အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု (သို့) ဇာတ်လမ်းဇာတ်ကွက်သစ်တွေ ကြားက နစ်မွန်းနေရဆဲဖြစ်တဲ့ အမေ့လျော့ခံဘဝများ

အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု (သို့) ဇာတ်လမ်းဇာတ်ကွက်သစ်တွေ ကြားက နစ်မွန်းနေရဆဲဖြစ်တဲ့ အမေ့လျော့ခံဘဝများ - Property News in Myanmar from iMyanmarHouse.com
18 Dec 2015 3:21 pm တွင် တင်ခဲ့သည်
8529 ကြိမ် ကြည့်ရှု့ပြီး
၁၉၆၂ ခုနှစ် မတိုင်ခင်က အာရှတိုက်ရဲ့အကောင်းဆံုး ဆိုတဲ့လေဆိပ် တစ်ခုထဲမှာ ပါဝင်ခဲ့တယ့် မင်္ဂလာဒုံလေဆိပ်ကြီး ၊ စင်ကာပူကို တည်ထောင်ဖို့ အတွက် ရန်ကုန်မြို့ကို လာရောက်လေ့လာခဲ့ရတယ့် စင်ကာပူရဲ့ ခေါင်ကိုင်ဖခင်ကြီး လီကွမ်ယူ တို့ အကြောင်း ယနေ့ခေတ် လူငယ်တွေကို ပြောပြမယ်ဆိုရင် အိပ်ရာ ဝင်ပုံပြင်တစ်ခုလို စိတ်ကူးယဉ်ဇတ်လမ်းတွေ လို့ ထင်နေကြမှာ ဖြစ်ပါတယ်။

လွှဲမှားတယ့် စီမံခန့်ခွဲမှု့တွေကြား နှစ်ပေါင်း ၅၀ ကျော်ပိတ်မိနေတယ့် မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းရဲ့ ထိုးနှက်ချက် ၊ များပြားလှတယ့် တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ဖြစ်နေတယ့် ပြည်တွင်းစစ်မီးကြောင့် ဇာတိနေရပ် စွန့်ခွာ ပြီး မြို့တက်လုပ်ကိုင်စားသောက်ရတဲ့ ဆင်းရဲသား ပြည်သူတွေ အတွက် စားရေး၊ ဝတ်ရေး ၊ နေရေး ဆင်းရဲနိမ့်ကျ မှုတွေ အများအပြားရှိနေဆဲဖြစ်ပါတယ်။

စားရေး ၊ ဝတ်ရေး ၊ နေရေးမှာ အရေးကြီးဆုံးက ကျောတစ်နေရာချစရာ နေရာတစ်နေရာ ရဖို့ ဘယ်လောက်အရေးကြီးတယ် ဆိုတာ အားလုံး သိရှိကြပါတယ်။ နေရေး အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ အတွက် မကြာခဏ ဆိုသလို ခေတ်အဆက်ဆက်မှာ ကယ်တင်ရှင်ဆိုသူတွေ ပေါ်လာတက်ပေမယ့် နောက်ဆုံးမှာ တော့ အလိမ်အညာ ဇတ်လမ်းဇတ်ကွက်တွေနဲ့ ဘဲ အဆုံးသတ်ခဲ့ရပြီး သုမနကျောက ဒဏ်ရာတွေထပ်ပြီး တိုးလာတာဘဲ ရှိပါတယ်။

ကျောတစ်ခင်းစာ အတွက် နေစရာရဖို့ ပွဲစားအဆင့်ဆင့်နဲ့ သက်ဆိုင်ရာ အာဏာပိုင် အချို့ကို လိုင်းဝင်ရတာတွေ ရှိလာတယ့် အပြင် ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အတွက် ဆင်းရဲသား အိမ်ရာတွေ ဖော်ထုတ်မယ် ဆိုပြီးတော့လည်း အဖွဲ့အစည်းအသီးသီးက သုမန တွေ ဆီက ရသလောက် ငွေညှစ်ယူပြီး အဆုံးသတ်မှာ ထွတ်ပြေးသွားကြတယ့် ကယ်တင်ရှင် အတုအယောင်တွေ သာ တစ်နေ့ တစ်ခြား ပိုမိုများပြားလာတာ တွေ့နေရတယ့် ။ အာဏာလက်ဝယ်ရှိသူတွေ ကလိမ်လည်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပါတယ်၊ သူဌေး သင်္ဘော မှောက်တာ ပြသနာ မရှိပေမယ့် သူတောင်းစာခွက်ပျောက်တာ ပိုအဖြစ် ဆိုးနေတယ့် ဘဝ တွေမှာ ဆင်းရဲသားပြည်သူတွေဆီက လိမ်လည်ယူနေကြတာကတော့ ဘယ်လိုမှ ကိုခွင့်လွှတ်ပေးလို့ မရသလို ပျက်စီးသွားတယ့် ဘဝတွေ အတွက်လည်း ကိုယ်ချင်းစာ တရားလေး နဲ့ ကူညီပေးဖို့လိုပါတယ်။

