ရန်ကုန်မြို့သစ် စီမံကိန်း တင်ဒါအပြီးပြတ် ရွေးချယ်မှု အချိန်ယူဦးမည်ဟုဆို

ရန်ကုန်မြို့သစ် စီမံကိန်း တင်ဒါအပြီးပြတ် ရွေးချယ်မှု အချိန်ယူဦးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
30 Sep 2015 9:47 am တွင် တင်ခဲ့သည်
990 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါ နောက်ဆုံးအဆင့်တွင် ကျန်ရှိခဲ့သည့် ကုမ္ပဏီ သုံးခုကို ဆက်လက်ရွေးချယ်ရန် အချိန်ပေးစစ်ဆေးရမည်ဖြစ်၍ နောက်ဆုံး ရွေးချယ်မည့်
အချိန်ကို အတိအ ကျမပြောနိုင်သေးကြောင်း ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦး ကျော်စိုးက ပြောသည်။

ယခုအစိုးရလက်ထက်တွင် အပြီးသတ်ရွေးချယ်ပေးနိုင်ရန် စီ စဉ်ထားခြင်းရှိ၊မရှိကိုလည်းတိကျစွာ ဖြေကြားပေးနိုင်ခြင်း
မရှိ ပေ။

မြို့သစ်စီမံကိန်းတင်ဒါနှင့် ပတ်သက်ပြီး စောင့်ကြည့်နေသူ များ၊ မြို့ပြပညာရှင်များနှင့် တင် ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပ ဏီအများစုကမူ ရန်ကုန်မြို့သစ် စီမံကိန်းတင်ဒါကို ယခုအစိုးရ လက်ထက်တွင် ရွေးချယ်ပေးနိုင် မည်မဟုတ်ဘဲ
အစိုးရသစ်လက် ထက်ရောက်မှသာ ရွေးချယ်နိုင် ဖွယ်ရှိသည်ဟု ထင်ကြေးပေးခန့် မှန်းပြောကြားနေကြသည်။

ရင်းနှီးမြှုပ်နှံမှုကြီးမားပြီး အ ချိန်ပေးတည်ဆောက်ရမည့် မြို့ သစ်စီမံကိန်းအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က အချိန်ပေးစိ စစ်ခြင်းသာဖြစ်ပြီး အများပြည်သူ အား ပွင့်လင်းမြင်သာမှုရှိစေရန် အဓိကလုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဆိုထားသည်။

‘‘ဒီလောက်သက်တမ်းတိုတိုလေး ကျန်တော့တဲ့ ဒီစီမံကိန်းကို ဘာကြောင့် အလောတကြီး လုပ်ချင်နေသလဲဆိုတာ သံသယဖြစ်စရာပဲ’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအ တွက် စုစုပေါင်း ကုမ္ပဏီ ၂၀ လာ ရောက်လျှောက်ထားသော်လည်း တင်ဒါဖွင့်ဖောက်စစ်ဆေးသည့် စက်တင်ဘာ ၂၂ ရက်တွင် ကုမ္ပ ဏီသုံးခုသာ လာရောက်သဖြင့် နောက်ဆုံးအဆင့်၌ ကုမ္ပဏီ သုံးခုသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

နောက်ဆုံးကျန်ရှိသည့် ကုမ္ပ ဏီသုံးခုမှာ ရန်ကုန်အနောက် တောင်ဒေသဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Busi-ness Capital City DevelopmentLtd နှင့် ရွှေပုပ္ပားအပြည် ပြည်ဆိုင်ရာ
ဆောက်လုပ်ရေး ကုမ္ပဏီတို့ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၄ သြဂုတ်တွင် ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်က စတင်ကြေ ညာခဲ့ပြီး ထိုစဉ်က စီမံကိန်းတည် ဆောက်ရန် မြန်မာ့စေတနာမြို့ သစ်အများပိုင်လီမိတက်ကို ရွေးချယ်ခဲ့သော်လည်း ပွင့်လင်းမြင် သာမှုမရှိဟု ဝေဖန်မှုများရှိခဲ့၍ စီ မံကိန်း ရပ်တန့်ထားခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက်ပန်း လှိုင်မြစ်နှင့် တွံတေးတူးမြောင်း ကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်းကြားတွင် တည်ထောင်မည်ဖြစ်ပြီး ပြီးခဲ့ သည့် ဇွန်လ ၁၅ ရက်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ စီမံ ကိန်းကို အတည်ပြုခဲ့ခြင်းဖြစ် သည်။

ယခုစီမံကိန်းအပြင် ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်၊ ရန် ကုန် အရှေ့မြောက်ပိုင်းမြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတ ပင်နှင့် လှည်းကူးမြို့နယ်တို့တွင် မြို့သစ် စီမံကိန်းများတည် ဆောက်ရန်မဟာ
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း (၂၀၄၀) ကို လွှတ်တော်၌ အတည်ပြုခဲ့ပြီးဖြစ်သည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service