ကိုယ်ပိုင်စိုက်ခင်းမှ အော်ဂင်းနစ်သီးနှံများကို သာ အသုံးပြုမည့် Kalaw Hill Lodge ဟိုတယ်တွင်
သဘာဝရှုခင်းများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ဧည့်သည်များ လေ့လာနိုင်ရန်
စီစဉ်ပေးထားသည်။
"ဟိုတယ်တည်ဆောက်မှု ၀န်းကျင်ဧရိယာ နဲ့အနီးတ၀ိုက်ကိုတော့ ခြောက်ဧကလောက်ပဲ
သုံးထားပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောသဘာဝ
အတိုင်းကို လေ့လာနိုင်ဖို့ လျှောက်လမ်းတွေ စီစဉ်ပေးထားပါတယ်။
လာရောက် တည်းခိုမယ့် ဧည့်သည်တွေအတွက်လည်း နံနက်၊ ည တစ်ကြိမ် စိုက်ခင်းနဲ့
မွေးမြူရေးခြံတွေကိုသွားရောက်နိုင်ဖို့ ဧည့်လမ်းညွှန်တွေထားပေးထားပါတယ်။ လမ်းလျှောက်တဲ့အခါမှာလျှောက်နိုင်တဲ့အပေါ်မူတည်ပြီး လမ်းကြောင်းသုံးခု ရွေးချယ်လို့ရပါတယ်။
နာရီဝက်အကြာလေ့ လာရေး လမ်းလျှောက်လမ်းရှိသလို အချိန် နှစ်နာရီခွဲကြာမြင့်မယ့်လမ်းလျှောက် အစီ အစဉ်ကို ထည့်သွင်းထားပါတယ်"ဟု ဟိုတယ် စီမံချက်မန်နေဂျာ
ဦးဝင်းတင်က ပြောသည်။
အဆိုပါ ဟိုတယ်ကို ကလောမြို့ နန်းသဲ ကျေးရွာ၊ ဂေါ်ရခါးကုန်း၌ တည်ရှိသည့် အဆိုပါ
ဟိုတယ်ကို စက်တင်ဘာလ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အဆိုပါဟိုတယ်ကိုကလောမြို့ပေါ်တွင် နန်းသဲဟိုတယ်ဟု ခေါ်ဝေါ်ကြပြီး တည်းခိုခ နှုန်းထားများမှာ
တစ်ခန်းလျှင်အမေရိကန် ဒေါ်လာ၁၃၀ကျသင့်မည်ဖြစ်သည်။
ယခုအခါ ကလောမြို့တွင်
ဟိုတယ် ၃၄ လုံးဖွင့်လှစ် ထားပြီး အခန်းပေါင်း ၇၄၁ ခန်းရှိနေပြီဖြစ်သည်။
Credit : Myanmartimes