လတ်တလော ပူပူနွေးနွေး ပြောရမယ် ဆိုရင် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အစိုးရဘက် ကဘူဒိုဇာတွေ ၊ ယူနီးဖောင်းဆင်တူ ဝတ်ထားတယ့် လူတွေ ၊ နဲ့ ဖျတ်သိမ်းခဲ့ရတယ့် ရတနာအောင် ကျေးရွာ ဆိုတဲ့ နာမည်လှလှ လေးနဲ့မြို့သစ်တစ်ခုရဲ့ဇတ်လမ်းလေးကတော့ ၊ ဇတ်လမ်း အဆုံးသတ်မှာ မြေကွက်ဝယ်ယူထား မိကြတယ့် ဆင်းရဲသား ပြည်သူတွေသာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသလို လိမ်လည်ထွတ်ပြေးနေတဲ့ အဖွဲ့အစည်းအမည်ခံပုဂ္ဂိုလ်တွကိုလည်း မြေကွက်ပိုင်ရှင်တွေ က တရားစွဲဆိုဖို့ လုပ်နေရပါတယ်။ တွယ်ရာမဲ့ဘ၀ လေးတွေ ပြိုကွဲသွားပါတယ် ဆိုတယ့် ရုပ်ရှင်ဆန်ဆန် ဇာတ်လမ်းလေး ဖြစ်ပေမယ့် ပေ ၄၀ အကျယ် ပေ ၆၀ အကျယ် မြေကွက်ပေါင်း ၅၅၀၀ ကျော်ကို ခပ်တည်တည်အကွက်ရိုက် ရောင်းချပြီး သုမနတွေ အားလုံးကို ဒုက္ခတွင်းထဲမှာ ထားခဲ့ကြပါတယ်။

ဒီလိုမျိုး အစိုးရပိုင်မြေတွေကို ခပ်တည်တည်နဲ့ အကွက်ပေါင်း ၅၅၀၀ ကျော်ထိ ရိုက်ရောင်းစားရဲတယ့် လူတွေရဲ့ဇက လည်း မသေးတယ့်အပြင် တစ်နှစ်ကျော် ပစ်ထားပြီး ပြသနာကြီးလာမှ လာဖြေရှင်းတယ့် အာဏာပိုင်တွေကိုလည်း အားလုံးက မေးခွန်းထုတ်နေ ဆဲ ဖြစ်ပေမယ့်၊ ရောင်းသွားတယ့် သူတွေက ငွေထုတ် ပိုက်ပြီး လစ်သွားကြပြီးဖြစ်ပါတယ်။ ကျန်တာကတော့ ကျန်တဲ့လူတွေ ရှင်းရမှာ ဖြစ်ပေမယ့် ငွေကြေး ၊ ဓန အင်အားနည်းလို့ တန်ဖိုးနည်း မြေကွက်ကို ၀ယ်ထားရတယ့် ပြည်သူတွေ အတွက်ကတော့ ဘယ်လိုမှ ပြန်လည်နလန်ထူစရာ မရှိပါဘူး၊ သင်ခန်းစာ တစ်ခု ရပေမယ့် ဒီသင်ခန်းစာ တစ်ခု အတွက် သုမန တွေ အကြားမှာ ပြန်လည်ပေးဆပ်လိုက်ရတယ့် ဘဝ ပေါင်း ထောင်နဲ့ ချီတဲ့ မိသားစုတွေရဲ့ မနက်ဖြန်ကတော့ ဘယ်လိုတွေ ဖြစ်လာနိုင်မယ်ဆိုတာ မတွေးရဲအောင်ပါဘဲ ။

