ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်များ၌ အဆောက်အအုံ ဆောက်လုပ်မှု စည်းကမ်း သတ်မှတ်

ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်များ၌ အဆောက်အအုံ ဆောက်လုပ်မှု စည်းကမ်း သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
6 Aug 2015 11:11 am တွင် တင်ခဲ့သည်
1135 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်း မြို့လယ်ကောင် ခြောက်မြို့နယ် မှအပ ကျန်မြို့နယ်များတွင် ပေ ၄၀x၆၀
မြေကွက်များပေါ်၌ အမြင့်ဆုံး ရှစ်ထပ်အထိ ရှိသည့် အဆောက်အအုံများ ဆောက်လုပ်ပါက
အဆောက်အအုံဘေး ၀ဲ၊ ယာမြေတွင် အနည်းဆုံး သုံးပေချန်ကာ ဆောက်လုပ်ရန် ပြောင်းလဲ
သတ်မှတ်ခဲ့ပြီး လာမည့် စက်တင်ဘာ ၁ ရက်တွင် စတင်လိုက်နာရမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က
သတင်းထုတ်ပြန်ခဲ့သည်။

ယခင်က အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနကဘေး ၀ဲ၊ ယာ မြေတွင် တစ်ပေခန့်ချန်
ကာရှစ်ထပ်အောက်အဆောက်အအုံများကို
ဆောက်လုပ်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင်
ပတ်ဝန်းကျင်နေထိုင်သူများ ကန့်ကွက် မှုများ များလာခြင်းကြောင့် သုံးပေထိ တိုးမြှင့်
သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ဌာနတာဝန် ရှိသူများက ပြောသည်။

"မြေချန်တစ်ပေပဲသတ်မှတ်တာ နောက်ပိုင်းမှာ ကန့်ကွက်ချက်တွေများလာတယ်။ ပြီးတော့ တစ်ပေကကျဉ်းတော့ဆောက်လုပ် ရင်းနဲ့ တစ်ခုခု အမှားအယွင်းရှိသွားရင် ရှင်းရ ခက်တယ်။ အဲဒါကြောင့်
ပိုအဆင်ပြေသွား အောင်အခုသုံးပေကို ပြောင်းလဲသတ်မှတ် လိုက်တာပါ။ ဒါပေမဲ့သုံးပေပြောင်းလဲ သတ်မှတ်တာက လာမယ့်စက်တင်ဘာလမှာ ဌာနကို လာလျှောက်တဲ့
အဆောက်အအုံတွေကို စပြီးသတ်မှတ်မှာပါ။ မတိုင်ခင်တင်ထားတဲ့ ဆောက်လုပ်ခွင့်
လျှောက်လွှာတွေကတော့ အရင် တစ်ပေနဲ့ပဲ ခွင့်ပြုသွားမှာပါ" ဟု အင်ဂျင်နီယာ (အဆောက်အအုံ)
ဌာန၏ ဌာနမှူး ဦးသန်းဌေးက ပြောသည်။

ယင်းကဲ့သို့ အမြင့်ဆုံး ရှစ်ထပ်ရှိသည့်အဆောက်အအုံများ ဆောက်လုပ်သည့်အခါတွင် မြေချန်သုံးပေချန်ရန် သတ်မှတ်ထားခြင်း သည် ပေ ၄၀x၆၀ ကျယ်ဝန်းသည့် မြေပြင် ပေါ်တွင် ဆောက်
လုပ်မည့် အဆောက်အအုံများသာဖြစ်ပြီး ပေ ၃၉x၆၀ နှင့် ပေ ၂၆x၅၀ ကြားကျယ်သည့်
မြေပေါ်တွင် ဆောက်လုပ် ပါက တစ်ပေခွဲစီချန်ကာ ဆောက်လုပ်ရ မည်ဖြစ်ပြီး ပေ ၂၅x၅၀
မြေများပေါ်တွင်မူ မြေတစ်ပေသာချန်ရန် သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"ပေ ၄၀x၆၀ မြေကွက်တွေပေါ်မှာ ရှစ်ထပ် အမြင့်ဆုံးရှိတဲ့ အထပ်မြင့်အဆောက်အအုံဆောက်မယ်
ဆိုရင် သုံးပေချန်တာ ဖြစ်သင့် ပါတယ်။ အဲဒါမှ အဲကွန်းတပ်တာတို့၊ ပြတင်း ပေါက်ထည့်တာတို့
အတွက်က ပိုအဆင်ပြေတာပေါ့။ မဟုတ်ရင် တစ်ဖက်က အဆောက်အအုံနဲ့ အဆင်မပြေတာတွေဖြစ်လာပြီး သူတို့ကကန့်ကွက်လာရင် ဆောက်မယ့်သူ တွေလည်း
နှောင့်နှေးတယ်။ဒါကြောင့် အများဆုံး သုံးပေထိချန်ဖို့ကို သတ်မှတ်လိုက်တာပါ" ဟု ဦးသန်းဌေးက ပြောသည်။

