လွှဲပြောင်းရန်ကျန်ရှိနေသည့် စက်မှုဇုန်နှစ်ခုကို စည်ပင်သို့ မကြာမီလွှဲပြောင်းရန်စီစဉ်နေ

လွှဲပြောင်းရန်ကျန်ရှိနေသည့် စက်မှုဇုန်နှစ်ခုကို စည်ပင်သို့ မကြာမီလွှဲပြောင်းရန်စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
19 Aug 2015 10:35 am တွင် တင်ခဲ့သည်
883 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်ပေါင်း ၂၈ ခုကို ၂၀၁၂ ခုနှစ်ကစတင်၍ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီသို့ မြေနှင့် မြေစီမံခန့်ခွဲ မှုများ လွှဲပြောင်းပေးလျက်ရှိသော်လည်း ပုဂ္ဂလိက ပိုင်စက်မှုဇုန်များဖြစ်သည့် ရွှေသံလွင် နှင့် ၀ါဝါ၀င်းစက်မှုဇုန်နှစ်ခုမှာ ကျန်ရှိနေသေးသည့်အတွက် ယင်းစက်မှုဇုန်နှစ်ခုကို စည်ပင်သာယာယာသို့ အမြန်လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ စည်ပင်သာယာကို လွှဲဖို့ ကျန်နေသေးတဲ့ ၀ါဝါ၀င်းနဲ့ ရွှေသံလွင်စက်မှု ဇုန်နှစ်ခုကိုလည်း လွှဲပေးဖို့လုပ်နေပါပြီ။ ၂၀၁၂ ခုနှစ်ကတည်းက ကျွန်တော်တို့စက်မှု ဇုန်တွေကို လွှဲပြောင်းပေးလာတာ ဒီနှစ်ခုက ကျန်နေသေးတယ်။ ဒါကြောင့် မကြာခင် လွှဲပေးဖို့ စီစဉ်နေပါပြီ။ ဒါပေမဲ့ ရက်အတိအကျပြောဖို့တော့ ခက်နေပါသေးတယ် " ဟု မြို့ပြနှင့် အိမ်ရာစီမံခန့်ခွဲရေးဦးစီးဌာန၏ မြေနှင့် အိမ်ရာဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က ပြောသည်။

ရန်ကုန်မြို့တွင် နိုင်ငံတော်အစီအစဉ်ဖြင့် ဖော်ထုတ်ခဲ့သည့် ပြည်သူများနှင့် အစိုးရ ၀န်ထမ်းများသို့ မြေကွက်များချထားပေးရန် ဖော်ထုတ်ခဲ့သည့်မြို့သစ်များကို ရန်ကုန် မြို့တော်စည်ပင်သာယာရေး၏ စီမံခန့်ခွဲမှု သို့ လွှဲပြောင်းပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စက်မှု ဇုန်များကို လွှဲပြောင်းပေးခဲ့သည်။ သို့သော် ယခုနောက်ပိုင်းတွင် စက်မှုဇုန် လွှဲပြောင်းမှု များအပြင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိသည့် မြေစီမံခန့်ခွဲမှု များကိုပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တိုက်ရိုက် မလွှဲပြောင်းတော့ ဘဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတစ်ဆင့် လွှဲပြောင်းပေးနေ ဆဲဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

"မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ရန်ကုန်က မြို့သစ်တွေရဲ့ မြေစီမံခန့်ခွဲတဲ့ကိစ္စအားလုံးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဘက်ကို ၁၉၉၂ ခုနှစ်နောက်ပိုင်းမှာ လွှဲပြောင်းပေးခဲ့တာ အခု ဌာနလက်အောက်မှာအိမ်ရာစီမံကိန်းတွေနဲ့ မြေကွက်တချို့ လွှဲပြောင်းဖို့ ကျန်သေးတယ်။ စက်မှုဇုန်တွေထဲမှာ ၀ါဝါ၀င်းနဲ့ ရွှေသံလွင် ကျန်သေးတာကြောင့် အမြန်ဆုံးလွှဲပြောင်းဖို့ စီစဉ်နေတာပါ" ဟု ဦးထွန်းမြင့်အောင်က ပြောသည်။

ယင်းကဲ့သို့ စက်မှုဇုန်များကို ၂၀၁၂ ခုနှစ်က စတင်၍ စည်ပင်သာယာရေး ကော်မတီသို့  မြေစီမံခန့်ခွဲမှုများကို လွှဲပြောင်းပေးအပ်ခဲ့ ပြီးဖြစ်သော်လည်း နှစ်နှစ်ကျော် သုံးနှစ်နီးပါး ခန့် ကြာမြင့်လာသည့်အထိ သိသာထင်ရှား သည့် ပြောင်းလဲမှုများမရှိသေးကြောင်း စက်မှု ဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

"ကျွန်တော်တို့ စည်ပင်ကိုစက်မှုဇုန်တွေ လွှဲလိုက်ပေမယ့်လည်း အခုအချိန်ထိ ထူးခြား တာတွေသိပ်မရှိဘူး။ အဲဒါကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ လုပ်နေရတာတွေရှိတယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကော်မတီ ဧရိယာအတွင်းရှိ စက်မှုဇုန်များကို ၂၀၁၂ ခုနှစ်ကစတင်၍ ယခင်က မြို့ရွာနှင့် အိုအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သို့အဆင့်လိုက် လွှဲပြောင်းပေးခဲ့ပြီး ၀ါဝါ၀င်း နှင့် ရွှေသံလွင်စက်မှုဇုန်နှစ်ခုကိုသာ လွှဲအပ်ရန် ကျန်ရှိနေဆဲဖြစ်သည်။

"စည်ပင်က လွှဲပြောင်းပြီးတဲ့ ဇုန်တွေရဲ့ကိစ္စကို ကျွန်တော်တို့လုပ်သလို၊ အိုးအိမ်က ကိုင်ထားတဲ့ စက်မှုဇုန်တွေရဲ့စီမံခန့်ခွဲမှုကို လည်း သူတို့ဘာသာလုပ်ပါတယ်။ ဇုန်တွေဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လည်း လုပ်ပေးနေပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးညီညီက ပြောသည်။

Credit; Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service