ရန်ကုန်မြို့ အထပ်မြင့်လမ်းစီမံကိန်း ဂျပန်အစိုးရကလည်း ကမ်းလှမ်းမှုရှိနေ - Property News in Myanmar | iMyanmarHouse.com
ရန်ကုန်မြို့ အထပ်မြင့်လမ်းစီမံကိန်း ဂျပန်အစိုးရကလည်း ကမ်းလှမ်းမှုရှိနေ - Property News in Myanmar from iMyanmarHouse.com
2380 ကြိမ် ကြည့်ရှု့ ပြီး

ရန်ကုန်မြို့ အထပ်မြင့်လမ်းစီမံကိန်း ဂျပန်အစိုးရကလည်း ကမ်းလှမ်းမှုရှိနေ

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

ရန်ကုန်မြို့ အထပ်မြင့် လမ်းစီမံကိန်းအတွက် ဂျပန်အစိုး ရကလည်း ကမ်းလှမ်းမှုများရှိနေ ပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်း ၀န်ဦးကျော်လင်းက ပြောသည်။

လတ်တလောတွင် အဆိုပါ စီမံကိန်းအား ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည့် Capital Diamond Star Group ကုမ္ပဏီနှင့် ကိုရီးယားကုမ္ပဏီနှစ်ခုတို့မှ လုပ် ကိုင်ရန် အစိုးရအဖွဲ့သို့ တင်ပြ ထားချိန်တွင် ဂျပန်ကလည်း စိတ် ၀င်စားမှုရှိလာသဖြင့် ယခုကဲ့သို့ ကမ်းလှမ်းလာခြင်းဖြစ်သည်။

‘‘ဂျပန်သံရုံးက ကျွန်တော်တို့ ကို ဆက်သွယ်လာပါတယ်။ စီမံ ကိန်းနဲ့ပတ်သက်ပြီး စိတ်ဝင်တ စား မေးမြန်းတာတွေလည်း ရှိနေ ပါတယ်’’ဟု ဦးကျော်လင်းက 7Day Daily သို့ ပြောသည်။

မြို့တွင်း အထပ်မြင့်လမ်း စီမံကိန်းအား Capital Diamond Star Group (CDSG) ကုမ္ပဏီနှင့် ကိုရီးယားမှ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ နှစ်ခုတို့ ပူးပေါင်းလုပ်ကိုင်မည့် အဆိုပါစီမံကိန်းအတွက် ကနဦး အဆိုပြုချက် (Concept proposal) ပထမအဆင့်ကို ဆောက် လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြ ထားပြီးဖြစ်သည်။

အဆိုပါစီမံကိန်းတွင် မြို့ တွင်းပတ်လမ်းနှင့် မြို့ပြင် ပတ် လမ်းဟူ၍ ခွဲခြားထားရာ အထက် ပါ ကုမ္ပဏီများသည် မြို့တွင်းပတ် လမ်းကို လုပ်ကိုင်ခွင့်ရရှိဖွယ်ရှိ ပြီး ယခု ဂျပန်အစိုးရ ကမ်းလှမ်း သည့် စီမံကိန်းမှာ မြို့ပြင်ပတ် လမ်းလုပ်ကိုင်ခွင့်အား အစိုးရက ခွင့်ပြုဖွယ်ရှိကြောင်း အထက်ပါ ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း၌ ယာဉ် ကြောကျပ်တည်းမှုများကို ဖြေ လျှော့ရန် မြို့ပြင်ပတ်လမ်းကို ဆောင်ရွက်ရန် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက အကြံပေးထားပြီး အကောင်အထည်ဖော်ရန် လို အပ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှု ဌာန ဒါရိုက်တာ ဦးတိုးအောင်က ပြော ကြားသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ရန်ကုန်မြို့တော် ဖွံ့ဖြိုး ရေးစီမံချက် (၂၀၄၀) တွင် ဖြစ် ပေါ် ဖွံ့ဖြိုးတိုးတက်လာရမည့် အ စီအစဉ်များ (YUTRA 2040)၌ ရန်ကုန် မြို့တွင်းပတ်လမ်း (Inner Ring Road) နှင့် မြို့ပြင် ပတ်လမ်း (Outer Ring Road) စီမံချက်များ လုပ်ဆောင်ရမည်ဟု ဆိုထားသည်။

လတ်တလောတွင် ရန်ကုန် ၏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြေ လျှော့ရန် ကိုရီးယားကုမ္ပဏီ နှစ်ခု နှင့် မြန်မာကုမ္ပဏီတစ်ခုက အထပ် မြင့် လမ်းစီမံကိန်းကို လုပ်ကိုင် ခွင့်ရရှိမည်ဖြစ်ပြီး မြို့ပြင်ပတ် လမ်းအနေဖြင့် လတ်တလော လို အပ်ဦးမည်မဟုတ်ကြောင်း မြို့ပြ စီမံကိန်း ပညာရှင်များက ပြော ကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စက်ဝိုင်းမြို့တော် ရန်ကုန်ကို ဘယ်လိုတည်ဆောက်မလဲ
မင်္ဂလာဈေးသစ်ဒီဇိုင်း ဈေးသူဈေးသားများကို ပထမဆုံးချပြ
ကန်ထရိုက်တိုက်ခန်းတွေသဘာဝဘေးဖြစ်ရင် ပိုင်ဆိုင်မှုမခိုင်မာနိုင်
ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းတည်ဆောက်မှု အစိတ်အပိုင်းအချို့အတွက် ဂျပန်ဖွံ့ဖြိုးမှု ရန်ပုံငွေမှ ချေးငွေယူမည်ဟုဆို...
ထိုင်းနိုင်ငံတွင် နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူတို့က ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိ...
အတိုးနှုန်းသက်သာသည့် ဂျပန် ODA ချေးငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဝယ်နိုင်မည်
တရုတ်ပြည်၏ ထိပ်တန်း e-commerce ကုမ္ပဏီကြီး JD Group က ပေကျင်းမြို့တော်ရှိ သက်တမ်းရင့်နေပြီဖြစ်သော အထင်ကရ ဟိုတယ်ကြီးတစ်လုံးကို ယွမ်ငွေ ၂ ဒသမ ၇ ဘီလီယံဖြင့် ဝယ်ယူ...
မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ မူလအမည်ဖြင့် မှတ်ပုံတင်ခွင့်မပြု
McLaren ပြိုင်ကား ကုမ္ပဏီတွင် ရှယ်ယာအများစုပိုင်ဆိုင်ထားသူ ဆော်ဒီဘီလျံနာ မန်ဆော် အိုဂျေးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဧကပေါင်း ၃၅၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ရောင်းချရန်စီစဉ်...
ကွန်ဒိုစီမံခန့် ခွဲရေးကော်မတီက ကွန်ဒိုတွေရဲ့အရည်အသွေးကိုစစ်ဆေးမယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine