၂၀၁၅ မကျော်ခင်အထိ ကြိုပွိုင့် အခန်းများဝယ်ယူခြင်းကို ရှောင်ရှားသင့်

၂၀၁၅ မကျော်ခင်အထိ ကြိုပွိုင့် အခန်းများဝယ်ယူခြင်းကို ရှောင်ရှားသင့် - Property News in Myanmar from iMyanmarHouse.com
10 Jul 2015 11:29 am တွင် တင်ခဲ့သည်
642 ကြိမ် ကြည့်ရှု့ပြီး
ယခုအခါတွင်လည်း ရွေးကောက်ပွဲနီးပြီဖြစ်သည့်အတွက်လည်းယခုလက်ရှိ မြန်မာအိမ်ခြံမြေဈေးကွက်သည် စောင့်ကြည့်ကာလတွင်ရှိနေသည့်အတွက်အရောင်းအဝယ်ပါးလျက်ရှိသည်။ ယင်းမှာလည်း နိုင်ငံရေး အခြေ အနေတည်ငြိမ်မှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အောင်မြင်မှုရရှိမည်ဖြစ်သည်။

အဘယ့် ကြောင့်ဆိုသော နိုင်ငံရေးအခြေအနေသည် နိုင်ငံအတွင်း ကိစ္စအဝဝကို ပြောင်းလဲစေနိုင်သည့် တိုက်ရိုက် အချိုးကျသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထို့ကြောင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလိုအပ်ပါက နိုင်ငံရေးအ ခြေအနေတည်ငြိမ်ရန်လည်း အထူးလိုအပ်ပေသည်။
လက်ရှိ မြန်မာနိုင်ငံသည်လည်း နိုင်ငံအုပ်ချုပ်ရေးယန္တယားတစ်ခုသို့ ပြောင်းလဲကျင့်သုံးလာသည်မှာ နှစ်အနည်း ငယ်သာရှိသေးသည်။

ရွေးကောက်ပွဲမှာလည်း နီးကပ်နေပြီလည်းဖြစ်သည်။ ထို့အတွက်လည်း ပြည်တွင်း ဈေးကွက်စီးပွားရေးတစ်ရပ်လုံး ငြိမ်သက်နေခြင်းဖြစ်သည်။ ယခုလပိုင်းအတွင်း ထူးခြားလာသည်မှာအထက် မြင့်အဆောက်အဦးတည်ဆောက်ခြင်းနှင့် ကန်ထရိုက်တာများခြေရှုပ်လာခြင်းပင်ဖြစ်သည်။ ရန်ကုန်မြို့ စည်ပင် သာယာနယ်နိမိတ်အတွင်း ခြံပိုင်ရှင်၊ မြေပိုင်ရှင်များကိုကန်ထရိုက်တာများမှအကျိုးတူပူးပေါင်း၍ကန်ထရိုက်တိုက်များ ဆောက်လုပ်ရန် ရေလာမြောင်ပေးပြုလုပ်မှုများ၊ကန်ထရိုက်တိုက်များဆောက်လုပ်ရန် မြေနေရာဝယ် ယူမှုများ ပိုမိုများပြားလာခဲ့ကြောင်း ကြားနေရသည်။

ထိုနည်းအတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီတွင်လည်းအထပ်မြင့်တည်ဆောက်ခွင့်လျှောက်ထားမှုများမြင့်တက်လာခဲ့သလို တည်ဆောက်နေသော အထပ်မြင့် အဆောက်အဦးများမှာလည်း များသထက်များလာခဲ့သည်။ ယင်းနောက်ကွယ်မှအကြောင်းအရင်းမှ ရွေးကောက်ပွဲပင်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင်မည်သို့မည်ပုံလာမည်ကို မသိ၍ကန်ထရိုက်တာများမှာယခုကျန်သေးသည့်အချိန်အတွင်း တည်ဆောက်ခွင့်များကိုလျှောက်ထားခြင်းဖြစ်ကာ စည်ပင်မှလည်းတည် ဆောက်ခွင့်ချထားပေးလျက်ရှိသည်။ အသေအချာ စိစစ်ပြီး ချထားပေးခြင်း ရှိ၊မရှိကိုမှု သတိပြုရမည်လည်းဖြစ် သည်။

