အောက်တိုဘာ ၁ ရက်မှစ၍ လိုင်စင်ရ ကုမ္ပဏီများ၏ မြေသားစမ်းသပ်မှု မှတ်တမ်းကိုသာ လက်ခံဟု ဆို

အောက်တိုဘာ ၁ ရက်မှစ၍ လိုင်စင်ရ ကုမ္ပဏီများ၏ မြေသားစမ်းသပ်မှု မှတ်တမ်းကိုသာ လက်ခံဟု ဆို - Property News in Myanmar from iMyanmarHouse.com
5 Oct 2015 11:18 am တွင် တင်ခဲ့သည်
548 ကြိမ် ကြည့်ရှု့ပြီး
အဆောက်အအုံဆောက်လုပ်ရာ၌ တင်ပြရမည့် မြေသား စမ်းသပ်မှုမှတ်တမ်း (Soil Report)များကို စည်ပင်က ခွင့်ပြုထားသည့်ကုမ္ပဏီများ၏စမ်းသပ်ချက်များကိုသာ
အောက်တိုဘာ ၁ ရက်မှစ၍ လက်ခံကြောင်း သတင်းရရှိသည်။

မြေသားစမ်းသပ်မှုလုပ်ငန်း လိုင်စင်အတွက် ကုမ္ပဏီ ၁၁ ခုကို လိုင်စင်ထုတ်ပေးထားပြီးဖြစ်ရာ ယင်းကုမ္ပဏီများ၏ စမ်းသပ်ချက်များကို ကော်မတီက လက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ လုပ်ငန်းဆောင်ရွက်ချက်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရန် ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အဆောက်အအုံအင်ဂျင်နီယာဌာနက ဆိုသည်။

မြေသားစမ်းသပ်မှုလုပ်ငန်းများအတွက် ယခင်က အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးကော်မတီထောက်ခံချက်ဖြင့်
ဆောင်ရွက်နေပြီးယခုလိုင်စင်တင်ခိုင်းခြင်းဖြစ်ကြောင်း မြေသားစမ်းသပ်မှုလိုင်စင်ရ Geotechnics Myanmar ကုမ္ပဏီ ဒါရိုက်တာ ဦးဇာနည်မောင်က ပြောသည်။

‘‘စည်ပင်က အရည်အသွေး မြှင့်ချင်လို့ထင်ပါတယ်။ အခုလို လုပ်တဲ့အတွက် အပယ်ခံရတဲ့ Report တွေ မဖြစ်တော့ဘူး။ အရင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဘယ်မှာ အပ်ရမှန်း မသိဘူးဖြစ်နေတာတွေ။

စည်ပင်ဘက်က ဘယ်မှာ အပ်လို့ လက်မခံတော့ဘူးဆိုတာ မရှိတော့ဘူး။ လိုင်စင်ရထားတဲ့ ကုမ္ပဏီလုပ်ရင် လက်ခံရတော့မယ်။ ဒီပြဿနာ ကင်းသွားတယ်’’ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံ
ံကိန်းများ ကြီးကြပ်စစ်ဆေးရေးကော်မတီခွင့်ပြုချက်ဖြင့်
မြေသားစမ်းသပ်မှုများလုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၂ ခုရှိပြီး လိုင်စင်လျှောက်ထားလိုသည့် ကုမ္ပဏီများသည် အထက်ပါကော်မတီထောက်ခံချက် တင်ပြလျှောက်ထားရမည်ဖြစ်သည်။

ယင်းလိုင်စင်အတွက် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများသာ ခွင့်ပြုကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

Credit: 7Day News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service