အမြန်လမ်မကြီးဘေး မိုင်တိုင်အမှတ် ၄ မိုင် ၁ ဖာလုံက အစိုးရပိုင် မြေကွက်ဧကတစ်ထောင်ကျော်ပေါ်မှာ သမ္မတ ဦးသိန်းစိန်ပုံပါတဲ့ ဆိုင်းဘုတ်ကြီးထောင်ပြီး ဆင်းရဲသားပပျောက်ရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ မြေကွက်ပေါင်း ၅၅၀၀ ကျော်ကို ရိုက်ရောင်းစားခဲ့ကြတယ့် အပြင် မြေကွက်ဝယ်ခဲ့သူတွေကိုလည်း ခပ်တည်တည်နဲ့ အစိုးရက ထုတ်ပေးထားတယ့် စလစ်လိုလို ၊ဂရန်လိုလို အသိအမှတ်ပြုကဒ်ပြားတွေ နဲ့ အဖွဲ့အစည်းအမည်ခံပြီး ရောင်းစားနေကြတာ တစ်နှစ်ဝန်းကျင်လောက်ထိ ကြာမြင့်ခဲ့ပြီး ဘယ်အာဏာပိုင် အဖွဲ့အစည်းမှလည်း လာတားတာ မရှိလို့ အရဲစွန့်ဝယ်ခဲ့တယ့် ပြည်သူတွေဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ မြေပိုင်ရှင် အစိုးရဘက်က သူ့မြေကို သူပြန်သိမ်းပြီး ခြံစည်းရိုးခတ် ပြီးဖြစ်သလို ၊ မြေကွက်တွေကရောင်းစားခဲ့တယ့် ငြိမ်းချမ်းရေး အမည်ခံအဖွဲ့အစည်းကဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း ကြက်ပျောက် ဌက်ပျောက်ဆိုသလို ပျောက်ခြင်း မလှ ပျောက်ကုန်တယ့် အတွက် မြေဝယ်ထား မိတယ့် ပြည်သူတွေကတော့ စာရွက်စာတမ်းတွေ ကိုင်ပြီး ဘယ်သူ့ကို အရေးဆိုလို့ ဆိုရမှန်း မသိဖြစ်ကုန်ကြပါတယ် ။

ဘုန်းဘုန်းက ဘုန်းကြီးကျောင်းဆောက်ချင်လို့ ဒကာတွေ လှုထားတယ့် ပိုက်ဆံနဲ့ ပေ ၄၀ ပေ ၆၀ မြေကွက် ပေါင်း ၂၀ ကို တစ်ကွက် ၁၀ သိန်းနဲ့ဘုန်းဘုန်းသူတို့ဆီက ဝယ်လိုက်တာ ၊ အခုအစိုးရ ကသူတို့မြေဆိုပြီးလာ ဖျတ်တော့ ပလုံတာပေါ့ ၊ ငြိမ်းချမ်းရေးဆိုတဲ့ အဖွဲ့တွေက သမ္မတကြီး ဓာတ်ပုံနဲ့ ဆိုင်းဘုတ်တွေထောင် ၊ ဆင်းရဲသား မြို့သစ်ဆိုပြီး ပြောတယ့် အပြင် စာရွက်စာတမ်းပိုင်ဆိုင်မှု အထောက်အထားတွေပါ တံဆိပ်တုံးတွေနဲ့ ထုပြီး ရောင်းတော့ ဝယ်လိုက်မိတာပါ ၊ အခုမှ အစိုးရပိုင်မြေဆိုပြီး ဆိုင်းဘုတ်လာထောင် ဖျတ်သိမ်းတော့ နားမလည်တော့ပါဘူး ၊ ဒီလူတွေကို အခုလို တစ်နှစ်လောက်အထိ အာဏာပိုင်တွေက လက်ပိုက်ကြည့်နေခဲ့ပြီး အခုမှ လာရှင်းတော့ အားလုံးနစ်နာ တာပေါ့ ၊ ဘုန်းဘုန်းကို ရောင်းလိုက်တယ့် လူတွေကတော့ အခုလာဖျက်တဲ့နေ့ရောက်ရော တစ်ယောက်မှ ရှာလို့မတွေ့တော့ဘူး ၊ အရေးယူပေးဖို့ တောင်းဆိုပါတယ် } ဆိုပြီး မြေကွက်ပေါင်း ၂၀ ကျော် ၀ယ်ယူထားတယ့် ဘုန်းတော်ကြီး ဦးဇာဂရ က လည်း ခံစားချက်ကို ပြောပြပါတယ်။