“မြို့တော်စည်ပင်ကလည်း နောက်တပ်မယ့် မြို့တော်ဝန်နဲ့ ဘယ်လိုဘယ်ပုံ စခန်းသွားရမယ်ဆိုတာ မသိတော့ ကန်ထရိုက်တိုက်ဆောက်လုပ်မှုလုပ်ငန်းတွေကိုဖြေလျော့ပေးပြီး ဆောက်ခွင့်ပေးတာတွေတွေ့လာရ တယ်။ အခုတစ်ချို့ အဆောက်အဦးဒီဇိုင်းတွေဆို Photoshop နဲ့ပြင်ပြီးတင်တာတွေ့လာရတယ်။ ဒီလိုပုံစံနဲ့ပဲ အထပ်မြင့် အဆောက်အအုံတည်ဆောက်ခွင့်ကို လျှောက်ပြီး ဆောက်လုပ်ဖို့စီစဉ်နေကြတာတွေ့နေရတယ်” ဟု ကန်ထရိက်တာတစ်ဦးကလက်ရှိကန်ထရိုက်တာလောကနှင့် ၂၀၁၅ရွေးကောက်ပွဲနီး မြန်မာအိမ်ခြံမြေ ဈေးကွက်ကို သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ နည်းမျိုးများဖြင့် ကန်ထရိုက်တိုက်များကို တည်ဆောက်လာမှုများကြောင့် ပြည်တွင်းကန်ထရိုက် တိုက်ဝယ်ယူလိုသူများအနေဖြင့်အထူးသတိပြုရမည်လည်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အဆောက်အဦး တည်ဆောက်ခွင့်ကို အသေချာ စိစစ်ခြင်းမရှိဘဲ ချထားပေးသည်များရှိခဲ့ပါကခိုင်ခန့်မှုနှင့် ရေရှည်နေထိုင်နိုင်ရန်ခိုင်ခန့်မှုမရှိပါကဝယ်ပြီးမှ နောင်တရစရာများကြုံလာစရာရှိသည်။

ပုံမှန်အားဖြင့် ကန်ထရိုက်တိုက်တစ်လုံး တည်ဆောက်ချိန်သည် အများဆုံး တစ်နှစ်ဟုဆိုကြလျှင် ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်တက်လာမည့် အစိုး ရ၏ မှုဝါဒအပြောင်းအလဲများရှိလာနိုင်သည့်အတွက်ကြောင့် ယခင်ချထားပေးသည့် ကန်ထရိုက်တိုက်များတွင် မပြီးပြတ်သေးသည့် တိုက်များရှိလာပါက အာမခံချက်မရှိနိုင်ပေ။

ထို့အတွက်ကြောင့် ပြည်တွင်းရှိကန်ထရိုက်တိုက်ဝယ်ယူမည့်သူများ အနေဖြင့် လက်ရှိကာလအနေအထားများကြောင့် ကြိုပွိုင့်တိုက်ခန်းများဝယ်ယူရန်ထက်အသင့်နေတိုက်ခန်းများကို ပိုမိုဝယ်ယူသင့်ပေသည်။

ယင်းအသင့်နေတိုက်ခန်းများမှာ ကြိုပွိုင့် အခန်းများ ထက်ဈေးနှုန်းသက်သာလေသည်။ ထိုသို့မှ မဟုတ်လျှင် ကြိုပွိုင့်တိုက်ခန်းကိုသာမဖြစ်မနေဝယ်ယူရမည်ဆိုပါက စာချုပ်ပါအချက်အလက်များကိုအထူးဂရုပြုသုံးသပ်သင့်ပေသည်။

