အစိုးရ၏ မြေအသုံးချမှု မူဝါဒကို တိုင်းရင်းသားများ သဘောပေါက်နားလည်မှု ရှိ၊ မရှိ ပြည်နယ်သုံးခုတွင် စစ်တမ်းကောက်ယူမည်

အစိုးရ၏ မြေအသုံးချမှု မူဝါဒကို တိုင်းရင်းသားများ သဘောပေါက်နားလည်မှု ရှိ၊ မရှိ ပြည်နယ်သုံးခုတွင် စစ်တမ်းကောက်ယူမည် - Property News in Myanmar from iMyanmarHouse.com
20 Oct 2015 10:27 am တွင် တင်ခဲ့သည်
850 ကြိမ် ကြည့်ရှု့ပြီး
အစိုးရ ရေးသားထား သည့် ၂၀၁၂ မြေယာအသုံးချမှု မူဝါဒကို တိုင်းရင်းသားဒေသခံ များ ထဲထဲဝင်ဝင်သိရှိစေရန် မကြာမီကာလအတွင်း ပြည်နယ်သုံးခု ၌ စစ်တမ်းကောက်ယူမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် Arakkha ဖောင်ဒေးရှင်းမှ သတင်းရရှိသည်။

ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် စစ်တမ်းကောက်ယူ ရန် ကနဦး စီမံချက်အနေဖြင့် လျာထားပြီး ယင်းမြေယာအသုံးချ မှု မူဝါဒက တိုင်းရင်းသားဒေသခံ များအတွက် ကောင်းကျိုး၊ဆိုးပြစ်သက်ရောက်မှုများကို ဒေသခံများ သိရှိစေရန် ကောက်ယူမည်ဟု Arakkha ဖောင်ဒေးရှင်းမှ ဒေါ်စိုး စိုးဌေးက ပြောသည်။

‘‘အစိုးရ ရေးဆွဲလိုက်တဲ့ ဒီမြေယာမူဝါဒက တစ်ဖက်စောင်း နင်းဖြစ်နေတယ်။ အဲဒီအထဲမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု က မရှိတဲ့အတွက် မြေယာ ပြဿနာတွေက ဆက်ဖြစ်နေဦး မှာပဲ။ တိုင်းရင်းသားတွေရဲ့အသံ ကို စစ်တမ်းကောက်ယူပြီး သက် ဆိုင်ရာဌာနတွေကို တင်ပြသွား မယ်’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

ထိုသို့ စစ်တမ်းများကို ကောက်ယူပြီးနောက် ရရှိလာ သည့် အချက်အလက်များအပေါ် မူတည်ပြီး နိုင်ငံလုံးဆိုင်ရာ တိုင်း ရင်းသားများ မြေယာသုံးစွဲခြင်းနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ဖိုရမ်ဆွေးနွေးပွဲကို ယခုနှစ်မကုန် မီ ပြုလုပ်မည်ဖြစ်သည်။

ပြည်ပနိုင်ငံများတွင် မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ပုဂ္ဂလိ ကပိုင်ဆိုင်မှုဟု သတ်မှတ်ထားရှိ ပြီး မြန်မာနိုင်ငံ၌မူ မြေနှင့် ရေကို အစိုးရကပိုင်ဆိုင်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်
ထားခြင်းကြောင့် လက်ရှိဖြစ် ပေါ်နေသော မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်း ပြဿသာနာဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု
ဒေါ်စိုး စိုးဌေးက ပြောသည်။

မြေ နှင့် သဘာဝအရင်း အမြစ်ဆိုင်ရာ တိုင်းရင်းသားလူ မျိုးများ မိတ်ဖက်အဖွဲ့မှ ကိုစော အဲလက်စ်က ‘‘မြေယာတွေကို ဘယ်လိုပုံစံနဲ့ စီမံခန့်ခွဲသွားမလဲ ဆိုတာ ဘယ်နေရာမှာမှ ဆွေးနွေး မှုမရှိသေးဘူး။ အစိုးရအနေနဲ့ နေ ပြည်တော်မှာထိုင်ပြီး တစ်နိုင်ငံ လုံးမှာရှိတဲ့ မြေယာတွေကို ဘယ် လိုအသုံးပြုမယ်ဆိုတာ တိုင်းရင်း သားဒေသခံတွေနဲ့ တွေ့ဆုံမှု မလုပ်ဖူးသေးဘူး’’ဟု ပြောသည်။

လက်ရှိ မြေယာမူဝါဒကို အုပ်ချုပ်ရေးယန္တရားအတိုင်း သွား နေပါကတိုင်းရင်းသားဒေသများတွင်ရှိသော မြေယာအခွင့်အရေး သည် ပြည်သူလူထုရသင့်ရထိုက် သည့် အခွင့်အရေးများဖြစ်လာ မည်မဟုတ်ကြောင်း ၎င်းက သုံး သပ်ပြောကြားသည်။

ရှမ်း၊ ကရင်နှင့် ကယားပြည် နယ်တို့မှ စစ်တမ်းကောက်ယူကာ ရရှိလာသည့် အချက်အလက်တို့ ကို မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အစိုးရဌာနများ၊ တိုင်းရင်းသားပါတီများနှင့် ခေါင်း ဆောင်များ၊ နိုင်ငံတကာအဖွဲ့အ စည်းများနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံသို့ ပေး ပို့ကာ တိုင်းရင်းသားများ စီမံခန့်ခွဲ ပိုင်ခွင့်ရရှိသည့် မြေယာမူဝါဒ ပေါ်ထွက်လာစေရန် တိုက်တွန်း ပြောဆိုမည်ဖြစ်ကြောင်း ဒေါ်စိုးစိုး ဌေးက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service