တိုက်ခန်းတစ်ခန်း တန်ဖိုးကို ဒေါ်လာ (၃၂) သန်း အထိ သတ်မှတ်ထားတာကြောင့် အံ့အားသင့်စရာ ဖြစ်နေပါလိမ့်မယ်။ ဒီတိုက်ခန်း တစ်ခန်းဈေးနှုန်းဟာ ဆောက်လုပ်မပြီးခင် သတ်မှတ် ရောင်းချနေခြင်း ဖြစ်ပါတယ်။
ပြီးစီးဖို့ နောက်ထပ် အချိန် နှစ်နှစ်ကြာ ယူရမှာ ဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ တန်ဖိုးက ဒေါ်လာ (၃၂) သန်းအထိ ရှိနေတာကြောင့် ဒီတိုက်ခန်းဟာ ဒူဘိုင်းရဲ့ ဈေးအကြီးဆုံး တိုက်ခန်းအဖြစ် မှတ်တမ်း ၀င်သွားခဲ့ပါတယ်။
ပေးရတဲ့တန်ကြေးနဲ့ ထိုက်တန်မူရှိအောင် အကောင်းဆုံး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီတိုက်ခန်းကို ၀ယ်ယူလိုက်တာနဲ့ အဆုံးအစမရှိတဲ့ ရေကူးကန်ကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တိုက်ခန်းကို ပင်လယ်ကမ်းခြေနဲ့ အနီးကပ်ဆုံး နေရာမှာတည်ဆောက်ထားတာကြောင့် ဖြစ်ပါတယ်။ပင်လယ်ပြင်ကြီးကိုလှပစွာခံစားနိုင်အောင် မြင်ကွင်းကျယ်ပုံစံ ဖန်တီးထားခြင်း ဖြစ်ပါတယ်။
တိုက်ခန်းကို အမေရိကန် အခြေစိုက် ဗိသုကာကုမ္ပဏီက ဒီဇိုင်း ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။ ဒီတိုက်ခန်းကို (၂၅) ထပ်အမြင့်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
လေသာဆောင်တွေကို ကျယ်ကျယ်ဝန်းဝန်း ထားရှိကာ အိပ်ခန်း ရှစ်ခန်းအထိ ပါဝင်ပါတယ်။ ပြတင်းပေါက်က ကြည့်လိုက်တာနဲ့ ပတ်ဝန်းကျင် အလှအပတွေကို ထိတွေ့ခံစားနိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
မီးဖိုချောင်ကိုလည်း အထူးပြုလုပ်ပေးထားပြီး ကာယလေ့ကျင့်ရေးရုံ၊ ရုပ်ရှင်ရုံ၊ အလှပြင်ဆိုင်တွေကိုလည်း အဆောက်အဦတွင်းမှာ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
၂၀၁၇ မှာ ပြီးဆုံးမယ်လို့ ရည်မှန်းထားပြီး အနားယူ အပန်းဖြေသူတွေ အတွက် နှစ်သက်မယ့် တိုက်ခန်းမျိုး ဖြစ်ပါတယ်။ ဒူဘိုင်းမှာ အရင်က ဈေးအကြီးဆုံး တိုက်ခန်းက ဒေါ်လာ ( ၁၆ ဒသမ ၃) သန်း ဖြစ်ကြောင်း သိရပါတယ်။
ပင်လယ်ကမ်း ခြေအလှနဲ့ မြို့ပြအလှကို တစ်ပြိုင်နက် တည်းခံစားနိုင်အောင် တည်ဆောက်ထားတဲ့ ဒီတိုက်ခန်းဟာ ဈေးများပေမယ့် နှစ်သက်စရာ အလှအပတွေကြောင့် ချမ်းသာ သူတွေအတွက် အကောင်းဆုံး အပန်းဖြေနိုင်တဲ့ နေရာဖြစ်လာပါလိမ့်မယ်။
Credit: Messenger