ကားအဟောင်းကို ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံကိုယ်ထည်ကားအဖြစ် ပြောင်းလဲခဲ့

ကားအဟောင်းကို ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံကိုယ်ထည်ကားအဖြစ် ပြောင်းလဲခဲ့ - Property News in Myanmar from iMyanmarHouse.com
8 Mar 2016 9:45 am တွင် တင်ခဲ့သည်
1310 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်နိုင်ငံသား စက်ပြင်ဆရာ တစ်ဦးဟာ ၁၆ နှစ်သက်တမ်းရှိတဲ့ Volkswagen Passat ကားအဟောင်းကို ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံ ကိုယ်ထည် တပ်ဆင်ထားတဲ့ ကားအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲပြင်ဆင်ဖို့ ပေါင် ၅၀၀၀ အကုန်အကျခံပြီး ၇ လအချိန်ယူခဲ့ရတာပါ။ အိမ်ပုံစံကိုယ်ထည်ကို သံမဏိနဲ့ တည်ဆောက်ထားပြီး ကားခေါင်းခန်းကနေ အဖွင့်အပိတ်လုပ်နိုင်တဲ့ ပါဝါတံခါးတွေ တပ်ဆင်ခဲ့ထားပါတယ်။ ကားထဲမှာ လေအေးပေးစက် တပ်ဆင်ထားပြီး သားရေထိုင်ခုံတွေ၊ သီချင်းနားထောင်နိုင်တဲ့ စပီကာတွေ ထည့်သွင်းထားတဲ့ ဒီကားဟာ ၂ တန်အလေးချိန်ရှိပါတယ်။

ကီဗင်နစ်ဟာ သူ့ကားကို ပြီးခဲ့တဲ့နှစ်အတွင်း ပုဂ္ဂလိက လေယာဉ်ကွင်းမှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး တစ်နာရီ ၇၀.၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်ခဲ့ပါတယ်။ အဲဒီအမြန်နှုန်းဟာ တစ်နာရီ ၅၈.၄ မိုင်နှုန်းသာ မောင်းနှင်နိုင်ခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံကိုယ်ထည်ကားရဲ့ စံချိန်ကို အပြတ်အသတ် အသာစီးယူနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ကြော်ငြာတွေအတွက် ကီဗင်နစ်ရဲ့ကားကို စိတ်ဝင်စားခဲ့ကြပါတယ်။ သီတင်းပတ် အနည်းငယ်အတွင်း ကီဗင်နစ်ဆီ ဖုန်းဆက်တဲ့ ကုမ္ပဏီ ၂၀ ကျော်ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကားကို လမ်းပေါ်မှာမောင်းဖို့ ယာဉ်မောင်းနဲ့ ယာဉ်ဆိုင်ရာ စံနှုန်းများအေဂျင်စီ(DVSA)ရဲ့ စမ်းသပ်မှု ခံယူဖို့ လိုအပ်ခဲ့ပြီး စစ်ဆေးမှုခံယူဖို့ ကြန့်ကြာခဲ့တာ ပြဿနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ကီဗင်နစ်ဟာ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကို အီးမေးလ်ပို့ခဲ့ပြီး ဒီကိစ္စအတွက် ကူညီပေးဖို့ တောင်းဆိုခဲ့ရာမှာ ဒေးဗစ်ကင်မရွန်က ကီဗင်နစ်ရဲ့ကားကို စိတ်ဝင်စားပြီး စစ်ဆေးမှုခံယူဖို့ကိစ္စအတွက် ယာဉ်မောင်းနဲ့ ယာဉ်ဆိုင်ရာ လိုင်စင်ချထားရေးအေဂျင်စီ အကြီးအကဲထံ စာပို့ပေးခဲ့တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ကီဗင်နစ်ရဲ့ကားဟာ ၄ လခွဲကြာမှ စစ်ဆေးမှု ခံယူခွင့်ရခဲ့ပြီး ကီဗင်နစ်က အဲဒီကားကို တစ်လအတွင်း စစ်ဆေးခံနိုင်ဖို့ပဲ တည်ဆောက်ခဲ့တဲ့အတွက် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပြီး သူ့အနေနဲ့ နောက်ကားတစ်စင်း တည်ဆောက်ရဖို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကီဗင်နစ်က အနာဂတ်မှာ အလန်းစားကားတွေ တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

Credit: yoyarlay
ကားအဟောင်းကို ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံကိုယ်ထည်ကားအဖြစ် ပြောင်းလဲခဲ့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service