ဘုတ်ပြင်းမြို့နယ်တွင် ဆီအုန်းစိုက်ပျိုးရန် ကုမ္ပဏီတစ်ခုလျှင် ဧက ၁၃၀,၀၀၀ ကျော် ခွင့်ပြုထားသော်လည်း ဧက ၆,၅၀၀ ကျော်သာ စိုက်ပျိုးဟုဆို

ဘုတ်ပြင်းမြို့နယ်တွင် ဆီအုန်းစိုက်ပျိုးရန် ကုမ္ပဏီတစ်ခုလျှင် ဧက ၁၃၀,၀၀၀ ကျော် ခွင့်ပြုထားသော်လည်း ဧက ၆,၅၀၀ ကျော်သာ စိုက်ပျိုးဟုဆို - Property News in Myanmar from iMyanmarHouse.com
1 Aug 2016 11:00 am တွင် တင်ခဲ့သည်
1385 ကြိမ် ကြည့်ရှု့ပြီး
ဘုတ်ပြင်းမြို့နယ်တွင် ဆီအုန်းစိုက်ပျိုးရန် ကုမ္ပဏီတစ်ခုလျှင် မြေဧရိယာ ၁၃၀,၀၀၀ ကျော် ခွင့်ပြုထားသော်လည်း ဧက ၆,၀၀၀ ကျော်သာ စိုက်ပျိုးထား ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ် ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု ကြေးတိုင်ပြင်ကွင်း၌ ဆီအုန်းစိုက်ပျိုးရန် AIGကုမ္ပဏီကို ၂၀၁၀ ခုနှစ်က မြေဧရိယာ ၁၃၃,၆၀၀ ဧကကို မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြု ပေးထားခြင်းဖြစ်သည်။ အဆိုပါ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့ ဇူလိုင်တွင် သက်ဆိုင်ရာဌာနများ က ကွင်းဆင်းစစ်ဆေးရာ မြေ ၆,၅၉၁ ဧကသာ စိုက်ပျိုးထား ကြောင်း တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဦးမြင့်စန်းကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအ တွင်း စိုက်ပျိုးရေးစီမံကိန်းများအ တွက် ခွင့်ပြုပေးထားသည့် မြေဧ ရိယာများအနက် သတ်မှတ်ကာ လအတွင်း စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသည့်မြေများ ပြန်လည်သိမ်း ယူနိုင်ရေး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ဖြင့် ဇွန်လမှ စတင်ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်သည်။

‘‘သတ်မှတ်ကာလအတွင်း မစိုက်ပျိုးသေးတဲ့ ဧရိယာတွေကို တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့အ စည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်ရယူပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဆက်လက်တင်ပြဖို့ လုပ်ဆောင်နေပါတယ်’’ ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦး မြင့်စန်းက ပြောကြားသည်။

စိုက်ပျိုးရေးစီမံကိန်းများကို ကွင်းဆင်းစစ်ဆေးရာတွင် မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများစီ မံခန့်ခွဲရေးဥပဒေမပြဋ္ဌာန်းမီခွင့်ပြု ထားသော ဧရိယာများနှင့် ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ခွင့်ပြုထား သော ဧရိယာများအဖြစ်စာရင်းပြု စုနေကြောင်းသတင်းရရှိသည်။

‘‘တကယ်လို့ စီမံကိန်း အ ပြည့်အ၀ အကောင်အထည် မ ဖော်နိုင်တဲ့ မြေတွေကို နိုင်ငံတော် က မြေလွတ်၊ မြေရိုင်းများအနေနဲ့ သိမ်းပြီး ခွင့်ပြုချက်ပြန်ပေးမယ်ဆိုရင် စစ်ဘေးရှောင်တွေနဲ့ ပြန် လည်အခြေချဖို့လိုအပ်တဲ့ဒေသခံ တွေကို ဦးစားပေးစဉ်းစားစေချင် ပါတယ်’’ဟု တနင်္သာရီမြို့မှ မြေ ယာ သိမ်းဆည်းခံတောင်သူများ အရေး ဆောင်ရွက်နေသော ဦး စန်းငွေကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအ တွင်း ၂၀၁၀မတိုင်မီ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်အပါအ၀င် အခြားမြို့နယ်များတွင် ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းများအတွက်ဆိုကာ ကုမ္ပဏီများက မြေယာဧကပေါင်းများစွာရယူထားကြောင်း သတင်းရရှိသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service