ဇာတ်လမ်းဇာတ်ကွက် မျိုးစုံ နဲ့ လူတွေ အကြိုက် မြေကွက်တွေ ၊ တိုက်ခန်းတွေ ကို လိမ်မည့် လူတွေ အနေနဲ့ အခုနောက်ပိုင်းမှာ ကြိုင်တင်ပြင်ဆင်မှု မျိုးစုံ နဲ့ အထင်တစ်ကြီးဖြစ်စေဖို့ ပြောဆို နေထိုင် ဝတ်ဆင်မှု တွေနဲ့ ဟောက်စား ခြောက်စားပြီး လိမ်လည်လာသလို ၊ ပြင်ပပေါက်ဈေးထက် ချိုသာတယ့် ဈေးနှုန်း ၊ စာရွက်စာတမ်းအထောက်အထား တွေ နဲ့ လိမ်လည်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ လူချမ်းသာတွေ ထက်နေစရာ အိမ်ရာမရှိတယ့် ဆင်းရဲသားတွေဘက်ကို ဦးတည်လိမ်လည်လာတာတွေ တွေ့ရပါတယ်၊ ဥပဒေ ကြောင်းအရ အမှုတည်ဆောက်ရတာကြောင့် ချက်ခြင်း အရေးယူဖို့ ခက်တယ့် အမှုမျိုးဖြစ်တယ့် အပြင် လုပ်ထုံးလုပ်နည်းအဆင့်ဆင့် ၊ တင်ပြမှု့ အဆင့်ဆင့် ကြောင့် အချိန်နှောင်းမှ အာဏာပိုင်တွေဘက်ကအရေးယူခဲ့ရတယ့် ဖြစ်စဉ်တွေ ၊ အများကြိုက်စကားလုံးတွေ နဲ့ ချိုသာတဲ့ ဈေးနှုန်းတွေကို နှစ်သက်သဘောကျတယ့် မြန်မာလူ့အဖွဲ့အစည်းက ဆင်းရဲသား ပြည်သူတွေ ကို ပစ်မှတ်ထားပြီး လိမ်လည်လာကြတာ ဖြစ်ပါတယ်။

ဒီလိုမျိုးဇာတ်လမ်းတွေက မကြာခဏ ဖြစ်လေ့ ဖြစ်ထ ရှိပြီး အချိန်အနည်းငယ် အကြာမှာ လူတွေက မေ့သွားတက်ကြပေမယ့် တကယ်ခံစားခဲ့ရတယ့် မြေကွက်ပိုင်ရှင်တွေ ၊ အလိမ်ခံရတယ့် သူတွေ ၊ မြေကွက်တွေကို ဈေးချိုချိုနဲ့ ရလို့ ဝယ်ဖို့ အတွက် အတိုးကြီးကြီင်္းနဲ့ ငွေယူမြေဝယ်ထားတယ့် သူတွေ အပြင် မရှိမဲ့ ရှိမယ့် ငွေလေးတွေနဲ့ ဝယ်ပြီးနေနေတယ့် ဆင်းရဲသားပြည်သူတွေ ကတော့ နောက်ဆုံးမှာ သွားစရာလာစရာ နေရာ မရှိတယ့် ဘဝတွေမို့ လမ်းဘေးမှာတဲ ထိုးပြီး အာဏာပိုင်တွေဘက်က လာဖျတ်မယ့် အချိန်ကို ကျီးလန့်စားစား နေရ တယ့် နောက်ကျော မလုံတယ့် ဘဝကို သာ ရောက်လို့သွား ပါတော့တယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု (သို့) ဇာတ်လမ်းဇာတ်ကွက်သစ်တွေ ကြားက နစ်မွန်းနေရဆဲဖြစ်တဲ့ အမေ့လျော့ခံဘဝများ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု (သို့) ဇာတ်လမ်းဇာတ်ကွက်သစ်တွေ ကြားက နစ်မွန်းနေရဆဲဖြစ်တဲ့ အမေ့လျော့ခံဘဝများ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု (သို့) ဇာတ်လမ်းဇာတ်ကွက်သစ်တွေ ကြားက နစ်မွန်းနေရဆဲဖြစ်တဲ့ အမေ့လျော့ခံဘဝများ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု (သို့) ဇာတ်လမ်းဇာတ်ကွက်သစ်တွေ ကြားက နစ်မွန်းနေရဆဲဖြစ်တဲ့ အမေ့လျော့ခံဘဝများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service