အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ

အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
19 Aug 2015 9:42 am တွင် တင်ခဲ့သည်
1157 ကြိမ် ကြည့်ရှု့ပြီး
၁။ ဗာဂျီးနီးယားရှိ သောမတ်စ်ဂျက်ဖာဆန်ရဲ့ မွန်တီရှယ်လို
၁၉၈၇ ခုနှစ်ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဂျက်ဖာဆန်ရဲ့ ၄၃ ခန်းပါ မွန်တီရှယ်လိုက နေအိမ်ဟာ အဆင့်တန်းမြင့်မြင့် ဂန္ထ၀င်မြောက် ဗိသုကာလက်ရာတွေထဲက ကျော်ကြားလှတဲ့ နမူနာလက်ရာတစ်ခု ဖြစ်ပါတယ်။ မွန်တီရှယ်လိုကို နှစ်လေးဆယ်အတွင်း အဆောက်အအုံတည်ဆောက်ဖို့ လိုအပ်တဲ့ ရင်းမြစ်တွေသုံးပြီး တည်ဆောက်လိုက် ပြုပြင်လိုက်နဲ့ ယနေ့အထိ ခိုင်ခံ့လာစေခဲ့တာပါ။ အဆောက်အအုံတွေတည်ဆောက်ရာမှာ သုံးလေ့ရှိတဲ့ သံချောင်းလေးတွေကိုတောင် ဒီနေရာမှာ ထုတ်လုပ်တာပါ။

၂။ ဗာဂျီးနီးယားရှိ ဂျော့ဂ်ျဝါရှင်တန်ရဲ့ Mount Vernon
ဝါရှင်တန်ရဲ့ ဂန္ထ၀င်ကိုလိုနီခေတ်အိမ်ဟာ ၁၇၃၅ ခုနှစ်က ၀ါရှင်တန်ဖခင်ကြီး သြဂတ်စတင်း တည်ဆောက်ခဲ့တဲ့ တစ်ထပ်ခွဲယာခင်းအိမ်အဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။ အခန်း ၂၁ ခန်းပါတဲ့ အဲ့ဒီအိမ်ကို ၄၅ နှစ်အတွင်း တည်ဆောက်ခဲ့တာဖြစ်ပြီး ဗြိတိန်ရေတပ်ဗိုလ်ချုပ် အက်ဒ်ဝါ့ဒ်ဗာနွန်ရဲ့ နာမည်ကို အစွဲပြုထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

၃။ နယူးယောက်မှာရှိတဲ့ ဂျွန်ဒီရော့ကာဖယ်လာရဲ့ ကီကွစ်
နယူးယောက်အထက်ပိုင်းမှာရှိတဲ့ ခြောက်ထပ်အိမ်ကြီးရခိုင်ဟာ ရော့ကာဖယ်လာ မျိုးဆက်လေးဆက်စလုံးအတွက် နေအိမ်ကြီးပါပဲ။ သမိုင်းအစဉ်အဆက်ထိမ်းသိမ်းမှုဆိုင်ရာ အမျိုးသားယုံကြည်မှုမှာ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ ကီကွစ်အိမ်ဟာ ကယ်လ်ဒါ၊ ပီကာဆိုနဲ့ ၀ါဟိုးတို့ရဲ့ အနုပညာလက်ရာတွေအပါအ၀င် အုပ်ချုပ်ရေးမှူး နယ်လ်ဆင် အေ ရော့ကာဖယ်လာရဲ့ ၂၀ ရာစု လက်ရာစုစည်းမှုတွေကို ထိန်းသိမ်းထားပါတယ်။

၎။ ပင်ဆယ်ဗေးနီးယားရှိ ဖရန့်ခ်လွိုက်ရိုက်ရဲ့ Fallingwater
ဖရန့်ခ်လွိုက်က Fallingwater အိမ်ကို ကုန်ပဒေသာဆိုင်ပိုင်ရှင် အက်ဂါဂျေကော့မန်းနဲ့ သူ့မိသားစုအတွက် ၁၉၃၅ ခုနှစ်မှာ ဒီဇိုင်းထွင်ဖန်တီးခဲ့တာပါ။ ပစ်ဘာ့ဂ်အပြင်ဘက် မိနစ် ၉၀ လောက်သွားရတဲ့ အကွာအဝေးမှာ တည်ရှိတဲ့ အဲ့ဒီအိမ်ဟာ အများပြည်သူမြင်ကွင်းကို ဖွင့်ပြတဲ့ တစ်အိမ်တည်းသော ရိုက် ဒီဇိုင်းထွင်တဲ့ အိမ်ပဲဖြစ်ပါတယ်။

