ခွင့်ပြုကွန်ဒို သက်တမ်းမတူလို့ ၀ယ်သူတွေ စစ်ဆေးသင့်

ခွင့်ပြုကွန်ဒို သက်တမ်းမတူလို့ ၀ယ်သူတွေ စစ်ဆေးသင့် - Property News in Myanmar from iMyanmarHouse.com
9 May 2016 12:15 pm တွင် တင်ခဲ့သည်
1167 ကြိမ် ကြည့်ရှု့ပြီး
ကွန်ဒို ၀ယ်ယူတဲ့သူတွေအနေနဲ့ မြေအချိုးကျပိုင်ဆိုင်ခွင့် ရရှိပေမယ့် တချို့ကွန်ဒိုတွေရဲ့ ခွင့်ပြုချက်ရထားတဲ့ သက်တမ်းကနည်းတာကြောင့် ကွန်ဒိုရဲ့ သက်တမ်းက ဘယ်နှနှစ်၊ကာလဘယ်လောက်ဆိုတာမျိုး စစ်ဆေးသင့်လို့ အကျိုးဆောင်ရှေ့နေတချို့ကပြောပါတယ်။

ကွန်ဒိုဈေးကွက်ထဲမှာအများစုက ဘီအိုတီစနစ်နဲ့ တည်ဆောက်ကြသလို ဘိုးဘွားပိုင်မြေ ဂရန်မြေတွေမှာလည်း တည်ဆောက်ကြပါတယ်။သက်ဆိုင်ရာဌာနကနေ ခွင့်ပြုပေးထားတဲ့ သက်တမ်းက မတူညီကြတာကြောင့် ၀ယ်သူအနေနဲ့ စီစစ်သင့်တယ်လို့ သိရတယ်။
ပုံမှန်အားဖြင့်ဘီအိုတီစနစ်တွေမှာ နှစ် ၅၀ ခွင့်ပြုပြီး သက်တမ်းတိုး ၁၀နှစ် နှစ်ကြိမ်ဖြစ်တာကြောင့် နှစ် ၇၀ ပိုင်ဆိုင်ခွင့်ရတာတွေလည်းရှိပါတယ်။

အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက မြေကိုပိုင်တယ်လို့ ဘယ်သူမှ ပြောလို့မရပါဘူး ဂရန်ကအစ အားလုံးက မြေငှားစာချုပ်တွေအဖြစ် ထုတ်ပေးထားတာပါ၊နှစ်၃၀ ၊ နှစ်၆၀ ၊ နှစ်၉၀ ၊မြေငှားစာချုပ်အစိုးရက ငှားတာပါ၊ဘယ်လိုမြေပေါ်မှာပဲဆောက်ထားတာဖြစ်ပါစေ မှတ်ပုံတင်ထားတာဆိုရင် သတ်မှတ်ပေးထားတဲ့ သက်တမ်းအတိုင်း ပိုင်ဆိုင်ခွင့်ရပြီး အပေါင်ထားခွင့်ရမှာပါ လို့ ရှင်းပြပါတယ်။

စုပေါင်းပိုင် အဆောက်အအုံဥပဒေမှာပါဝင်တဲ့ အခန်း၅မှာ စုပေါင်းပိုင် အဆောက်အအုံအဖြစ် အသိအမှတ်ပြုလိုလျှင် မြေလက်ရှိပိုင်ဆိုင်ထားသူက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး စုပေါင်းပိုင်ဆိုင်ခွင့် ရှိသူတွေကို မြေကိုလွှဲပြောင်းပေးရတာဖြစ်တယ်။

နိုင်ငံပိုင်မြေပဲဖြစ်ဖြစ်၊ဘယ်လိုမြေပဲဖြစ်ပါစေ ကွန်ဒိုဆောက်ချင်တယ်ဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ မှတ်ပုံတင်စားရင်းသွင်းတဲ့ ဌာနနှစ်ခုမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။မှတ်ပုံတင်ထားတဲ့မြေဆိုရင် ဌာနနဲ့ မပက်သက်တော့ဘူးလို့ သိရပါတယ်။

ကွန်ဒိုအဆောက်အအုံတွေဆောက်လုပ်နေဆဲ ကွန်ဒိုအဆောက်အအုံတွေကိုလည်း ဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွဲ့စည်းထားတဲ့ စုပေါင်းပိုင်အိမ်ရာ စီမံခန့်ခွဲရေးကောမတီမှာ လျှောက်ထားလို့ ရတယ်လို့သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ဝင်းက ကွန်ဒိုတွေကြည့်ရင် ဌာနဆိုင်ရာမြေတွေပေါ်မှာ ဆောက်ထားတာတွေများတယ် ၊ပထမနှစ် ၅၀ ထပ်တိုး ၁၀နှစ် နှစ်ကြိမ်ဆို နှစ် ၇၀ မြေအငှားသဘောတူပြီး ဆောက်ကြတာ၊ဒီနှစ်အတွင်းမှာပိုင်ဆိုင်တယ်ပြောမှ ပေါင်တာငွေချေးတာမျိုးရနိုင်မှာပါ၊ရပိုင်ခွင့်ကလည်း အခန်းပိုင်ရှင်ပဲရမှာ ၊ဥပဒေမှာ သေချာပြဌာန်းထားတဲ့ အချက်တွေတချို့ ကဏ္ဍတွေမှာ မပါဘူးလို့ ပြောပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service