မြေအသုံးချမှုဇုန် သတ်မှတ်ချက်ကို အတည်ပြုနိုင်ရန် ခက်ခဲ

မြေအသုံးချမှုဇုန် သတ်မှတ်ချက်ကို အတည်ပြုနိုင်ရန် ခက်ခဲ - Property News in Myanmar from iMyanmarHouse.com
26 Nov 2015 11:23 am တွင် တင်ခဲ့သည်
1333 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်မြို့ပြ စီမံကိန်းပညာရှင်များ စုပေါင်းရေးဆွဲထားသည့် မြို့ပြမြေအသုံးချမှုနှင့်
အထပ်မြင့်နယ်မြေသတ်မှတ်ချက်များ ပါဝင်သည့် (Zoning plan) ကိုအများပြည်သူများအကြား ထပ်မံဆွေးနွေးရန် လိုအပ်နေသဖြင့် ယခုအစိုးရသက်တမ်းအတွင်း အတည်ပြုနိုင်မည်မဟုတ်ကြောင်းသက်ဆိုင်ရာကထုတ်ပြန်
ကြေညာလိုက်သည်။

"မြေအသုံးချမှုဇုန် သတ်မှတ်ချက်တွေကို အများပြည်သူကိုလည်း သေသေချာချာချပြဖို့ လိုသေးတယ်။ အသေးစိတ်လုပ်ရမယ့် အပိုင်းတွေရှိသေးတယ်။ အခု
တည်ဆောက်နေတဲ့ စီမံကိန်းတွေကလည်း အထပ်မြင့်ဇုန် သတ်မှတ်ချက်မရှိတဲ့ အချိန်မှာ တက်လာတာဖြစ် တဲ့အတွက် သတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်
ညှိနှိုင်းလုပ်ပေးပါတယ်။ ဒီသတ်မှတ် ချက်တွေကို နောက်လာမယ့် အစိုးရသက်တမ်းတွေမှာ အတည်ပြုနိုင်မယ်လို့ ထင်ပါတယ်။ ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်တွေလည်း ဒီမြေအသုံးချမှုဇုန် သတ်မှတ်ချက်ထဲ ထည့်သွင်းသွားမှာပါ" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲရေးဌာန၊ ဒုတိယဌာနမှူးဦးတိုး အောင်က ပြောသည်။

ကုလသမဂ္ဂမြို့ပြအိမ်ရာများဆိုင်ရာ အစီအစဉ်၏ အဆိုပြုချက်အရ ကမ္ဘာ့နိုင်ငံများရှိမြို့ကြီးများတွင် အထပ်မြင့်အဆောက်အအုံနှင့် လူနေအိမ်ရာစီမံကိန်းများ
ဖော်ဆောင် ရာ၌ စုစုပေါင်းမြေအကျယ်အ၀န်း၏ ၃၀ နှင့် ၃၅ ရာခိုင်နှုန်းကိုလမ်းမြေအဖြစ်နှင့် စုစုပေါင်း မြေ၏ ၁၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းကို
အများပြည်သူအသုံးနိုင်သည့် မြေနေရာများ အဖြစ် သတ်မှတ်ရန်ဖြစ်ပြီး၊အဆိုပါ အကြံ ပြုချက်များကို အသစ်ထွက်ပေါ်လာမည့် မြို့ပြမြေ အသုံးချမှု
ဇုန်တွင် ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်သည်။

လက်ရှိတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့်ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက် ရေး
ဆွဲခဲ့သည့် မဟာ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (Greater Yangon)တွင်လည်း ရန်ကုန် မြို့တော်ဖွံ့ဖြိုးရေးနှင့် မြို့ပြလက္ခဏာများ၊ ယဉ်ကျေးမှု
အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းနိုင်ရန် အထပ်မြင့် အဆောက်အအုံသတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ပြီးဖြစ် သည်။

