ကမ္ဘောဒီးယား အစိုးရက ဝင်ငွေနည်းပါးသည့်နိုင်ငံသားများအတွက် ကန်ဒေါ်လာ ၈၈ သန်းသုံးစွဲကာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည်

ပြည်ပ အိမ်ခြံမြေ သတင်း | 21 Mar 2017 11:12 am | 362 ကြိမ် ကြည့်ရှု့ ပြီး
Posted by ဇာနည်ကျော် (iMyanmarHouse.com) | အနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်

ကမ္ဘောဒီးယား အစိုးရက ဝင်ငွေနည်းပါးသည့်နိုင်ငံသားများအတွက် ကန်ဒေါ်လာ ၈၈ သန်းသုံးစွဲကာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားအစိုးရ မြေယာစီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန (MLMUPC) သည် ဝင်ငွေနည်းပါးသူများနှင့် လူလတ်တန်းစားများအတွက် အိမ်ရာစီမံကိန်းများဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါ Bun Ches Groups Co., Ltd နှင့် လက်တွဲ၍ ကန်ဒေါ်လာ ၈၈ သန်း သုံးစွဲကာ တန်ဖိုးနည်းအိမ်ရာတစ်ခုဆောက်လုပ်ရန် နားလည်မှုစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးလိုက်ကြကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ MLMUPC ၏ ဝန်ကြီး ချီယာ ဆိုဖာရာတက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။
တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့်နေရာမှာ ကန်ဒယ်ပြည်နယ်၊ ပွန်ဟီးလျူခရိုင်၊ ဆလန်ဒိုင်ဒေါ့စ်ကျေးရွာတွင် ဖြစ်သည်။

ယင်းအိမ်ရာကို ဝင်ငွေနည်းပါးသူများ၊ လူလတ်တန်းစားများအတွက် ရည်ရွယ်သည့်နည်းတူ အရပ်ဘက် အစိုးရဝန်ထမ်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့များမှ အမှုထမ်းများအတွက်လည်း ရည်ရွယ်သည်ဟု ဆိုသည်။

Bun Ches Groups Co., Ltd မှ ဥက္ကဌဖြစ်သူ ဘွန်ချက်စ်က ပြောကြားရာ
တွင် ကုမ္ပဏီအနေဖြင့် အိမ်ရာစီမံကိန်း ဒီဇိုင်းနှင့်
ဆောက်လုပ်မှုအတွက် တာဝန်ယူသွားမည်ဖြစ်ကြောင်း
ပြောကြားသည်။

“ဒီအုပ်စုဟာ ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်းများစွာရှိခဲ့ပြီး ကမ္ဘောဒီးယားမှာ စီမံကိန်းတွေ အများကြီး ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
Toul Kork သိုလှောင်ရုံ၊ Mekong View တာဝါနဲ့ အခြားစီမံကိန်းတွေ
ပါဝင်ပါတယ်။ အခုစီမံကိန်းက စတုတ္ထမြောက်ဆောက်လုပ်ရေး စီမံကိန်း ဖြစ်ပါတယ် ” ဟု ပြောကြားသည်။

နေအိမ်ခန်းများ၏ ဈေးနှုန်းမှာ တစ်ခန်းလျှင် ကန်ဒေါ်လာ ၂၃၅၀၀ နှင့် ၂၄၈၀၀ အကြားရှိမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်း လက်ငင်းပေးသွင်းရမည်
ဟု ဆိုသည်။

တန်ဖိုးအနည်းငယ်မြင့်သော်လည်း တစ်လလျှင် ပေးသွင်းရမည့်ငွေမှာ
ဒေါ်လာ ၂၀၀ အောက်သာ ဖြစ်သည်ဟု ဆိုသည်။
စီမံကိန်းတွင် နေအိမ်ခန်းပေါင်း ၅၃၄၀ ပါဝင်မည်ဖြစ်ပြီး
စာသင်ကျောင်းများ၊ ဆေးခန်းနှင့် ဈေးဝယ်စင်တာများလည်း
ပါဝင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေး စီမံကိန်း ဒေါ်လာ ရင်းနှီးမြှုပ်နှံမှု မြို့ပြစီမံကိန်း