ထို့အပြင် ရွေးကောက်ပွဲအလွန်အိမ်ခြံမြေ ဈေးကွက်အနေအထားတွင်လည်း ခြံမြေထက် ကန်ထရိုက်တိုက်ခန်း များမှာ ပိုမိုဈေးမြင့်တက်လာနိုင်ပေသည်။ “ ကျွန်တော်အထင် ၂၀၁၅ရွေးကောက်ပွဲအလွန်မှာ မြေဈေး မတတ် နိုင်ဘူး။ ကျလာနိုင်တယ်။ ဘာဖြစ်လို့ လဲဆို တော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အနေနဲ့ အစိုးရကဖြေလျှော့မှု နည်းမျိုးစုံနဲ့ ဖြေလျော့ပေးလိမ့်မယ်။

အဓိကကတော့ကန်ထရိုက်တိုက်တည်ဆောက်ခွင့် တွေပေါ့။ ကန်ထရိုက်တိုက် တည်ဆောက်မှုများလာရင် ကန်ထရိုက်တိုက်ခန်းတွေများလာမယ်။ အရင်က အိမ်တစ်လုံးမှာ မိသားစုနှစ်သာနေနိုင်ပေမဲ့ အခုကန်ထရိုက်တွေကြောင့် အဲ့မြေကွက်မှာပဲ မိသားစုရှစ်စုကနေ ဆယ့်နှစ်စုထိနေနိုင်နေပြီ၊ ဒီလိုဆိုရင် မြို့တွင်းလိုနေရာမှာတင် ဈေးအရမ်းကြီးတဲ့ မြေကို မဝယ်တော့ဘဲ တိုက်ခန်းတွေကိုပိုမိုဝယ်ယူလာကြလိမ့်မယ်။
အဲ့အချိန်ရောက် မြေကွက်ကဝယ်လိုအား လျော့လာတဲ့အတွက် ဈေးကျလာနိုင်တယ်”ဟုမြို့ ပြအင်ဂျင်နီယာတစ်ဦးကဆိုခဲ့သည်။ ယင်းအချက်အလက်မှာလည်း ဖြစ်နိုင်ချေ များသည်။

အကယ်၍ မြေဈေးကစားသူနည်းပါးသွားလျှင် မြန်မာနိုင်ငံအတွင်း မြေဈေးနှုန်းကျဆင်းခြင်းကို ၂၀၁၀ နှောင်းပိုင်း ပထမဦးဆုံအချိန်တွေ့မြင်လာဖွယ်လည်းရှိလေသည်။ သို့သော် ယခုအချိန်တွင်မှု မြန်မာနိုင်ငံ အိမ် ခြံမြေဈေးနှုန်း ဝယ်လိုအား၊ရောင်းလိုအားနှင့်တိုက်ရိုက်အချိုးမကျဘဲ ဈေးကစားသူ၊စီမံကိန်းနှင့်အိမ်ခြံမြေသိုလှောင်သူတို့ကြောင့်သာ ပြည်တွင်း အိမ်ခြံမြေဈေးနှုန်းများ အတက်၊အကျ ကြမ်းလျက်ရှိနေသည်။

ထို့အပြင် နိုင်ငံရေး ရေပြင်မတည်ငြိမ်သေးသည့်အချိန်တွင် ကြိုပွိုင့်အခန်းများ ဝယ်ယူခြင်းမှာ အရဲစွန့်ရာကျလှသည်။
အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော ကြိုပွိုင့်တိုက်ခန်းများဖြင့်လင့်ကစား ဝယ်ယူသူအနေနဲ့ အသေအချာ စိစစ်ရွေးချယ်သင့်ပေသည်။ မိမိနေအိမ်အဖြစ် ရည်ရွယ်ထားသည့် တိုက်ခန်းအတွက် စိုးရိမ်ပူပန်မှု မရှိစေရန်အချက်အလက်များကိုစိစစ်၍ ရွေးချယ်ဝယ်ယူသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။


လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service