စံနှုန်းနှင့်မညီသော ဆောက်လုပ်ရေး ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်းမည်

စံနှုန်းနှင့်မညီသော ဆောက်လုပ်ရေး ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်းမည် - Property News in Myanmar from iMyanmarHouse.com
20 Oct 2015 11:16 am တွင် တင်ခဲ့သည်
839 ကြိမ် ကြည့်ရှု့ပြီး
သတ်မှတ် စံချိန်စံနှုန်းနှင့်အညီ တည်ဆောက်ခြင်းမရှိသော ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ဆောက်လုပ်ရေး ကုမ္ပဏီများကို အမည်ပျက်စာရင်း (Black list ) သွင်း ဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားလိုက်သည်။

အောက်တိုဘာလ (၁၇)ရက်နေ့က ပုသိမ်ကြီး ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်များကို ခေါ်ယူတွေ့ဆုံ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“သတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံ စံချိန်စံနှုန်းနဲ့အညီ သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အထူးမှာကြား လိုတာကတော့ ဧရာဝတီတိုင်းအတွင်း ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် Sub ကန်ထရိုက်ပေးပြီး မဆောင်ရွက်ဖို့လည်း တင်ပြလိုပါတယ်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ကြားသိရရင် နာမည်ပျက်စာရင်း Black list စာရင်းသွင်း ဆောင်ရွက်သွားမှာပါ”ဟု ၎င်းကပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကန်ထရိုက် ရယူထားသော အချို့ကုမ္ပဏီများမှ တာဝန်ရှိသူများသည် ရပ်ဝေးဒေသများတွင် နေထိုင်ပြီး အဆောက်အဦ ဆောက်လုပ်ရာနေရာများ လက်သမား ခေါင်းဆောင်၊ ပန်းရံခေါင်းဆောင်များဖြင့် စေခိုင်းထားသည်ဟု ဦးအေးကျော်က ထည့်သွင်း ပြောကြားခဲ့သည်။

အဆောက်အဦ ကန်ထရိုက်ယူထားသည့် ကုမ္ပဏီများအနေဖြင့် အဆောက်အဦ၏ ကြံ့ခိုင်မှုကို (၅)နှစ် အာမခံရန်လည်း တက်ရောက်လာသော ကုမ္ပဏီပိုင်ရှင်များကို တိုက်တွန်းခဲ့သည်။

“ကျေးလက်ဒေသ ဦးစီးဌာနမှာတော့ နာမည်ပျက်စာရင်းသွင်းတဲ့ ကုမ္ပဏီရယ်လို့ မရှိဘူး။ ဒါပေမဲ့ ပညာရေးဌာန အဆောက်အဦး ဆောက်တဲ့ ကုမ္ပဏီတစ်ခုတော့ Black list သွင်းလိုက်တယ်ကြားတယ်။ ဒီလိုမျိုး အရေးယူခံရတဲ့ ကုမ္ပဏီတွေကိုတော့ လုံးဝကို တင်ဒါတင်ခွင့် မပြုတော့ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးအတွင်းမှ ကုမ္ပဏီပိုင်ရှင်များ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီး ဦးသိန်းအေးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း (၆၀၀)ခန့် တက်ရောက်ခဲ့သည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service