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ခြံမြေ သတင်းများကို Email ဖြင့် ဖတ်ရန်

ငှါးရန်ရှိသော အိမ်ခြံမြေများ

လှိုင်မြို့နယ် မာလာမြိုင် (၇)လမ်းတွင်ရှိသော ၅လွှာတိုက်ခန်းငှါးရန်ရှိသည်။

 လှိုင် |  ရန်ကုန်တိုင်းဒေသကြီး
 1.70 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
လှိုင်မြို့နယ် မာလာမြိုင် (၇)လမ်းတွင်ရှိသော ၅လွှာတိုက်ခန်းငှါးရန်ရှိသည်။

လိုင်မြို့နယ် မာလာမြိုင် (၇)လမ်းတွင်ရှိသော တိုက်ခန်းသည် ၆၂၅ စတုရန်းပေ ကျယ်ဝန်းပြီး ထပ်ခိုးလည်း ပါဝင်သည့် တိုက်ခန်းသစ်တစ်ခုဖြစ်ပါသည်။ မီးဖိုဘက်တွင်လည်းကြွေခင်းထားပါသည်။...

အသေးစိတ်ကြည့်ရန်

တိုက်​ခန်းဌားမည်

 ရန်ကင်း |  ရန်ကုန်တိုင်းဒေသကြီး
 3 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
တိုက်​ခန်းဌားမည်

ဆက်​သွယ်​ရန်​ ph.09798474751..0930199140..09450029553 သို့ဆက်​သွယ်​​မေးမြန်းနိုင်​ပါသည်

အသေးစိတ်ကြည့်ရန်

ကျောက်တံတား(40)လမ်း တိုက်ခန်းငှားရန်ရှိသည်

 ကျောက်တံတား |  ရန်ကုန်တိုင်းဒေသကြီး
 4 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
ကျောက်တံတား(40)လမ်း တိုက်ခန်းငှားရန်ရှိသည်

12.5×50 ပေ . အဲကွန်း - 1 လုံး . ပရိဘောဂ , ပါကေးခင်း 3F ကျောက်တံတားမြို့နယ်အတွင်းတွင် တည်ရှိသောကြောင့် လူနေထူထပ်သော နေရာတစ်ခုဖြစ်သည်။ နိင်ငံတာကာအဆင့်မှီအဆောက်အဦးကြီးများ၊...

အသေးစိတ်ကြည့်ရန်

သာဓုကန်တွင် စက်မှုဇုန်ငှားရန်ရှိသည်။

 ရွှေပြည်သာ |  ရန်ကုန်တိုင်းဒေသကြီး
 $ 178 (အမေရိကန်ဒေါ်လာ) (တစ်လ) |  စက်မှုဇုန်
သာဓုကန်တွင် စက်မှုဇုန်ငှားရန်ရှိသည်။

သာဓုကန်စက်မှုဇုန် စက်ရုံ (51000 sqft) မီး 315KVA ငှား 1လ 178သိန်း ရွှေပြည်သာမြို့နယ်အတွင်းတည်ရှိသောကြောင့် တည်နေရာအနေအထားအရ ရန်ကုန်မြို့တွင်းဧရိယာများနှင့် အလှမ်းဝေး သော်လည်း...

အသေးစိတ်ကြည့်ရန်

တိုက်ခန်းငှားမည်

 တောင်ဥက္ကလာပ |  ရန်ကုန်တိုင်းဒေသကြီး
 3.50 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
တိုက်ခန်းငှားမည်

တောင်ဥက္ကလာပမြို့နယ် အကျယ်ပေ(18'x54') 1-Master Bed Room 1F RC ခင်း ရေချိုးခန်း/အိမ်သာ/မီးဖိုခန်း

အသေးစိတ်ကြည့်ရန်

အငှားကြော်ငြာများ အားလုံးကိုဆက်လက်ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အလွန်တန်သော လမ်းကောင်းသော တိုက်အိမ်နှင့်ခြံ ရောင်းရန်ရှိသည်

 ရွှေပြည်သာ |  ရန်ကုန်တိုင်းဒေသကြီး
 330 သိန်း (ကျပ်) |  လုံးချင်းအိမ်
အလွန်တန်သော လမ်းကောင်းသော တိုက်အိမ်နှင့်ခြံ ရောင်းရန်ရှိသည်

ရွှေပြည်သာမြို့နယ် ချစ်ကောင်းမှတ်တိုင် ရန်ကြီးအောင်လမ်းမကြီးပေါ်တွင်ရှိသော ပေ(20x60) အသင့်နေထိုင်နိုင်သော တစ်ထပ်တိုက်အိမ်နှင့်ခြံရောင်းရန် ရှိသည် ပါမစ်မြေမူရင်း...

