နိုင်ငံခြားသား အငှားအများစု အဆင့်မြင့်တိုက်ခန်း ပိုစိတ်ဝင်စား

နိုင်ငံခြားသား အငှားအများစု အဆင့်မြင့်တိုက်ခန်း ပိုစိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
10 Sep 2015 9:46 am တွင် တင်ခဲ့သည်
1154 ကြိမ် ကြည့်ရှု့ပြီး
မြို့တွင်းက အိမ်ခြံမြေငှားရမ်းမှု ဈေးကွက်မှာတော့ နိုင်ငံခြားသား အများစုဟာ ကွန်ဒိုထက် အဆင့်မြင့်တိုက်ခန်းတွေကို စိတ်ဝင်စားမှုများနေတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

"အငှားဈေးကွက်က လူကြိုက်အများဆုံး မြို့နယ်တွေမှာတောင် ဓာတ်လှေကားနဲ့ တိုက်ခန်းတွေလောက်ပဲ အ၀င်များတယ်၊ တချို့နိုင်ငံခြားသားတွေဆိုရင် ကုန်ကျစရိတ်သက်သာတဲ့ ရိုးရိုးတိုက်ခန်းတွေတောင် ငှားလာကြတယ်"လို့ မြို့တွင်းအိမ်ခြံမြေ အကျိုးဆောင် အန်တီဝါက သူ့အတွေ့အကြုံကို ပြောပါတယ်။

အိမ်ခြံမြေဈေးကွက် တစ်ခုလုံးနီးပါး အေးစက်နေပြီး အငှားလောက်သာရှိပါတယ်။ အရင်က ၀ါတွင်းမှာ အငှားဈေးကွက် လျော့ကျပြီး အ၀ယ်ဘက်လိုက်ပေမယ့် အခုနောက်ပိုင်းမှာတော့ ရောင်းလိုအားသာများပြီး ၀ယ်ယူမှု မရှိသလောက် နည်းပါးပါးပါတယ်။

နိုင်ငံခြားသားအနေများတဲ့ စမ်းချောင်း၊ လှည်းတန်းအစရှိတဲ့ မြို့နယ်တွေကတော့ အဆောင်တွေပါ တခါတည်းငှားရမ်းတဲ့ ဈေးကွက် ဖြစ်ပေါ်နေပါတယ်။

သည်လိုပြင်ဆင်ပြီး ငှားရမ်းတဲ့ ဈေးကွက်ဟာ သာမန်အခန်းတန်ဖိုးထက် နှစ်ဆလောက်ဈေးပိုမို ရရှိပါတယ်။ အရင်က ဒီလိုပြင်ဆင်ပြီး ငှားရမ်းတဲ့ဈေးကွက်ဟာ အဆောင်တွေမှာသာ အများဆုံးပြုလုပ်ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ နိုင်ငံခြားသားအငှားမှာပါ ပြင်ဆင်လာကြတယ်။

"အရင်က ကွန်ဒိုမှာ အနေများပေမဲ့ အခုနောက်ပိုင်း အခန်းပိုင်ရှင်တွေက နိုင်ငံခြားသား စိတ်ဝင်စားအောင် ၀န်ဆောင်မှုတွေထည့်တယ်၊ တချို့အိမ်တွေဆို အသင့်တက်နေရုံ ပြင်ထားတော့ ဈေးနှုန်းအရ သက်သာတဲ့ ဆီကို ပြောင်းလာကြတာ"လို့ စမ်းချောင်းမြို့နယ်က အိမ်ခြံမြေအကျိုးဆောင် မ၀ါဝါက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း အိမ်ခြံမြေဈေးကွက်ဟာ အရင်ကထက် ပိုမိုအေးစက်သွားပါတယ်။ ၀ါတွင်းကာလအပြီး မှသာ အ၀ယ်ပြန်လိုက်ဖို့ မျှော်လင့်နေရ တယ်လို့ သိရပါတယ်။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service