မြန်မာ စာတိုက်လုပ်ငန်း တိုးတက်စေရန် (JICA) မှ (၃) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1705 ကြိမ် ကြည့်ရှု့ ပြီး

မြန်မာ စာတိုက်လုပ်ငန်း တိုးတက်စေရန် (JICA) မှ (၃) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စာတိုက် လုပ်ငန်းများ တိုးတက်စေရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနထံမှ သိရသည်။

JICAနှင့်ပူးပေါင်းကာစာတိုက်လုပ်ငန်းများ ပြုပြင်ပြောင်းလဲရာတွင် အမြန်ချော သယ်ယူပို့ဆောင်ရေး ကွန်ရက် တိုးတက်ရန်၊ ချောစာသိမ်းဆည်းမှုနှင့် ပေးချေမှုတို့ တိုးတက်ရန်၊ စာတိုက်အတွင်း လုပ်ငန်း ဆောင်ရွက်မှုနှင့် စာတိုက် ၀န်ဆောင်မှု လုပ်ငန်းများ တိုးတက်ရန် တို့အတွက် နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများ ချမှတ်ကာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

''နည်းစနစ်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေတော့ စတင်လုပ်နေပါပြီ။ အခုဆို မြို့ကြီးသုံးမြို့မှာ အမြန်ရောက်ချောပို့စနစ်တွေအတွက် ဆောင်ရွက် ပေးနေပါတယ်။ ဒီလိုလုပ်ငန်းတွေ တိုးတက်ဖို့လည်း (JICA) က ပံ့ပိုးပေးနေပါတယ်။ အတူပူးပေါင်း ဆောင်ရွက်သွားမှာပါ'' ဟု မြန်မာစာတိုက်ကြီး လုပ်ငန်းမှ တာဝန်ခံ အရာရှိ ဦးသောင်းလှိုင်စိုးက ပြောသည်။

လက်ရှိတွင် ပထမနှစ် စီမံကိန်း အဖြစ် ပြည်ပ မှတ်ပုံတင်စာ အ၀င်၊ အထွက်ကဏ္ဍတွင် Barcode အသုံးပြု၍ IPS Light စနစ်ဖြင့် ဆောင်ရွက်သည့် PAQUEL ပရော့ဂျက် အမြန်ချောပို့ ပစ္စည်းများကို နေပြည်တော်၊ ရန်ကုန်ရှိ မြို့နယ် (၁၀) မြို့နယ်နှင့် မန္တလေးရှိ မြို့နယ် ခြောက်မြို့နယ်တို့တွင် နံနက်(၁၁) နာရီမတိုင်မီ ပေးပို့သည့် နေ့ချင်းရောက် စာဝေစနစ်၊ နေပြည်တော် အပါအ၀င် မြို့ကြီး ရှစ်မြို့တွင် အမြန်ချောပို့ ပစ္စည်းများကို အထူးဝန်ဆောင်မှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် ၂၀၁၅ သြဂုတ်လကုန် အထိ လုပ်ငန်းပြည့် စာတိုက်ရုံး (၇၇၉)ရုံး၊ စာတိုက်ခွဲ (၂၁၂) ရုံးနှင့် ကျေးရွာ ကိုယ်စားလှယ် စာတိုက် (၃၉၀)ရုံး၊ စုစုပေါင်း စာတိုက်ရုံး(၁၃၈၁)ရုံးဖွင့်လှစ်ဝန်ဆောင်မှု ပေးနေကာ
ပြည်တွင်း အမြန်ချောပို့ လုပ်ငန်းကို ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ သုံးခုနှင့် Registered Service Provider အဖြစ် ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

Credit: Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မြို့သစ်တည်ဆောက်မှုတွေနဲ့ အတူ အိမ်ရာတွေပေါ်ပေါက်လာမှာလား
စူပါမော်ဒယ်လ် စင်ဒီကရောဖို့ဒ်တို့ ဇနီးမောင်နှံက လော့စ်အိန်ဂျလ်မြို့  မာလီဘူးရှိ နှစ်ရှည်လများနေထိုင်ခဲ့သော စံအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်...
အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အငှားအိမ်ရာများ တည်ဆောက်နေ...
အင်္ဂလန်နိုင်ငံတွင် အလယ်ခေတ်ရဲတိုက်ကြီးတစ်လုံး ပေါင် ၁ သန်းခွဲမျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်စ်က ကွတ်ကီ မာရိုနေးနှင့် စေ့စပ်ပြီးနောက် မန်ဟက်တန်တွင် တိုက်ခန်းလိုက်လံရှာဖွေလျက်ရှိ...
အစိုးရလက်ကျန်ကာလအတွင်း တံတားအစင်းပေါင်း ထောင်ချီ ထပ်မံဆောက်လုပ်ရန်ရှိဟုဆို
ပြည်တွင်းဈေးကွက်တွင် ဒေါ်လာတန်ဖိုး ပြန်ကျ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးရန် တရုတ်သံအမတ်ကြီးပြော
၂၀၁၈ တွင် အာရှပစိဖိတ်၌ ဘီလျံနာဦးရေအများဆုံးကျဆင်း
မန်းစည်ပင်နယ်နိမိတ်အတွင်း အိမ်နံပါတ်၊ လမ်းနံပါတ်များကို ZIP Code များဖြင့် သတ်မှတ်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine