အမေရိကန် တစ်ဒေါ်လာ ၁,၃၀၀ကျပ်ရောက်ရှိ

အမေရိကန် တစ်ဒေါ်လာ ၁,၃၀၀ကျပ်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Nov 2016 9:51 am တွင် တင်ခဲ့သည်
2224 ကြိမ် ကြည့်ရှု့ပြီး
ငွေကြေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုး ဆက်လက်ကျနေပြီး နိုဝင်ဘာ ၁၂ရက်၌ ပြင်ပငွေ ကြေးဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင်
ကျပ် ၁,၃၀၀ဈေးပေါက်ခဲ့သည်။

ကုန်သွယ်မှုလိုငွေများနေ ခြင်း၊ အစိုးရဘတ်ဂျက်တွင် လို ငွေများနေခြင်းတို့က နိုင်ငံခြားငွေ တန်ဖိုးမြင့်တက်ရန် တွန်းအားတစ်ခုဖြစ်သည်ဟု စီးပွားရေးပညာရှင်များကပြောသည်။

အစိုးရသစ်သက်တမ်းခုနစ် လအတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၀၀ ခန့်မြင့်တက်လာခဲ့သည်။ ဧပြီ ၁ ရက်တွင်တစ်ဒေါ်လာလျှင် ၁,၂၀၀ကျပ်ခန့်ဈေးပေါက်ရာမှ နိုဝင်ဘာ ၁၂ရက်တွင် ၁,၃၀၀ကျပ်သို့မြင့် တက်လာသည်။ ကြားကာလအတွင်းမှာလည်း အတက်အကျအကြိမ်ကြိမ်ဖြစ်ပြီး အောက်တိုဘာလဆန်းတွင် တစ်ဒေါ်လာ ၁,၃၀၀ ကျပ်ခန့် ရောက်ရှိချိန်၌ မြန်မာနိုင် ငံဗဟိုဘဏ်က ပုဂ္ဂလိကဘဏ် များအား ပြင်ပဈေးကွက်တွင် ၀င် ရောက်ဈေးမကစားရန်သတိပေး ခဲ့သည်။

ထိုသို့ သတိပေးပြီး နောက်တစ်ရက်ကစတင်၍ ဒေါ် လာတန်ဖိုးပြန်လည်ကျဆင်းပြီး နောက် ရက်ပိုင်းအတွင်း ပြန် လည်မြင့်တက်လာသည်။ အောက်တိုဘာလအတွင်း အ တက်အကျသုံးကြိမ်ရှိခဲ့ပြီး နိုဝင် ဘာလဆန်း၌ ဆက်တိုက်ပြန် မြင့်တက်လာခဲ့ရာ နိုဝင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၈၉ကျပ်သို့ ရောက်ရှိလာသည်။

‘‘မြန်မာနိုင်ငံအနေနဲ့ ဒေါ် လာတန်ဖိုးတက်တာ စိုးရိမ်စရာ ပဲ’’ဟု စီးပွားရေးပညာရှင်ဦးလှ မောင်ကပြောကြားသည်။

ကုန်သွယ်မှုတွင် ပို့ကုန်ပမာ ဏထက် သွင်းကုန်ပမာဏက
ပိုများနေပြီး ယခုဘဏ္ဍာနှစ် ခုနစ် လကျော်အတွင်း ကုန်သွယ်မှုလို ငွေနှစ်ဘီလီယံကျော်ရှိနေသည်။ အစိုးရဘတ်ဂျက်အတွင်း အသုံးစ ရိတ်ကို ၁,၃၅၄ ဘီလီယံကျပ် ထပ်မံချထားပေးခြင်းကလည်း ငွေကြေးဖောင်းပွပြီး မြန်မာကျပ်ငွေ
တန်ဖိုးကျစေသည်ဟု စီးပွားရေးပညာရှင်များက ပြောသည်။

‘‘ဒီငွေတွေက ပြည်သူတွေ ဆီရောက်ပြီး ဈေးကွက်ထဲသုံးစွဲ ငွေများလာတဲ့အတွက် ငွေကြေး ဖောင်းပွမှုဖြစ်လာမယ်’’ဟု စီးပွား ရေးပညာရှင်ဦးဇော်ဖေ၀င်းက ပြောသည်။

လက်ရှိအစိုးရသက်တမ်းအ တွင်းကျပ်ငွေတန်ဖိုးအတက်အ ကျများခြင်းကြောင့် ငွေကြေးနယ် ပယ်၌ ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန်ပြင်ဆင်နေ သည်ဟု နိုင်ငံတော်သမ္မတဦးထင် ကျော်က နေပြည်တော်တွင် အောက်တိုဘာ ၃၁ရက်က ပြု လုပ်သော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး၌ ထည့်သွင်းပြော ကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service