ထိုင်းနိုင်ငံ ဖူးခက်ရှိ အိမ်ခြံမြေလိမ်လည်မှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ

ထိုင်းနိုင်ငံ ဖူးခက်ရှိ အိမ်ခြံမြေလိမ်လည်မှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
21 Mar 2017 11:16 am တွင် တင်ခဲ့သည်
1060 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းနိုင်ငံရှိ ကမ္ဘာကျော်အပန်းဖြေကျွန်းဖြစ်သော ဖူးခက်တွင် အိမ်ခြံမြေလိမ်လည်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက်တစ်ဦးကို ထိုင်းရှေ့နေတစ်ဦးက
အသရေဖျက်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘီဘီစီသတင်းထောက်နှင့်အတူ လိမ်လည်ခံရသူ
နိုင်ငံခြားသားကိုလည်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပြစ်မှုထင်ရှားတွေ့ရှိပါက ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်ဒ်သည် ထောင်ဒဏ် ၅ နှစ်ကျခံရဖွယ်ရာရှိသည်။

ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော အသရေဖျက်မှုနှင့် ကွန်ပြူတာရာဇဝတ်မှုဥပဒေများသည် စုံစမ်းဖော်ထုတ်သတင်းရယူသည့် စာနယ်ဇင်းကဏ္ဍကို ရိုက်ချိုးလိုက်ခြင်းဖြစ်ပြီး အကျင့်ဖျက်ခြစားမှုများ နေရာစုံဖြစ်ပွားလျက်ရှိသည့် ထိုင်းနိုင်ငံ၏ မတရားမှုများကို ဖော်ထုတ်ရန် ခက်ခဲစေလျက်ရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောကြားသည်။

ဘီဘီစီသတင်းဌာန၏ အရှေ့တောင်အာရှဆိုင်ရာသတင်းထောက် ဂျိုနသန်ဟက်ဒ်သည် ၂၀၁၅ ခုနှစ်အတွင်းက ဖူးခက်တွင် အငြိမ်းစား နိုင်ငံခြားသား ၂ ဦး အိမ်ခြံမြေအလိမ်ခံခဲ့ရပုံကို ဖော်ထုတ်ရေးသားခဲ့ခြင်း ဖြစ်သည်။

ဂျိုနသန်ဟက်ဒ်သည် ဖူးခက်ရှိ တရားရုံးတွင် ဗြိတိန်နိုင်ငံသား၊ အငြိမ်းစားတစ်ဦးဖြစ်သူ အီယမ် ရန့်စ်နှင့်အတူ တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ပြီး နှစ်ဦးလုံးက အပြစ်မရှိကြောင်း လျှောက်လှဲခဲ့ကြသည်။

၎င်းတို့၏ ပတ်စ်ပို့များကို တရားရုံးတွင် ပေးအပ်ထားရသဖြင့် ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း ဂျိုနသန်ဟက်ဒ်အတွက် အာရှတစ်လွှား သတင်းထောက်အလုပ်လုပ်ရာတွင် များစွာ အခက်ကြုံရလျက်ရှိသည်။
ဖူးခက်မှ ရှေ့နေတစ်ဦးဖြစ်သော ပရာတွန် သာနာရက်ခ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ရန့်စ်သည် အငြိမ်းစားယူခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် ဖူးခက်၌ အခြေချကာ ဒေသခံအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားသည်။

ဖူးခက်တွင်ပင် ပေါင် ၁ သန်းနီးပါးတန်ကြေးရှိ အိမ်ခြံမြေများဝယ်ယူခဲ့ပြီး မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။

ထိုင်းဥပဒေအရ နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့်မရှိချေ။
ထို့ကြောင့် နိုင်ငံခြားသားများမှာ ထိုင်းတွင် အိမ်ခြံမြေများဝယ်ယူရာတွင် ၎င်းတို့ပိုင်သည့် ကုမ္ပဏီ (သို့မဟုတ်) ၎င်းတို့ယုံကြည်ရသည့် ဒေသခံတစ်ဦးဦး၏ အမည်ဖြင့် ဝယ်ယူလေ့ရှိကြသည်။

၂၀၁၀ ပြည့်နှစ်တွင် ရန့်စ်၏ ဇနီးက ခင်ပွန်းဖြစ်သူ၏လက်မှတ်ကို အတုလုပ်ကာ ဖူးခက်ရှိ ငွေကြေးခဝါချသူများ၊ အိမ်ခြံမြေအကျိုးဆောင်များမှတစ်ဆင့် အိမ်ခြံမြေများကို ရောင်းချရန် ကြိုးစားခဲ့ခြင်းအား ရန့်စ်က သိရှိသွားခဲ့သည်။

အဆိုပါအမှုအတွက် ရန့်စ်၏ဇနီးသည် ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရပြီး ရန့်စ်မှာလည်း အိမ်ခြံမြေများ ပြန်ရရန် တရားရုံးတွင် နှစ်ပေါင်းများစွာ အမှုရင်ဆိုင်ရလျက်ရှိဆဲပင် ဖြစ်သည်။

ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်ဒ်က စုံစမ်းဖော်ထုတ်ခဲ့သည်မှာ ရှေ့နေပရာတွန်သည် ရန့်စ်၏ ရှေ့မှောက်တွင်မဟုတ်ဘဲ နိုထရီသက်သေခံပေးခဲ့ကြောင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနှင့် အခြားနိုင်ငံအများစု မတူညီသည့်အချက်မှာ နိုင်ငံများစွာတွင် အသရေဖျက်မှုကို တရားမမှုအဖြစ် သတ်မှတ်ထားသော်လည်း
ထိုင်းတွင်မူ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်းနိုင်ငံ ဖူးခက်ရှိ အိမ်ခြံမြေလိမ်လည်မှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံ ဖူးခက်ရှိ အိမ်ခြံမြေလိမ်လည်မှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service