ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် ကုမ္ပဏီများကို နောက်ဆုံးအဆင့် ရွေးထားပြီးဖြစ်သော်လည်း ညှိနှိုင်းမှုအဆင်မပြေပါက လုပ်ကိုင်ခွင့်ပေးမည် မဟုတ်

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် ကုမ္ပဏီများကို နောက်ဆုံးအဆင့် ရွေးထားပြီးဖြစ်သော်လည်း ညှိနှိုင်းမှုအဆင်မပြေပါက လုပ်ကိုင်ခွင့်ပေးမည် မဟုတ် - Property News in Myanmar from iMyanmarHouse.com
5 Jun 2015 9:49 am တွင် တင်ခဲ့သည်
1192 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက် ရေး လုပ်ကိုင်မည့်ကုမ္ပဏီများကို နောက်ဆုံး
ရည်ရွယ်အဆင့်ရွေးချယ်ထားပြီးဖြစ်သော် လည်း နှစ်ဖက်ညှိနှိုင်းမှုများ အဆင်မပြေပါက
လုပ်ကိုင်ခွင့်ပေးသွားမည်မဟုတ်ဘဲဆက်လက်တင်ဒါခေါ်ယူသွားမည်ဟု၎င်းစီးပွားရေးဇုန်စီမံခန့်ခွဲရေး
ကော်မတီအဖွဲ့ဝင်ဦးသန်းမောင်ကမြန်မာတိုင်း(မ်)ကို ပြောသည်။

လုပ်ကိုင်ခွင့်ပေးအပ်သွားရန် နောက်ဆုံး အဆင့် ရည်ရွယ်ထားသည့် ကုမ္ပဏီများ၊ ဇုန် စီမံခန့်ခွဲရေးကော်မတီ
အဖွဲ့များအကြား ညှိနှိုင်း ဆွေးနွေးခြင်းကို ယခု ပြီးခဲ့သည့်လလယ်ပိုင်း က နေပြည်တော်၌ ဆောင်ရွက်ခဲ့ပြီး
ဖြစ်သည်။

"တကယ်ပေးမယ်လို့ စီစဉ်ထားတဲ့ ကုမ္ပဏီ တွေကို နောက်ဆုံးရည်ရွယ်အဆင့်အနေနဲ့ ရွေးထားပြီးပါပြီ။ဒါပေမဲ့ နှစ် ၅၀ စာ လုပ်ပိုင် ခွင့်ကို သေသေချာချာမညှိနှိုင်းဘဲနဲ့ ပေးလိုက် ရင် ဒေသအတွက် နစ်နာမှာစိုးရတယ်။
ညှိနှိုင်း လို့ အဆင်မပြေရင် ရပ်ထားမှာရမှာပါ" ဟု ဦးသန်းမောင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည် ဆောက်ရန် တင်ဒါခေါ်ယူရာတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ကုမ္ပဏီပေါင်း
၃၀ ကျော်က တင်ဒါတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခင်က ၎င်းစီးပွားရေးဇုန်ကို ယခုနှစ်အတွင်း တည်ဆောက်ရေး
လုပ်ငန်းများစတင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော်လုပ်ကိုင်ခွင့်ပေးအပ်ရန် နောက်ဆုံးရည်ရွယ်ထား
သည့်လုပ်ငန်းများနှင့် ညှိနှိုင်းမှုအဆင်မပြေပါက တည်ဆောက်ရေးလုပ်ငန်း များ စတင်နိုင်မည့်ကာလပင် ထပ်မံနှောက်နှေးသွားနိုင်ဖွယ်ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ကနဦးတည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာသင်္ဘောများဆိုက်ကပ်နိုင်သော ဆိပ်ကမ်း၊ ကုန်ထုတ်လုပ်ငန်းများပါဝင်မည့်စက်မှုဇုန် တည်ထောင်ခြင်းနှင့် လူနေ အိမ်ရာ တည်ဆောက်ခြင်း စသည့် စီမံကိန်း သုံးရပ်ကို လုပ်ဆောင်
သွားမည်ဖြစ်သည်။

ထို့အတွက် တင်ဒါယှဉ်ပြိုင်သူများသည် စီမံကိန်း သုံးခုစလုံးတွင် ၀င်ရောက်ယှဉ်ပြိုင် ထားသည့် ကုမ္ပဏီများနှင့်
စီမံကိန်းနှစ်ခုကိုယှဉ်ပြိုင်ထားသည့် ကုမ္ပဏီများပါဝင်သည်ဟု ၎င်းကပြောသည်။ "လောလောဆယ်မှာ
နှစ်ဖက်အကျိုး ကျေးဇူးကို ညှိနှိုင်းရမှာဖြစ်တဲ့အတွက် ရည် ရွယ်အဆင့်မှာပါတဲ့ ကုမ္ပဏီတွေကို ထုတ်ပြောဖို့
မဖြစ်သေးပါဘူး။ ညှိနှိုင်းမှု အောင်မြင်ပြီးတော့မှ ထုတ်ပြန်ပေးမှာပါ။ မအောင်မြင် ရင်တော့ တင်ဒါပြန်ခေါ်မှာလားကျန်ခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ဆက်ညှိမလား ဆိုတာက စဉ်းစားဆဲသာဖြစ်ပါတယ်" ဟု ဦးသန်းမောင် ကပြောသည်။

၎င်းစီးပွားရေးဇုန်သည် စက်မှုလုပ်ငန်း များ တည်ဆောက်ရန် မြေဧရိယာတစ်ခု တည်းပင် ၆၁,၇၇၉ ဧကရှိကာ၂၀၂၅ ခုနှစ် တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရန်လျာထားကာကနဦးတည်ဆောက်ရေးလုပ်ငန်းများတွင်ပင်'ကန်'ဒေါ်လာ ၂၂၇ သန်း ကျော် ကုန်ကျမည်ဟု ဇုန်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းက တရားဝင် ပြောကြား ထားပြီးဖြစ်သည်။Myanmar Kyut Phyu Holding Public အတွင်းရေးမှူး ဦးတင်အောင်က"တင်ဒါရွေးချယ်မှုက နောက်ဆုံးအဆင့်
ရောက်နေပြီလို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကုမ္ပဏီကလည်းလုပ်ငန်းစတင်ဖို့အတွက် ရှယ်ယာတွေကို ထုတ်ပြီး ရောင်းတော့မှာပါ" ဟု ပြောသည်။

မြန်မာနိုင်ငံတွင်ထားဝယ်အထူးစီးပွား ရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် သီလ၀ါအထူးစီးပွားရေးဇုန်
စီမံကိန်းများ ရှိသော်လည်း ၎င်းတို့အနက် သီလ၀ါ အထူး စီးပွားရေးဇုန် တစ်ခုတည်းသာ ကုန်ထုတ် လုပ်ငန်းများ
လည်ပတ်နိုင်ရန် ပြင်ဆင်သည့်အနေအထားသို့ ရောက်ရှိလာခြင်းဖြစ် သည်။ ထားဝယ်အထူးစီးပွားရေးဇုန်သည်
တည်ဆောက်လုပ်ငန်းများကို ရပ်ဆိုင်းထား သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ပထ၀ီမြေအနေအထားအရအိန္ဒိယနိုင်ငံ အရှေ့ ပိုင်း ဒေသများနှင့်တရုတ်နိုင်ငံအနောက် တောင်ပိုင်း ဒေသများအတွက် အဓိက ရေလမ်းကုန်စည်ကူးသန်းမှု ထွက်ပေါက် ဖြစ်လာနိုင်သည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service