 128 သိန်း ဖြင့် ယုဇနဥယျာဉ်မြို့နယ်ရှိ မိုးရွာလျင် လမ်း၌ရေလုံးဝမဝပ်သော လမ်းရှိ ငါးလွှာတိုက်ခန်းရောင်းမည် ထို တိုက်ခန်းတွင် -အိပ်ခန်းနစ်ခန်း (မိသားစုအိပ်ခန်း နှင့်...

အသေးစိတ်ကြည့်ရန်

၁၂ပေခွဲ x ၅၀ပေ ပထမထပ် (HK ၃-၄ နှစ်လွှာ) ( အသင့်နေထိုင်နှိုင်)

 အလုံ |  ရန်ကုန်တိုင်းဒေသကြီး
 700 သိန်း (ကျပ်) |  တိုက်ခန်း
၁၂ပေခွဲ x ၅၀ပေ ပထမထပ် (HK ၃-၄ နှစ်လွှာ) ( အသင့်နေထိုင်နှိုင်)

၁၂ပေခွဲ x ၅၀ပေ အပေါ်အောက်သံပန်းပါ ဝရံတာနှစ်စုံ အပေါ်အောက်မိန်းတံခါးမကြီးနှစ်စုံ အပေါ်အောက်ရေချိုးခန်းအိမ်သာ နှစ်စုံ ကြွေပြားအပြည့်...

အသေးစိတ်ကြည့်ရန်

အိမ် နှင့် ခြံ ရောင်း မည်။

 ဒဂုံမြို့ သစ် အရှေ့ ပိုင်း |  ရန်ကုန်တိုင်းဒေသကြီး
 70 သိန်း (ကျပ်) |  မြေကွက် ၊ ခြံကွက်
အိမ် နှင့် ခြံ ရောင်း မည်။

(၂၀ x ၆၀ ) ပေ ၊ ခြံ ခတ် ပြီး ၊ ရေ ၊ မီး လျှေက်ထားနိုင်၊ အမှတ် ( ၂ ) လမ်းမကြီး အနီး ၊ လေးဒေါင့်ကန်ဘူတာ အနီး ။

အသေးစိတ်ကြည့်ရန်

Mini ကွန်ဒိုရောင်းရန်ရှိသည်

 တောင်ဥက္ကလာပ |  ရန်ကုန်တိုင်းဒေသကြီး
 870 သိန်း (ကျပ်) |  ကွန်ဒို
Mini ကွန်ဒိုရောင်းရန်ရှိသည်

မြင်သာဈျေး နန္ဒာ ဝန်ဈျေးအနီး ပတ်ဝန်းကျင်သန့် လမ်းကျယ် ၁၉ပေ ၅၄ပေ စိတ်ဝင်စားလျှင်ဈေးနှုန်းညှိနှုင်းပေးမည်

အသေးစိတ်ကြည့်ရန်

လုံးချင်းအိမ်ရောင်းရန်ရှိသည်။

 ချမ်းအေးသာဇံ |  မန္တလေးတိုင်းဒေသကြီး
 700 သိန်း (ကျပ်) |  လုံးချင်းအိမ်
လုံးချင်းအိမ်ရောင်းရန်ရှိသည်။

ပေ၂၀ *၃၀ အဆောက်အဦးပါမြေကွက် ၊ ရေနှင့်မီးမီတာပါပြီး

အသေးစိတ်ကြည့်ရန်

အရောင်းကြော်ငြာများ အားလုံးကိုဆက်လက်ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ

အိမ်ခြံမြေများကို ရှာဖွေရန်