၅။ အီလီနွိုက်စ်က မီးဗန်ဒါရိုဟီ ရဲ့ Farnsworth အိမ်
၁၉၄၅ ခုနှစ်မှာ မီးဗန်ဒါရိုဟီက ဒီဇိုင်းထွင်ခဲ့ပြီး ဒေါက်တာ အက်ဒစ်ဖန်းစ်ဝါ့သ်အတွက် ၁၉၅၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စတီးလ်တိုင်တွေနဲ့ တစ်ဆက်တည်း ချိတ်ဆွဲထားတဲ့ မှန်ချပ်တွေနဲ့ ကာရံထားတဲ့ အဲ့ဒီအိမ်ဟာ နိုင်ငံတကာ အဆင့်မြင့် ဗိသုကာ လက်ရာ ဥပမာတစ်ခုဖြစ်ပါတယ်။
၆။ ပင်ဆယ်ဗေးနီးယားရှိ ဂျော့ဂ်ျနာကာရှီးမားဝုဒ်ဝါကာ
နာကာရှီးမားဖန်တီးခဲ့တဲ့ ဒီကျေးလက်အိမ်ဝင်းမှာ အဆောက်အအုံပေါင်း ၁၄ ခုပါရှိပါတယ်။ ပုံမှာပြထားတဲ့ ပြခန်းအဆောက်အအုံကို ၁၉၅၄ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

၇။ ကွန်နက်တီကတ်ရှိ ဖိလစ်ဂျွန်ဆင်ရဲ့ ဖန်အိမ်
ဒီအဆောက်အအုံမှာ ဂျွန်ဆင်ဆိုတဲ့လူက ၁၉၄၉ ခုနှစ်ကနေ သူ မကွယ်လွန်မီ ၂၀၀၅ ခုနှစ်အထိ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုတော့ အဲ့ဒီအိမ်ကို နံဘေးက ၄၇ ဧက မြေယာရှုခင်းကို ကြည့်တဲ့ မျှော်စင်အဖြစ်အသုံးပြုပြီး ၂၀၁၄ ခုနှစ်က အနုပညာရှင် ဖူဂျီကိုနာကာယာရဲ့ မြူမှုန်အနုပညာပြကွက်ပြသရာနေရာလည်း ဖြစ်ခဲ့ပါတယ်။

၈။ ကယ်လီဖိုးနီးယားရှိ ရစ်ချတ်နျူထရာရဲ့ ကော့ဖ်မန်းအိမ်
၁၉၄၇ ခုနှစ်က တည်ဆောက်ခဲ့ပြီး Fallingwater အိမ်ကို အစိုးရတဲ့ လူအတွက်ပဲ အပန်းဖြေအိမ်အဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဖရန့်ခ်လွိုက်ရိုက်စီမံကိန်းထက်ကြိုတင် ၁၀ နှစ်ပိုစော ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ဗိသုကာပညာရှင် နျူထရာရဲ့ ဖော်ပြပါ ကော့ဖ်မန်းအိမ်ဟာ ခေတ်အမီဆုံး ဖန်နဲ့ စတီး ဒီဇိုင်းကြောင့် နာမည်ကြီးတာဖြစ်ပါတယ်။

၉။ ကယ်လီဖိုးနီးယားရှိ ဂျွန်လောက်နာရဲ့ Chemosphere
၁၉၆၀ ပြည့်လွန်နှစ်တွေက တည်ဆောက်ခဲ့တဲ့ အဋ္ဌဂံအိမ်ဟာ ဟောလိဝုဒ်တောင်ကုန်းအထက် ပေ ၃၀ အမြင့်ရှိ ငါးပေကျယ်တဲ့ကွန်ကရစ်ဝင်ရိုးစွန်းမှာ တည်ရှိပါတယ်။ Encyclopedia Bitannica ကတော့ ကမ္ဘာ့ခေတ်အမီဆုံးအိမ်အဖြစ် ဖော်ပြခဲ့ဖူးပြီး လက်ရှိမှာတော့ Benedikt Taschen ဆိုသူက ၂၀၀၀ ပြည့်နှစ်ကတည်းက ပိုင်ဆိုင်ထားပါတယ်။

၁၀။ ကယ်လီဖိုးနီးယားရှိ ၀ီလီယံရန်ဒေါ့ဖ်ဟာ့စ်ရဲ့ ဟာ့စ်ကတ်စ်တယ်လ်
ဥယျာဉ်တွေ၊ တန်းလျားတွေ၊ ရေကန်တွေနဲ့ လျှောက်လမ်းတွေရှိတဲ့ ၁၂၇ ဧကပေါ်မှာ ရှိတဲ့အဆောက်အအုံမှာ အခန်း ၁၆၅ ခန်းရှိပါတယ်။ ဂျော့ဂ်ျဟာ့စ်က စိုက်ပျိုးမြေ ဧက ၄၀,၀၀၀ ကို ၀ယ်ယူခဲ့တဲ့ ၁၈၆၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အိမ်ဖြူတော်မဟုတ်သည့် အကျော်ကြားဆုံး အမေရိကန်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service