အသေးစိတ်ကြည့်ရန်

တစ်ထပ်တိုက်ရောင်းမည်

 သာကေတ |  ရန်ကုန်တိုင်းဒေသကြီး
 555 သိန်း (ကျပ်) |  လုံးချင်းအိမ်
တစ်ထပ်တိုက်ရောင်းမည်

တစ်ထပ်တိုက်လေးရောင်းချင်ပါတယ် သာကေတမြို့နယ် ရန်ပြေ ၁၅လမ်းအနောက်က ၁၅ပေ×ပေ၆၀အိမ်လေးပါ ဂရံ ကတော့ပေ ၄၀ကွက်ကို သုံးဦးအမည်ပေါက်ပါ ဈေးကတော့ သိန်း ၅၅၅ ခေါ်ထားပါတယ်...

အသေးစိတ်ကြည့်ရန်

အင်းစိန် ရပ်ကွက်သန့် လုံးချင်းအိမ်ရောင်းရန်ရှိသည်

 အင်းစိန် |  ရန်ကုန်တိုင်းဒေသကြီး
 830 သိန်း (ကျပ်) |  လုံးချင်းအိမ်
အင်းစိန် ရပ်ကွက်သန့် လုံးချင်းအိမ်ရောင်းရန်ရှိသည်

အင်းစိန် ရပ်ကွက်သန့်၊ ဦးဖိုးထွန်းလမ်း၊ ဘတ်စ်ကားဂိတ်နှင့်နီး (ခြံ ပေ 20 x 30 ဘိုးဘွားပိုင်မြေ ကားတစ်စီးရပ်ရန်နေရာရှိ၊ ) ဆိတ်ငြိမ်ပတ်ဝန်းကျင်၊ ရေ မီး အဲယားကွန်း အသင့်နေနိုင်...

အသေးစိတ်ကြည့်ရန်

20-60 မြေကွက် နှင့် အသင့်အတင့် အိမ် ရောင်းရန်ရှိသည်

 မြောက်ဥက္ကလာပ |  ရန်ကုန်တိုင်းဒေသကြီး
 600 သိန်း (ကျပ်) |  လုံးချင်းအိမ်
20-60 မြေကွက် နှင့် အသင့်အတင့် အိမ် ရောင်းရန်ရှိသည်

နွယ်သာကီ (7 ) လမ်း အရှေ့ခြမ်း နေအိမ် အရှေ့လှည့် လမ်းသန့် ရပ်ကွက်သန့် ဈေးနီး ကျောင်းနီး စိတ်ကြိုက်ပြင်ဆောက်ရန် / ကန်ထရိုက်ဆောက်ရန် သင့်တော်

အသေးစိတ်ကြည့်ရန်

မင်္ဂလာဒုံ မြေကွက်

 မင်္ဂလာဒုံ |  ရန်ကုန်တိုင်းဒေသကြီး
 530 သိန်း (ကျပ်) |  မြေကွက် ၊ ခြံကွက်
မင်္ဂလာဒုံ မြေကွက်

ပေ ၂၂ x ၅၀ မြေကွက် လူနေစည်ကားသောရပ်ကွက်သန့် အတွင်း , လမ်းသန့် , အိမ်ရှေ့ကွန်ကရစ်လမ်း။ အောင်မင်္ဂလာအဝေးပြေး , ခရေပင်ရိပ်မွန်, အ.ထ.က ၂ (အောင်ဆန်းသူရိယ လှသောင်းကျောင်း) အနီး။ ရာသက်ပန်...

အသေးစိတ်ကြည့်ရန်

အရောင်းကြော်ငြာများ အားလုံးကိုဆက်လက်ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ

အိမ်ခြံမြေများကို ရှာဖွေရန်