အာရှ၏ အခြောက်ကပ်ဆုံးမြို့မှသည် အစည်ကားဆုံးမြို့ဆီသို့

အာရှ၏ အခြောက်ကပ်ဆုံးမြို့မှသည် အစည်ကားဆုံးမြို့ဆီသို့ - Property News in Myanmar from iMyanmarHouse.com
3 Mar 2016 12:35 pm တွင် တင်ခဲ့သည်
1538 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ တော်အနှံ့အပြား၌ ခမ်းနား သော ဈေးဝယ်ကုန်တိုက်ကြီးများ၊ အထပ် မြင့်အဆောက်အအုံများ၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးများ အပြိုင်းအရိုင်းထွက်ပေါ်လာ သည် နှင့်အမျှ ဇီမ်ခံအဆောက်အအုံဈေး ကွက် တစ်ရှိန်ထိုး မြင့်တက်လာမှုသည် တစ်ချိန်က အရှေ့တောင်အာရှ၏ အခြောက် ကပ်ဆုံး မြို့တော်ဖြစ်သည့် ဖနွမ်းပင်မြို့တော် ကို အာရှ၏ ဖွံ့ဖြိုးမှုအမြန်ဆုံးမြို့တော်စာ ရင်းအတွင်း တွန်းပို့ပေးလိုက်ပြီဖြစ်သည်။

မကြာသေးမီက ဖွင့်လှစ်လိုက်သော ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံးမီဂါကုန် ပဒေသာတိုက်ကြီးဖြစ်သည့် အေယွန်ကုန် ပဒေသာတိုက်အတွင်း ကမ္ဘောဒီးယားဈေး ၀ယ်ထွက်သူများက လီဗိုင်း၊ ဂျော်ဒန်းနိုး စသည့်နောက်ဆုံးပေါ် ဖက်ရှင်အမှတ်တံဆိပ် များကို ၀ယ်ယူနေကြသည်။ ဤပဒေသာ တိုက်တွင် ထားရှိသော ခရစ်္စမတ်သစ်ပင် ရှေ့၌ စမတ်ဖုန်းများဖြင့် ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်နေကြသည်။

အရှေ့တောင်အာရှမြို့ကြီးအများ အပြား၌ တွေ့မြင်နေကျဖြစ်သော အထက်ပါ မြင်ကွင်းများကို နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းမှာ တစ်နေ့ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၅ ဒေါ်လာဖြင့် ဘ၀ ရပ်တည်နေရဆဲဖြစ်သည့် ကမေ်္ဘာဒီးယား နိုင်ငံတွင်လည်း တွေ့မြင်နိုင်ပြီဖြစ်သည်။
ဆင်းရဲနွမ်းပါးမှုပြဿနာ ခြေကုပ်မြဲ နေသည့်တိုင် တရိပ်ရိပ်တိုးပွားလာသော ကမ္ဘောဒီးယားလူလတ်တန်းစားများနှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းင်းတို့ပိုင် ငွေကြေးများကို ပြည်တွင်းဈေး ကွက်တွင်သာ သုံးစွဲရေးအတွက် နည်း လမ်းပေါင်းစုံကို ရှာကြံလာကြသည်။ သို့ ဖြစ်ရာ ကမေ်္ဘာဒီးယားကြေးရတတ်များ သည် ယခင်က ဈေးဝယ်လိုလျှင် ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့ သွားရောက်တတ် ကြသော်လည်း ယခုဆိုလျှင် အခြေအနေ များပြောင်းလဲသွားပြီဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး မှုနှုန်း အရှိန်ကောင်းလာသည်နှင့်အမျှ ဖနွမ်းပင်မြို့တော်၌လည်း ခေတ်သစ်ကြေးရ တတ်များအတွက် ကမ်္ဘာသစ်စီမံကိန်းများ ထွက်ပေါ်လာခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ၍ ဂျပန်ကုမ္ပဏီ တစ်ခုက တည်ဆောက်ထားသော အေယွန် မီဂါ ကုန်ပဒေသာတိုက်သည်လည်း တစ်ခု အပါအ၀င်ဖြစ်သည်။

ကမ္ဘာဘဏ်အုပ်စု၏ ခန့်မှန်းချက်အရ ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၁၅ ခုနှစ် စီးပွား ရေးဖွံ့ဖြိုးမှုနှုန်းသည် ၃ ဒသမ ၉ ရာခိုင်နှုန်း အထိ ရှိလာခဲ့ကြောင်း သိရသည်။ တစ်ချိန် တည်းမှာပင် ၂၀၁၅ ခုနှစ် ပထမကိုးလတာ ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံအထိရှိခဲ့ရာ ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာသည့် သဘောဖြစ် သည်။ ကမ္ဘောဒီးယားအိမ်ခြံမြေဈေးကွက် အတွင်း ၀င်ရောက်လာသော ပြည်ပမြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များမှာ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့ဖြစ် ကြသည်။

