ကနဦး ငွေပေးစရာမလို အဆင့်မြင့်အိမ်ရာအခန်းတွေ ၁၄ နှစ် အရစ်ကျနဲ့ ဝယ်ယူနိုင်

ကနဦး ငွေပေးစရာမလို အဆင့်မြင့်အိမ်ရာအခန်းတွေ ၁၄ နှစ် အရစ်ကျနဲ့ ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
15 Aug 2016 11:09 am တွင် တင်ခဲ့သည်
4826 ကြိမ် ကြည့်ရှု့ပြီး
ကနဦးပေးသွင်းငွေထည့်စရာမလိုဘဲ လေး နှစ်ကနေ ၁၄ နှစ်အထိအရစ်ကျဘဏ်ချေးငွေစနစ်နဲ့ ရောင်းချပေးမယ့် ဧရာချမ်းသာအိမ်ရာစီမံကိန်း အတွင်းက အိမ်ခန်းတွေကို စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

‘အိမ်ခန်းတွေကို ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျပုံစံနဲ့ ရောင်းချပေးတာ ၊down-payment ပေးစရာမလိုတဲ့ ဝယ်ယူမှုကိုတော့ လေးနှစ်နဲ့ ၁၄ နှစ်သတ်မှတ်ထားပြီး ရောင်းချပေးတယ်၊ downpayment ပေး ဝယ်ယူတာ ကိုတော့ နှစ်နှစ်သတ်မှတ်ရောင်း ချပေးထားတယ်”လို့ ဧရာချမ်းသာ အိမ်ရာစီမံကိန်းက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် စာဥမှတ်တိုင်အနီး ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်း အတွင်းမှာ ဆောက်လုပ် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့၇၀ ရာခိုင်နှုန်း လောက်ဆောက် လုပ်ပြီးစီးနေပါ ပြီ။ အကျယ်အဝန်း စတုရန်းပေ ၆၀ဝ အခန်းတွေဖြစ် ပါတယ်။ အခန်းတွေကို စတုရန်း ပေ ၁၂၀ဝ နဲ့ စတုရန်းပေ ၁၈၀ဝ ပုံစံအခန်းတွေ ပြန်လည်ပြင်ဆင်ပြီး တော့လည်း ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းတွေက တစ်စတုရန်းပေကို ကျပ်တစ်သိန်းဖြစ် ပြီး အရစ်ကျဝယ်ယူမှုကတော့ ၁၄ နှစ် အရစ်ကျကို တစ်လကို ကျပ် ၇၈၀,ဝ၀ဝ လစဉ်ပေးသွင်းရမှာပါ။

အဆောက်အအုံအတွင်းမှာ တော့ ၂၄ နာရီ မီးအားပေးစနစ်၊  ဓာတ်လှေကား၊ ကားပါကင်
အ ဆောက်အအုံ၊ ရေကူးကန်၊ အပန်း ဖြေနေရာ၊ ကစားကွင်း၊ ဘတ်စ်ကားဂိတ်တွေနဲ့ တခြားအဆောက် အအုံ တွေပါဝင်သလို တခြားဝန် ဆောင် မှုတွေလည်း ထည့်သွင်း ထားပါတယ်။ လာမယ့် ၂၀၁၈ခု နှစ်အတွင်းမှာ အခန်းတွေ အပ်နှံ ပေးမှာ ဖြစ်ပါတယ်။

အခန်းတွေကို ပုံစံနှစ်မျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ Downpayment နဲ့ ရောင်းချမှုကို ဝယ်ယူသူ တွေအနေနဲ့ ပထမအရစ် ၂၀ ရာခိုင်နှုန်း ကျပ်သိန်း ၁၂၀ နဲ့ ဒုတိယအရစ်ကို ၃၀ ရာခိုင်နှုန်း ၁၈၀ကို နှစ်နှစ်အရစ်ကျပေးသွင်းရမှာပါ။ ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်း သိန်း၃၀ဝ ကိုတော့ မိမိသတ်မှတ်ပေး သွင်းမယ့် ချေးငွေပေါ်မူတည်ပြီး ငါးနှစ်က ၁၀ နှစ်အတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ Downpay-ment ပေး သွင်းစရာမလိုတဲ့ ဝယ်ယူမှုကိုတော့လေးနှစ်အရစ် ကျ သွင်း  အတွက် တစ်လကို ၁,၆၁၀,ဝ၀ဝ ပေးသွင်းရမှာပါ။ ၁၄ နှစ်ပေးသွင်းမှုမှာ တစ်လကို ၇၈၀,ဝ၀ဝ ပေးသွင်းရမှာ ဖြစ်ပါ တယ်။ ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်မှာဖြစ်ပြီး ဘဏ်ချေးငွေအတွက် ၁၃ ရာခိုင်နှုန်းပေးဆောင်ရမှာ ဖြစ်ပါတယ်။ရန်ကုန် မြို့တွင်းမှာ ဝယ်ယူနိုင်သလို မန္တလေးမြို့ အိမ်ရာအရောင်းပြပွဲ မှာလည်း အခန်းပေါင်း ၅၀ ရောင်း ချပေးမှာ ဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service