လက်ရှိ ရန်ကုန်သည် နှစ် ၅၀ က စင်ကာပူနှင့် ဆင်တူနေ၍ စင်ကာပူ၏ နမူနာမှားများကို သင်ခန်းစာယူ ဖွံ့ဖြိုးအောင်လုပ်သင့်ဟု စင်ကာပူဆောက်လုပ်ရေး အကြံပေးကုမ္ပဏီပြောကြား

လက်ရှိ ရန်ကုန်သည် နှစ် ၅၀ က စင်ကာပူနှင့် ဆင်တူနေ၍ စင်ကာပူ၏ နမူနာမှားများကို သင်ခန်းစာယူ ဖွံ့ဖြိုးအောင်လုပ်သင့်ဟု စင်ကာပူဆောက်လုပ်ရေး အကြံပေးကုမ္ပဏီပြောကြား - Property News in Myanmar from iMyanmarHouse.com
11 Aug 2015 9:12 am တွင် တင်ခဲ့သည်
1406 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ကို ပြီးပြည့်စုံသည့် မြို့ပြဖွံ့ဖြိုးမှုပုံစံဖြစ်လာစေရန် အခြေခံအဆောက်အအုံကောင်းများ လိုအပ်နေပြီး နှစ်ပေါင်း ၅၀ ထက်မနည်း ပြန်လည်အချိန်ယူပြင်ဆင်ရဦးမည်ဟု စင်ကာပူ အခြေစိုက်ဆောက်လုပ်ရေးဆိုင်ရာ အကြံပေးကုမ္ပဏီ Sur-bana အမှုဆောင် အရာရှိချုပ် မစ္စတာ ဝေါင်ဟိုင်ဖိုင်းက ပြောကြားသည်။

‘‘ရန်ကုန်ရဲ့အခြေအနေက အရင်စင်ကာပူကို စတည်ထောင်တုန်းကလိုပဲ ဖြစ်နေတယ်။ ပုံစံတွေတော်တော်တူတယ်။ ဥပမာ အခုလို မြို့ထဲမှာ ရေကြီးတာတွေ၊ အခြေခံအဆောက်အအုံ မပြည့်စုံတာတွေကအတူတူပဲ’’ဟု မစ္စတာ ဝေါင်ဟိုင်ဖိုင်းက ပြောသည်။
လက်ရှိ ရန်ကုန်မြစ်ရေ၏ ပုံစံမှာလည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာက စင်ကာပူနိုင်ငံ၏မြစ်နှင့် ဆင်တူပြီး ရေဆိုးရေညစ်များဖြင့်သာ ဖုံးလွှမ်းနေကာ ယင်းပြဿသနာကို အချိန်ယူဖြေရှင်းရမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့သည့်စနစ်၊ မြို့တွင်းပိုင်း အခြေခံအဆောက်အအုံ အားနည်းသည့် စနစ်များကို အချိန်ယူဖြေရှင်းရမည်ဟု ၎င်းက ထောက်ပြသည်။

‘‘လမ်းတွေကို ဘေးကိုချဲ့နေတာ ရန်ကုန်မှာ တွေ့ရတယ်။ ဒါလည်း ကောင်းပါတယ်။ အဲဒီထက် ပိုကောင်းအောင် နှစ်ထပ်လမ်းတွေ
တိုးချဲ့လုပ်သင့်ပြီ’’ ဟု မစ္စတာဝေါင်က အကြံပြုသည်။ စင်ကာပူနိုင်ငံ၏ မြို့ပြစနစ်သည် ဖွံ့ဖြိုးမှု အားကောင်းခဲ့သော်လည်း လုပ်ဆောင်နေစဉ် အတွင်း အမှားများစွာဖြင့် ကြုံတွေ့ခဲ့ရသောကြောင့် ရန်ကုန်အနေဖြင့် ရှေ့တွင် နမူနာအမှားများ တွေ့ခဲ့သည့်
စင်ကာပူ၏ မြို့ပြစနစ်ကို သင်ခန်းစာယူ၍ အချိန်မီ လုပ်ဆောင်နိုင်ပါက အခွင့်အရေးရှိကြောင်း ၎င်းက သုံးသပ်သည်။

‘‘စင်ကာပူကို အမီလိုက်ဖို့ နှစ်ပေါင်း ၅၀ တော့ မလိုပါဘူး။ ကျွန်တော်တို့ဆီမှာ စီမံခန့်ခွဲမှု အားနည်းလို့ မြို့ပြစနစ်က
ဖွံ့ဖြိုးသင့်လျက်နဲ့ မဖွံ့ဖြိုးခဲ့တာ’’ဟု မြို့ ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်က ၎င်း၏အမြင်ကို ပြောသည်။

ယခင် ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် မြို့ပြစနစ်မှာ စနစ်ကျခဲ့သော်လည်း မြို့တွင်းလူဦးရေ များပြားလာခြင်း၊
အခြေခံအဆောက်အအုံများ ထပ်မံအဆင့်မြင့်တင်နိုင်ခြင်း မရှိသောကြောင့် နောက်ကျကျန်ခဲ့ခြင်းသာ
ဖြစ်သည်ဟုဆိုသည်။

စင်ကာပူသည် ယခင်က ရန်ကုန်ကို အားကျ အတုယူခဲ့ရ သည့် မြို့ဖြစ်၍ အစိုးရဘက်က စိတ်အားထက်သန်စွာ အချိန်မီလုပ်ဆောင်ပါက ရန်ကုန်သည် အချိန်တိုအတွင်း စင်ကာပူကို အမီလိုက်နိုင်ကြောင်း ၎င်းက သူ၏အမြင်ကို
ပြောသည်။

မြန်မာနိုင်ငံမှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များကိုယ်တိုင် ရန်ကုန်အပါအဝင် အခြားမြို့ရွာများကို စင်ကာပူနိုင်ငံကဲ့သို့ မြို့ပြဖွံ့ဖြိုးမှုပုံစံ ပြုလုပ်ရန် မကြာခဏ
ပြောကြားခဲ့သော်လည်း လက်တွေ့တွင်ဖြစ်ပေါ် လာခြင်းမရှိ၍ ဝေဖန်ခံခဲ့ရသည်။
စင်ကာပူအခြေစိုက် Sur-bana ကုမ္ပဏီသည် လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ရန်ကုန်၏အကြီးမားဆုံးအိမ်ရာ စီမံကိန်း ဖြစ်လာနိုင်သည့် ရတနာနှင့် သရဝဏ်အိမ်ရာတို့တွင် ဆောက်လုပ်ရေးဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်နေသည်။

ထို့အပြင် ကန်တော်ကြီး ငါးဥယျာဉ် မြန်မာ့အဏ္ဏဝါပြတိုက် တည်ဆောက်ခြင်းတွင်ပါဝင်ပြီး ဒီဇိုင်းပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်း၌ တာဝန်ယူထားသည့် ကုမ္ပဏီဖြစ်သည်။ အရှေ့မြင်းပြိုင် ကွင်းလမ်းမှ ယခင်အမျိုးသားစာကြည့်တိုက်ဟောင်း ပိုလိုကလပ်ရက်ဆီးဒင့် ၏ စီမံကိန်းဒီဇိုင်းများရေးဆွဲခြင်း နှင့် စီမံကိန်းဆောင်ရွက်မှု အစအဆုံးတွင် ပါဝင်ထားသည့် ကုမ္ပဏီ ဖြစ်သည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service