ကျပ်ငွေအစား ဒေါ်လာသုံးစွဲနေမှုများကို ဥပဒေဖြင့်အရေးယူနိုင်ရန် ဗဟိုဘဏ်က သတင်းထုတ်ပြန်မည်

ကျပ်ငွေအစား ဒေါ်လာသုံးစွဲနေမှုများကို ဥပဒေဖြင့်အရေးယူနိုင်ရန် ဗဟိုဘဏ်က သတင်းထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
9 Sep 2015 10:32 am တွင် တင်ခဲ့သည်
1862 ကြိမ် ကြည့်ရှု့ပြီး
ကျပ်ငွေအစား ဒေါ်လာတွင်ကျယ်စွာ အသုံးပြုနေမှုများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေကြေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်မှုများလုပ်သွားမည့် အစီအစဉ် အသေးစိတ်ကို အများပြည်သူသို့ မကြာမီ ထုတ်ပြန်တော့မည်ဖြစ်ကြောင်း ဗဟိုဘဏ် ၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန် ရှိသူက ပြောသည်။

အရေးယူမည့်အစီအစဉ်ကို ယခုနှစ်မကုန်ခင် စတင်နိုင်ရန် ရည်မှန်းထားပြီး လုပ်ငန်းရှင်များ အတွက် ပြင်ဆင်ချိန်ကာလကို အကြမ်းဖျင်းအားဖြင့် နှစ်လတာ သတ်မှတ်ပေးရန် လျာထားကြောင်း ၎င်းက ပြောသည်။ "ဒေါ်လာတွင်တွင်ကျယ်ကျယ်အသုံးပြုနေတာဟာ တစ်နိုင်ငံလုံးစီးပွားရေးကို ထိခိုက်တယ်လို့ ညွှန်ကြားထားပြီးဖြစ်တယ်။ အားလုံးလိုက်နာကျင့်သုံးဖို့ လွယ်ကူအောင် ဒီကိစ္စကိုအဆင့်ဆင့်လုပ်ဆောင် သွားမယ်။ ဘယ်နယ်ပယ်ကနေစမယ်ဆိုတာကို အများပြည်သူကို အသိပေးသွားမယ်" ဟု ဗဟိုဘဏ်၏ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဝင်းသော်က ပြောသည်။

ဒေါ်လာငွေကြေးလိုအပ်ချက်မြင့်တက် မှုကို ကာကွယ်နိုင်ရန် တိုင်းဒေသကြီး အစိုးရ၊ ၀န်ကြီးဌာနများအတွင်း ငွေပေးချေ မှုများကိုလည်း ဒေါ်လာအစား ကျပ်ငွေဖြင့်သာ ဆောင်ရွက် သွားရန် အမိန့်ကြော်ငြာစာကိုလည်း ဗဟိုဘဏ်က ပြီးခဲ့သည့်ဇွန်လ အတွင်းက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပုဂ္ဂလိကကဏ္ဍအတွက်လည်း ထပ်မံကြေညာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဌာနဆိုင်ရာ အားလုံးကပါ အဆိုပါမူဝါဒ ကို ပြင်ဆင်သင့်ပြီး လက်ရှိအချိန်သည် ဆောင်ရွက်ဆဲ ကာလဖြစ် မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောသည်။ "အားလုံးလိုက်နာဆောင်ရွက်နိုင်ဖို့ ကိုယ့်နိုင်ငံ အခြေအနေအရ ပြုပြင် ပြောင်းလဲမှုတွေ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရတာ ရှိပါတယ်။ ကြိုတင်သတိ ပေးရတာ၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရတာတွေရှိတဲ့အတွက် ကြန့်ကြာမှု၊ မအောင်မြင်မှု၊ အဆင်မပြေမှုတွေ ကြုံတွေ့ရပါတယ်"ဟု ၎င်းက ပြောသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လအတွင်းက အတည် ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ် ကာ ၂၀၁၅ ခုနှစ်၊ မေလအတွင်း ထပ်မံဖြည့်စွက်ခဲ့သည်။ ဥပဒေပုဒ်မ ၃၈ အရ မည်သူမျှ နိုင်ငံခြား သုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေဖြင့်လုပ်ကိုင်ခွင့်မရှိစေရန်၊ လိုင်စင်မရှိဘဲပစ္စည်းဝန်ဆောင်မှုကို နိုင်ငံခြားဒေါ်လာနှင့်လက်ခံခြင်း၊ ရောင်းဝယ်ခြင်းမည်သူမျှ လုပ်ခွင့်မရကြောင်း ဖော်ပြထားသည်။

တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ဥပဒေတွင် ပါရှိပြီးဖြစ်သည်။ ဒေါ်လာနှင့်သီးခြားဈေးနှုန်းဖော်ပြ ခြင်း၊ ဒေါ်လာနှင့် ကျပ် နှစ်မျိုးစလုံးလက်ခံ ခြင်း စသည့် လုပ်ငန်းများမှာ ရန်ကုန်မြို့ တွင်းရှိ နေရာအတော်များများတွင် ရှိနှင့်ပြီးဖြစ်သည်။

နိုင်ငံခြား သားများဝင်ရောက်မှုများသော လေကြောင်းလိုင်း၊ ခရီးသွား ကုမ္ပဏီများ၊ ဟိုတယ်၊ စားသောက်ဆိုင်များနှင့် ကျောက်မျက်ရတနာခန်းမများ စသည်တို့ တွင် အများဆုံးကြုံတွေ့နေရ ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ထို့ပြင် အိမ်ခြံမြေအဆောက်အအုံ၊ တိုက်ခန်း၊ ကွန်ဒို မီနီယံနှင့် မော်တော်ယာဉ်များငှားရမ်းခြင်း စသည်တို့ကိုလည်း ဒေါ်လာနှင့်ခွင့်ပြုထား ခြင်းမရှိကြောင်း ၎င်းက ပြောသည်။ ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ကုန်သွယ်မှုလိုငွေပြခြင်း၊ ,ဘတ်ဂျက်လိုငွေပြခြင်း စသည့်အခြေအနေအရပ်ရပ် များကြောင့် ပြည်တွင်းကျပ်ငွေဈေးမှာလည်း ကျဆင်းလျက်ရှိသည်။

သွင်းကုန်ကိုအဓိကအားထားနေသော လုပ်ငန်းအချို့ မှာလည်း ကုန်ချောများပြန်လည်ရောင်းချရာတွင် ငွေလဲနှုန်းကိုကာမိစေရန် ဒေါ်လာဖြင့် ပေးချေရန်ကြေညာလာကြခြင်းမှာဒေါ်လာငွေလဲနှုန်းပြန်လည် အားကောင်းလာချိန် ယမန်နှစ်နှောင်းပိုင်းမှစတင်၍ ပိုမိုတွင်ကျယ်လာခြင်းဖြစ်သည်။ "အခုအခြေ အနေမှာ မြန်မာနိုင်ငံ မှာက dollarization စနစ်နဲ့သွားလို့ ကတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ငွေကြေးတည်ငြိမ်မှုမရှိဘဲ ငွေတန်ဖိုးတွေ ဆက်တိုက်ကျလာနေပြီး ပို့ကုန်တန်ဖိုး ရေရှည်မှာလည်း တက်မလာဘူးဆိုရင် ကျပ်ငွေအပေါ်ယုံကြည်မှု နည်းသထက်နည်းလာပြီး ဒေါ်လာကို တွင်ကျယ်စွာ အသုံးပြုမှုအားကောင်းလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာကျပ်ငွေတန်ဖိုး မာလာအောင် လုပ်ဆောင်ဖို့အရေးထက် ကျပ်ငွေတန်ဖိုးဆက်မကျသွားဖို့ကို နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေရပါတယ်"ဟု ဦးဝင်းသော်က ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service