ထို့ပြင် ယခုနောက်ပိုင်း အဆောက်အအုံ များဆောက်လုပ်သည့်အခါတွင် လူနေသိပ်
သည်းမှုနှင့် အဆောက်အအုံသိပ်သည်းမှု တို့ကို ထိန်းချုပ်သည့်အနေဖြင့် (ပေ ၄၀x၆၀)
အောက် မြေကွက်များပေါ်တွင် နှစ်ခန်းတွဲထက်မပိုသော အဆောက်အအုံများကိုသာ
ဆောက်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း အဆိုပါ ဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ
ဒေါ်တင်တင်ကြည်က ပြောသည်။မြို့လယ်ကောင်မြို့နယ်များတွင်မူ အထပ် မြင့်အဆောက်
အအုံများ ဆောက်လုပ်ပါက မြေအပြည့်ဆောက်လုပ်နိုင်ပြီး ယင်းကဲ့သို့ ဆောက်လုပ်နိုင်ခြင်းမှာ
မြို့လယ်ဧရိယာ များ၏ မြို့ပြ ဒီဇိုင်းများမှာ ကိုလိုနီခေတ် မြို့ကွက်များဖြစ်သောကြောင့် မြေချန်
ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

"မြို့လယ်နေရာတွေက မြေအပြည့် ဆောက်လုပ်ရတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုလိုနီခေတ်က သူတို့တွေဆွဲခဲ့တဲ့ဒီဇိုင်းကိုက ဆောက်လုပ်လို့ရတဲ့ပုံစံဖြစ်နေတော့ မြေ မချန်ဘဲ ဆောက်လည်း
ဘာမှမဖြစ်ဘူး။ ပြီးတော့ မြေမချန်ဘဲဆောက်တဲ့ အဆောက် အအုံတွေရဲ့ အားသာချက်က
ပြတင်းပေါက် မပါတော့ မီးလောင်တာဖြစ်ခဲ့ရင် ဘေး အဆောက်အအုံတွေကို မီးမကူးနိုင်ဘူး" ဟု
ဒေါ်တင်တင်ကြည်က ပြောသည်။

ထို့ပြင် လက်ရှိရန်ကုန်မြို့၏ ရှစ်ထပ်နှင့် အထက်
အထပ်မြင့်အဆောက်အအုံများကိုမူ အထပ်မြင့် အဆောက်အအုံစီမံကိန်းများ အမြင့်
သတ်မှတ်ချက်ကော်မတီ (Committee for Quality Control of Highrise Building Project)က
အထပ်မြင့်အဆောက်အအုံများ ၏ မြေချန်များကို သတ်မှတ်ပေးသည်။ မြို့နယ်များတွင် ပေ ၄၀x၆၀
မြေများကို မြေချန် သုံးပေအထိသတ်မှတ်လိုက်ခြင်း သည် ကောင်းမွန်သော်လည်း ဆောက်လုပ်
ရေး လုပ်ငန်းများအတွက် အခက်အခဲ ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

"တကယ်တမ်းကျတော့ ပေ ၄၀x၆၀ ဆိုတာ သိပ်ကျယ်တဲ့ မြေမဟုတ်ပါဘူး။ အဲဒါကို တစ်ဖက်
သုံးပေစီချန်ရင် အဆောက်အအုံက ကျဉ်းသွားမယ်။ ပြီးတော့ ကန်ထရိုက်တွေနဲ့ မြေရှင်တွေနဲ့
တစ်ခြမ်းပေး တစ်ခြမ်းယူ ဆောက် တာမျိုးဆိုရင် အဆင်မပြေတာတွေ ဖြစ်နိုင် ပါတယ်။
အခုနောက်ပိုင်းက ဆောက်လုပ်ရေး ကလည်း အေးတယ်။ အိမ်ခြံမြေဈေးကွက်ကလည်း
ငြိမ်နေတော့ ပိုဆိုးပါတယ်" ဟု ဆောက် လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၁၂ထပ်ဆောက်သည့် အဆောက်အအုံများမှာလည်း ဘေးတစ်ဖက်စီ ခြောက်ပေချန် ဆောက်ရမည်ဖြစ်ပြီး ကားပါကင်အတွက် လည်း ကားတစ်စီးလျင် ၈x၁၆ ပေ အကျယ်အ၀န်း ထားရှိ
ရသည့်အတွက်အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ရာတွင် လုပ်ငန်းရှင်များအတွက်အဆင်မပြေကြောင်း ၎င်းကပြောသည်။

Credit: Myanmartimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service