ကျူးကျော်ပြဿနာဖြေရှင်းရန် စာရင်းပြုစုနေပြီး ကျူးကျော်သူများအတွက်အစိုးရက မြေရအောင် လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ပြောကြား

ကျူးကျော်ပြဿနာဖြေရှင်းရန် စာရင်းပြုစုနေပြီး ကျူးကျော်သူများအတွက်အစိုးရက မြေရအောင် လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
26 Apr 2016 11:20 am တွင် တင်ခဲ့သည်
1345 ကြိမ် ကြည့်ရှု့ပြီး
ကျူးကျော်ပြဿနာအား ဖြေရှင်းနိုင်ရန် လက်ရှိအချိန်တွင် စာရင်းပြုစုနေကြောင်း နှင့် လက်ရှိအစိုးရသည် ဘူဒိုဇာအစိုးရ မဖြစ်လိုဘဲ ဘ၀တိုးတက်အောင် လုပ်ဆောင်လိုပြီး အခြေအနေကြောင့် ကျူးကျော်ဖြစ်နေရသူများအတွက် အစိုးရတွင် တာဝန်ရှိကြောင်း နှင့် လက်ရှိတွင် အစိုးရက မြေနေရာရအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည် စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် စက်မှု ဇုန်(ရန်ကုန်) ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ ရွှေ့ပြောင်းလုပ်သားက အရမ်းများတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မှာပဲ အလုပ်ရှိတယ်။ ဒီတော့ ကျွန်တော်တို့က ပြေလည်အောင် ရှင်းပေးမယ်။ တိုက်ခန်းဆောက်ပြီး ရောင်းပေးမယ်ဆိုရုံနဲ့ မပြေလည်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အဲဒီလောက် ပိုက်ဆံမရှိနိုင်ဘူး။ ပထမတော့ ရပ်ကွက်ထဲမှာ ၅၀၀၀၀ နဲ့ ငှားပြီးနေနိုင်တယ်။ သူငယ်ချင်းငါးယောက် တစ်ယောက် တစ်သောင်းပေါ့။ ကျူးကျော်တဲ ပေါ်လာချိန်မှာ သူတို့က မဆောက်ရဲဘူး။ ငါးသောင်း၊ တစ်သိန်းနဲ့ သွားဝယ်လိုက်တယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့က ဘူဒိုဇာနဲ့ သွားထိုးလို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒီစက်ရုံလုပ်သားတွေက နိုင်ငံ့အတွက် အသုံးတည့်တဲ့သူတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ အစိုးရက မြေရအောင် လုပ်ပေးမယ်။ မြေကို ထိုက်တန်တဲ့ အခြေအနေတစ်ခုနဲ့ ညှိနှိုင်းမယ်။ ကျွန်တော်တို့က သူ့ကို အဝေးကြီးသွားထားလို့ မရဘူး။ အဝေးကြီးသွားထားရင် သူတို့က ပြန်ကျူးကျော်လာမယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်တွင် လက်ရှိ လည်ပတ်နေသည့် စက်ရုံ ၆၀၀ ကျော်ရှိနေပြီး ကျူးကျော်တဲ အရေအတွက်မှာ ၈၀၀၀ ခန့် ရှိနေကြောင်းနှင့် ထိုကျူးကျော်တဲများကြောင့် ကျန်းမာရေးပြဿနာ၊ တရားဥပဒေစိုးမိုးမှု ပြဿနာများ ဖြစ်ပွားစေနိုင်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌက ဆွေးနွေးသည်။

“ကျူးကျော်ကိစ္စကတော့ စာရင်းပြုစုနေပါတယ်။ ကျွန်တော်တို့ ရောချလိုက်တာမျိုး မလုပ်ချင်ဘူး။ တကယ် အလုပ်လုပ်ချင်တယ်။ တကယ် ဘ၀ကို တိုးတက်အောင်
လုပ်ချင်တယ်။ အခြေအနေအကြောင်းကြောင့် ကျူးကျော်နေရတယ်ဆိုရင် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ဘူဒိုဇာအစိုးရ မဖြစ်ချင်ဘူး။ တွန်းထုတ်လိုက်ပြီး ဒီနေရာကနေ နောက်တစ်နေရာ ရောက်သွားတယ်ဆို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ ဒီကိစ္စကို ကျွန်တော်တို့ ရှင်းပေးမယ်။ ကျူးကျော်လိုမျိုးကိစ္စတွေဟာ
အချိန်တစ်ခု ယူပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ ဖြေရှင်းနိုင်မယ့် အချိန်ဖြစ်ပါတယ်။ ပိုဆိုးသွားပြီး ပြဿနာကို ပိုကြီးလာမယ့် အခြေအနေမဖြစ်ရပါဘူး။
ရှေးကတည်းက ဆင်းရဲပြီး နေစရာမရှိတဲ့သူတွေက လုပ်စားသူတွေရဲ့ အသုံးချခံဖြစ်နေပါတယ်။ ဒါကို မှန်မှန်ကန်ကန် ဆောင်ရွက်ပါမယ်” ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service