ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီက လူ နေထိုင်ခွင့်အတွက် အဆောက် အအုံ ၁,၃၀၀ ကျော်ကို ယခုနှစ် အတွက် ခွင့်ပြုပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အဆောက်အအုံ တည် ဆောက်ခွင့်ပါမစ်တွေကို မြန်မြန် ဆန်ဆန် ခွင့်ပြုပေးနေသလို လူ နေထိုင်ခွင့် ပါမစ်တွေကိုလည်း မြန်မြန်ဆန်ဆန် ခွင့်ပြုပေးနေပါ တယ်။ ရန်ကုန်မှာ အခန်းလိုအပ် ချက်က အရမ်းများနေလို့ပါ’’ဟု အင်ဂျင်ယာနှင့်အဆောက်အအုံဌာနမှတာဝန်ရှိသူတစ်ဦးကပြော သည်။
နှစ်စမှ ယခုကာလအထိခွင့် ပြုလိုက်သည့် အဆောက်အအုံ အရေအတွက် ၁,၃၀၀ ကျော်မှာ အမျိုးအစားစုံဖြစ်ပြီးကန်ထရိုက်တိုက်အချို့ငွေကြေးအခက်အခဲ ကြောင့် ဆက်မဆောက်နိုင်ဘဲရပ် ဆိုင်းထားရသဖြင့် လူနေထိုင်ခွင့်အရေအတွက် လျော့ကျသွားခြင်းဖြစ်သည်ဟုဆိုသည်။
လူနေထိုင်ခွင့်လျှောက်ထား မှုများထဲတွင် စည်းကမ်းချက်နှင့် မညီ၍ ဒဏ်ရိုက်ခံရသည့် ကန်ထ ရိုက်တိုက်များလည်းရှိပြီး အများ စုမှာ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ မြို့နယ်မှ လူနေတိုက်ခန်းများဖြစ် သည်ဟုသိရသည်။
လူနေထိုင်ခွင့်အတွက် ပြီးခဲ့ သည့်နှစ်က အဆောက်အအုံ ၃,၀၀၀ ကျော် ခွင့်ပြုခဲ့၍ ယခုနှစ် တွင် အဆိုပါ အရေအတွက်ကို ကျော်လွန်နိုင်ဖွယ် မရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီက ခန့်မှန်းထား သည်။ ‘‘ဘီစီစီ(လူနေထိုင်ခွင့်) လျှောက်တဲ့အခါ အရင်ကထက် စာရင် မြန်လာတယ်။ စည်းကမ်း တွေလည်း ပိုတင်းကျပ်လာတယ်။
ဒီနှစ်ထဲ တချို့ကန်ထရိုက်တွေက ဆက်ဆောက်ဖို့ အခက်အခဲရှိလာ လို့ ရပ်နားထားတော့ လူနေထိုင် ခွင့်ချပေးတာတွေ နည်းသွားတဲ့ သဘောပါ’’ဟု မြမြင့်မိုရ်ဆောက် လုပ်ရေးလုပ်ငန်းရှင်က ပြောသည်။
နောက်ပိုင်းတွင် ရန်ကုန် မြို့ တော်စည်ပင်သာယာရေးကော်မတီက လူနေထိုင်ခွင့် မတင်ဘဲ လူနေထိုင်ခြင်းများ တွေ့ရှိပါက မြို့နယ် လျှပ်စစ်နှင့် ပူးပေါင်း၍ လျှပ်စစ်မီတာ ချထားပေးခြင်းများ ရပ်ဆိုင်းသည်အထိ ပြင်းထန်သည့်အရေးယူမှုများ ပြုလုပ်နေ ကြောင်း အဆိုပါလုပ်ငန်းရှင်က ပြောသည်။
လူနေထိုင်ခွင့်အတွက် တစ် ပတ် ကြိုတင်ပြရပြီး စည်းကမ်း ဖောက်ဖျက်သည့် အခန်းများကို အရေးယူခြင်းမှာ မြို့တွင်းပိုင်းမှ တိုက်ခန်းများထက် မြို့စွန်တိုက် ခန်းများက ပိုမိုများပြားပြီး ဒဏ် ကြေးငွေမှာလည်း ပြီးခဲ့သည့်နှစ် ကထက် နှုန်းထားကိုပိုမိုမြှင့်ထား ကြောင်း ရွှေအိမ်ကမ္ဘာ
ဆောက် လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါ ရိုက်တာ ဦးစိုင်းမြင့်လွင်က ပြော ကြားသည်။
‘‘ကျွန်တော့်သူငယ်ချင်းကန် ထရိုက်တာတွေဆို လူနေထိုင်ခွင့် စောစောကျအောင် လုပ်လိုက် တာ ဒဏ်ကြေးငွေတွေတော်တော် ပေးလိုက်ရတယ်။ လျှပ်စစ်မီတာ ဖြတ်တာတို့၊ မချပေးတာတို့က တော့ တရားမ၀င်ဆောက်တဲ့သူ တွေကို လုပ်တယ်လို့တော့ ကြားဖူးတယ်’’ဟု ၎င်းကပြောသည်။
မြို့တော်စည်ပင် စာရင်းများအရ ယခုနှစ်တွင် ကန်ထရိုက်တိုက်များ တည်ဆောက်မှုမှာယခင်ထက် ထက်ဝက်ကျော်ကျဆင်းနေပြီး ရွေးကောက်ပွဲပြီးမှသာ
ပြန်လည် အားကောင်းလာနိုင်ကြောင်းခန့်မှန်းထားသည်။
Credit: 7Daydaily