ကမ္ဘောဒီးယားအိမ်ခြံမြေဈေးကွက် အတက်ကြမ်းလာသည်နှင့်အမျှ တစ်ချိန်က အာရှ၏ ပုလဲရတနာဟု ထင်ရှားခဲ့ဖူးသော ဖနွမ်းပင်မြို့တော်၏ မူလမြို့ပြပုံစံထိခိုက် ခံရသည့်အရေးသည်လည်း စိုးရိမ်ရမည့် ပြဿနာတစ်ရပ် ဖြစ်လာခဲ့ရသည်။ ပြင်သစ် ကိုလိုနီလက်အောက် ကျရောက်ခဲ့စဉ်အတွင်း တည်ဆောက်ထားသည့် ဥရောပ၏ လမ်းမ ကြီးများ၊ ဥယျာဉ်များနှင့် ညီညာလှပသော လူနေအိမ်တန်းများကြောင့် ဖနွမ်းပင်မြို့ သည် တစ်ချိန်က အာရှ၏ အလှပဆုံးမြို့ တော်များ စာရင်းတွင် ပါဝင်ခဲ့ဖူးသည်။

ဖနွမ်းပင်မြို့တော်၏ ဥရောပမြို့ပြ အခင်းအကျင်း ဗိသုကာ အမွေအနှစ် သည် ကမ္ဘာကျော်ကြောင်း၊ သို့ရာတွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက် အတက်ကြမ်းမှုကြောင့် ဖနွမ်းပင်၏ ဥရောပဗိသုကာဟန် မြို့ပြအခင်းအကျင်း ကို ကိုယ်စားပြုသော အဆောက်အအုံများ ဖျက်သိမ်းခံရမည့်အရေး စိုးရိမ်မိကြောင်း အာရှဖောင်ဒေးရှင်းအဖွဲ့က ပြောကြား ထားသည်။ ယခုပင်လျှင် ကမ္ဘောဒီးယား အိမ်ခြံမြေဈေးကွက် ပေါက်ကွဲမှုကြောင့် နာမည်ကျော်ကမေ်္ဘာဒီးယားဗိသုကာပညာ ရှင် ဗင်မိုလီဗင်ပုံစံထုတ်တည်ဆောက်ခဲ့ သော ဂန်္ထ၀င်ဟန်အဆောက်အအုံများ ပျောက်ကွယ်ဆုံးရှုံးခဲ့ပြီဖြစ်သည်။

အလားတူ ကမ္ဘောဒီးယားငွေရှင် ကြေးရှင်များက အသစ်အသစ်သော ဘ၀ နေထိုင်မှုပုံစံများကို ခံစားရန် ငွေထုပ်ပိုက် တန်းစီစောင့်ဆိုင်းနေကြချိန်တွင် ဖနွမ်းပင် မြို့တော် အစွန်အဖျားဒေသများ၌ နေထိုင် သည့် မြို့ပြနေဆင်းရဲသားအရေအတွက် သည်လည်း တဖြည်းဖြည်းမြင့်တက်လာရာ အမြတ်အစွန်းရှိမည့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း များ ဆက်လက်ကျယ်ပြန့်လာဦးမည့်အခြေ အနေရှိသည်။
သို့ရာတွင် ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်းများစွာ ဓားမိုးအုပ်ချုပ်ခဲ့သော ၀န်ကြီးချုပ်ဟွန်ဆန်ကမူ ဖနွမ်းပင်မြို့တော် ၏ လျင်မြန်သောအသွင်ကူးပြောင်းမှုကို ထိန်းချုပ်မည့်လက်္ခဏာကို မပြခဲ့ပေ။ ခမာနီ အစိုးရသာ ဆက်လက်အုပ်ချုပ်မည် ဆိုလျှင် ဖနွမ်းပင်မြို့တော်မှာ အုန်းတော အဖြစ်က တက်ဦးမည်မဟုတ်ကြောင်း၊ သေဆုံးနေသည့် ဖနွမ်းပင်မြို့တော် အသက် ၀င်လာရေးအတွက် ကမ္ဘောဒီးယားပြည်သူ တို့က သုညမှစ၍ ကြိုးပမ်းခဲ့ရကြောင်း ၀န်ကြီး ချုပ်ဟွန်ဆန်က ပြောကြားခဲ့ဖူး သည်။

ဖနွမ်းပင်မြို့တော် ပြန်လည်အသက်ဝင် ရေးအတွက် ကြိုးပမ်းခဲ့သော ကမ္ဘောဒီး ယားပြည်သူတိုင်း ဖွံ့ဖြိုးမှုအသီးအပွင့်ကို ခံစားခွင့်မရှိသေးပေ။ အေယွန်ကဲ့သို့သော မီဂါကုန်ပဒေသာတိုက်ကြီးများသို့ ၀င် ရောက်လာသော ကမေ်္ဘာဒီးယားပြည်သူ အများစုမှာ ဈေးနှုန်းကြည့်ပြီး ပြန်ထွက် လာရသူများဖြစ်သည်။

စာကိုး -Phnom Penh turns from ghost town to boom town.

မျိုးဝင်းမောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service