မြေအသုံးချမှုဇုန်များကို တိတိကျကျ
ပြဋ္ဌာန်းလာနိုင်သည်နှင့်အမျှ အဆောက်အအုံ စီမံကိန်းများကိုလည်း သတ်မှတ်ထားသည့် ဇုန်အတွင်း၌သာ စည်းကမ်းချက်များနှင့် အညီ တည်ဆောက်
ရမည်ဖြစ်သည်။

မြို့ပြမြေ အသုံးချမှုဇုန် သတ်မှတ်ချက် များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် မြို့ပြစီမံကိန်း ပညာရှင်များပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါမြို့မြေအသုံးချမှုဇုန် သတ်မှတ်ချက် မူကြမ်းအရ ရန်ကုန်မြို့တော်ကို ဇုန်ပေါင်း ၁၁ ဇုန်အထိ ခွဲခြားသတ်မှတ်ထားသည်။

အဆိုပါ ဇုန်သတ်မှတ်ချက်မူကြမ်းတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များအသင်းနှင့် အခြားသော အဖွဲ့အစည်း များက ပြင်ဆင်သတ်မှတ်
လိုသည့်အချက် များ ရှိနေသည့်အတွက်လည်း လက်ရှိအစိုးရ သက်တမ်းအတွင်းအတည်ပြုသတ်မှတ်နိုင် ရန် ဖြစ်နိုင်ခြေမရှိသေးဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး
ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ကျော်စိုးကပြောသည်။

"မြို့မြေအသုံးချမှုဇုန် သတ်မှတ်ချက်က တော့ ရှိကိုရှိသင့်တယ်။ သို့သော်လည်း အရင်ကတည်းက လက်လွန်သွားတဲ့ကိစ္စလေးတွေ အများကြီးရှိခဲ့တယ်။ ဥပမာအားဖြင့်Green Zone နေရာမှာ အဆောက်အအုံတွေ ပေးဆောက် လိုက်တာမျိုးပေါ့။ ဒီသတ်မှတ် ချက်တွေသာ အသက်ဝင်သွားရင် ကန်ထရိုက် တိုက်တွေတောင်ဆောက်ဖို့မလွယ်လောက် တော့ဘူး။ တကယ်သာ ထွက်လာခဲ့ရင် အလုပ်လုပ်ဖို့ ကန့်သတ်ချက်တွေ ဖြစ်လာနိုင်တဲ့အတွက် ပြန်လည်တင်ပြထားတာတွေလည်း ရှိပါတယ် "ဟု ၎င်းကပြောသည်။

ထို့ပြင် အကျယ်အ၀န်းအားဖြင့် ၃၀၆ စတုရန်းမိုင်ရှိသည့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း ကုလအဆိုပြုချက်အတိုင်း အတိအကျလိုက်နာရန် အခက်အခဲ
ရှိနိုင် သည့်အပြင် ရန်ကုန် ၃၃ မြို့နယ်အတွင်း ခေတ်အဆက်ဆက်တွင်အဆင်ပြေသလို နေရာချထားခဲ့မှုကြောင့်လည်းအများပြည်သူကန့်ကွက်ချက်
များနှင့် ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်မောင်တင့်ကပြောသည်။

"မြေအသုံးချမှုဇုန် သတ်မှတ်ချက် ထွက် လာရင် ဘာမှကို ပြောစရာမလိုတော့ဘူး။သတ်မှတ်ချက်အတိုင်း ဘယ်နေရာမှာ ဘာ ဆောက်၊ အထပ်မြင့်က ဘယ်လောက်ဆိုပြီး ပြဋ္ဌာန်းချက်အတိုင်း ဆောက်လိုက်လို့ရတယ်။ မထွက်သေးတဲ့ အခြေအနေမှာအရင်က ချထားပေးခဲ့တဲ့အထပ်မြင့်တချို့ကို ဘေးပတ်ဝန်းကျင် တွေက ကန့်ကွက်မှုတွေ ရှိလာတဲ့အတွက် ပြန်စိစစ်ရတာတို့ အထပ်လျှော့တာတို့ လုပ်နေ ရတယ်" ဟု
လည်း ၎င်းကပြောသည်။

Credit: MyanmarTimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service